Connect with us

Europe

ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ထားစဉ် နယူးဇီလန်နိုင်ငံ အနောက်အော့ကလန်ဒေသရှိလူများကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရ

နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်းဆွယ်၌ ရေလွှမ်းမိုးနေသည်ကို ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၄ ရက်က ရဟတ်ယာဉ်ပေါ်မှ ရိုက်ကူးထားသော ဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- High Country Helicopters/Handout via Xinhua)

အော့ကလန်၊ နယူးဇီလန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ အနောက်အော့ကလန်ဒေသရှိ အိမ်ခြေ ၆၀ ခန့်ကို COVID-19 ခရီးအသွားအလာတင်းကျပ်မှုများပြုလုပ်ထားစဉ်အတွင်း သြဂုတ် ၃၁ ရက်တွင် မိုးသည်းထန်စွာရွာသွန်းကာ ရေလွှမ်းမိုးမှုကြောင့် ၎င်းတို့မိသားစုဝင်များကို ညတွင်းချင်း ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် တွန်းအားပေးခဲ့သည်။

အနောက်အော့ကလန် ဒေသ၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော Kumeu ၌ မြစ်ရေများ တလဟော မြင့်တက်ကာ ရေကြီးမှုကြောင့် လမ်းများအဆက်အသွယ်ပြတ်တောက်ခဲ့ရကြောင်းသိရသည်။

အနောက်အော့ကလန် ဒေသ၏ ဝေးလံခေါင်ဖျားသောမြို့နယ်များတွင် တစ်ညလုံးမိုးသည်းထန်စွာရွာသွန်း၍ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသမီဒီယာတွင်ဖော်ပြထားသည်။

အချို့နေရာများ၌ ရေအမြင့်သည် ၂ မီတာ အထိမြင့်တက်ခဲ့ပြီး အိမ်များနှင့် မော်တော်ယာဉ်များမှာလည်း ရေအောက်သို့ နစ်မြုပ်ခဲ့ရကြောင်း ၊ အချို့မြင်းများနှင့် နွားများကို ၎င်းတို့ပိုင်ရှင်နေအိမ်များအတွင်းသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
ဘေးလွတ်ရာနီးစပ်ရာမြို့များသို့ ရွှေ့ပြောင်းသူများအတွက် ယာယီတဲများ ဆောက်လုပ်ပေးထားကြောင်း အော့ကလန်မြို့ပြကာကွယ်ရေးဌာနကကြေညာခဲ့သည်။

အော့ကလန်မြို့၌ Delta ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် အဆင့် ၄ ခရီးအသွားအလာတင်းကျပ်မှု အမိန့် lockdown ချမှတ်ထားကြောင်း သိရသည်။

ပြည်သူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် လိုအပ်သဖြင့် အဆင့် ၄ ခရီးအသွားအလာတင်းကျပ်မှု အမိန့်ကို ပယ်ဖျက်ခဲ့ရကြောင်း အော့ကလန် မြို့ပြကာကွယ်ရေးက ပြောကြားခဲ့သည်။ (Xinhua)

————————-
(English Version)
Amid pandemic lockdown, people in New Zealand’s West Auckland forced to evacuate due to flood
AUCKLAND, New Zealand, Aug. 31 (Xinhua) — Around 60 homes in West Auckland of New Zealand have been forced to leave their homes overnight due to rain-triggered flood amid the COVID-19 lockdown on Tuesday.
Kumeu, one of the suburbs of West Auckland region, was cut off by flooding as the rising rivers surged across roads.
Many remote townships to West Auckland were hit by heavy rain overnight and were flooded, according to local media.
In some places, it was reported that the flood water was up to two meters deep, leaving houses and vehicles underwater. Some horses and cows are even sheltered in houses by their owners.
Auckland civil defence department announced that makeshift tents were set up in nearby townships for the evacuees who need accommodation.
Auckland is now under Level 4 lockdown due to the latest Delta variants outbreak.
Auckland Civil Defence said the need for evacuation would override any alert level 4 restrictions. Enditem