Connect with us

Africa & Middle East

ကဘူးလ်မြို့ရှိ လူနေရပ်ကွက်အတွင်း ဒုံးကျည်ထိမှန်ပြီး အာဖဂန်ပြည်သူ ၆ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဒုံးကျည်ထိမှန်ခဲ့သည့် နေရာ၌ ပျက်စီးသွားသော မော်တော်ယာဉ်အား ဩဂုတ် ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ)

အမေရိကန်ဦးဆောင်သည့် ကယ်ဆယ်ပြောင်းရွှေ့ရေးလေယာဉ်ပြေးဆွဲမှုများ ဆက်လက်ပြုလုပ်လျှက်ရှိသော ကဘူးလ်လေဆိပ်၌ ဒုံးကျည်တစ်စင်း ပစ်ခတ်ခံရသော်လည်း ပစ်မှတ်လွဲချော်သွားပြီးနောက် ကလေးငယ် ၄ ဦး အပါအဝင် အာဖဂန်ပြည်သူ ၆ ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက အတည်ပြုခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဒုံးကျည်ထိမှန်သည့် နေရာ၌ ပျက်စီးသွားသော လူနေအိမ်အား ဩဂုတ် ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဒုံးကျည်ထိမှန်သည့် နေရာ၌ ပျက်စီးသွားသော မော်တော်ယာဉ်အား ဩဂုတ် ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဒုံးကျည်ထိမှန်သည့် နေရာ၌ စုရုံးရောက်ရှိသော ပြည်သူများအား ဩဂုတ် ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဒုံးကျည်ထိမှန်သည့် နေရာ၌ စုရုံးရောက်ရှိသော ပြည်သူများအား ဩဂုတ် ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ ဒုံးကျည်သည် ရဲတပ်ရင်းအမှတ် ၁၅ တည်ရှိရာ လူနေထူထပ်သော ရပ်ကွက်တစ်ခုဖြစ်သည့် Khwaja Bughra ရပ်ကွက်ရှိ လူနေအိမ်တစ်လုံးအား ထိမှန်ခဲပြီး အရွယ်ရောက်သူ နှစ်ဦး နှင့် ကလေးငယ် ၄ ဦး သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက်၏ ရပ်မိရပ်ဖတစ်ဦး ဖြစ်သူ Hajji Karim က အခင်းဖြစ်နေရာ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်သည် Hamid Karzai အပြည်ပြည်ဆိုင်ရာလေဆိပ်၏ အနောက်ဘက်တွင်တည်ရှိသော ရပ်ကွက်၌ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၆ ရက်တွင် အိုင်အက်စ်(IS)အဖွဲ့၏ လက်အောက်ခံ ပြည်တွင်းအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် ISIS-K က အသေခံဗုံးပေါက်ကွဲမှု နှင့် သေနတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကဘူးလ်လေဆိပ်၏ အရှေ့ဘက်ဂိတ်၌ အာဖဂန်ပြည်သူ ၁၇၀ ဦး နှင့် အမေရိကန် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး လူ ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့မျှ တာဝန်ရှိကြောင်း ထုတ်ဖော် ပြောကြားထားခြင်းမရှိပေ ။ တာလီဘန် အရာရှိများ နှင့် ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများက ယခုထိ ပေါက်ကွဲမှုအပေါ်တွင် မှတ်ချက်ပေးခြင်း မရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် အမေရိကန် မောင်းသူမဲ့ဒရုန်းတစ်စင်း မြို့ပေါ် ပျံဝဲနေပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

စစ်လေယာဉ်များအပါအဝင် လေယာဉ်ဒါဇင်ပေါင်းများစွာသည် အခင်းဖြစ်နေ့တွင် လေဆိပ်မှ ပျံသန်းထွက်ခွာသွားကြောင်း သိရသည်။ အမေရိကန် နှင့် မဟာမိတ် တပ်ဖွဲ့များ အားလုံးသည် သတ်မှတ်ထားသည့် နောက်ဆုံးရက်ဖြစ်သော ဩဂုတ် ၃၁ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
6 Afghans killed after rocket falls into residential area in Kabul
KABUL, Aug. 29 (Xinhua) — Six Afghan civilians, including four children, were killed after a rocket was fired at the Kabul airport where the U.S.-led evacuation flights were continuing but failed to hit the target, a local source confirmed.
“The rocket struck a house in Khwaja Bughra, a populated residential area in Police District 15, killing two adults and four children,” Hajji Karim, a representative of the neighborhood in the municipality district, told reporters at the site.
The incident occurred roughly at 4:55 p.m. local time in the area, west of the Hamid Karzai International Airport.
On Thursday, a deadly suicide bomb blast and gun firing claimed by ISIS-K, a local affiliate of the Islamic State group, killed 170 Afghans and 13 U.S. troops at an eastern gate of the Kabul airport and injured nearly 200 others.
No group has claimed responsibility for the attack. Taliban officials and public health authorities have not commented on the blast so far.
The attack came after a U.S. drone was hovering over the city, witnesses said.
Dozens of planes, including military planes, took off from the airport during the day. All U.S. and coalition forces are expected to leave the country on Aug. 31, a planned deadline. Enditem
Photo 1 – Photo taken on Aug. 29, 2021 shows a damaged vehicle at the site where a rocket struck in Kabul, capital of Afghanistan. Six Afghan civilians, including four children, were killed after a rocket was fired at the Kabul airport where the U.S.-led evacuation flights were continuing but failed to hit the target, a local source confirmed. (Photo by Saifurahman Safi/Xinhua)
Photo 2 – Photo taken on Aug. 29, 2021 shows a damaged house at the site where a rocket struck in Kabul, capital of Afghanistan. Six Afghan civilians, including four children, were killed after a rocket was fired at the Kabul airport where the U.S.-led evacuation flights were continuing but failed to hit the target, a local source confirmed. (Photo by Saifurahman Safi/Xinhua)
Photo 3 – Photo taken on Aug. 29, 2021 shows a damaged vehicle at the site where a rocket struck in Kabul, capital of Afghanistan. Six Afghan civilians, including four children, were killed after a rocket was fired at the Kabul airport where the U.S.-led evacuation flights were continuing but failed to hit the target, a local source confirmed. (Photo by Saifurahman Safi/Xinhua)
Photo 4 – People gather at the site where a rocket struck in Kabul, capital of Afghanistan, on Aug. 29, 2021. Six Afghan civilians, including four children, were killed after a rocket was fired at the Kabul airport where the U.S.-led evacuation flights were continuing but failed to hit the target, a local source confirmed. (Photo by Saifurahman Safi/Xinhua)
Photo 5 – People gather at the site where a rocket struck in Kabul, capital of Afghanistan, on Aug. 29, 2021. Six Afghan civilians, including four children, were killed after a rocket was fired at the Kabul airport where the U.S.-led evacuation flights were continuing but failed to hit the target, a local source confirmed. (Photo by Saifurahman Safi/Xinhua)