Connect with us

Africa & Middle East

ကဘူးလ်မြို့ရှိ သံရုံးများနှင့် နိုင်ငံခြားသားများအား အန္တရာယ်ပြုမည်မဟုတ်ကြောင်း တာလီဘန် အတည်ပြု

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်ပြည်နယ်တွင် တာလီဘန်စစ်သွေးကြွများအား ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒိုဟာ၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ သံရုံးများ၊ သံတမန်ရေးရာလုပ်ငန်းများနှင့် နိုင်ငံခြားသားများအား အန္တရာယ်ပြုမည်မဟုတ်ကြောင်း၊ တာလီဘန်အနေဖြင့် နိုင်ငံတစ်ဝန်း လုံခြုံရေးကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကာတာနိုင်ငံ မြို့တော် ဒိုဟာရှိ တာလီဘန် နိုင်ငံရေးရုံး ပြောခွင့်ရပုဂ္ဂိုလ် Muhammad Naeem က ပြောကြားခဲ့သည်။

“ကဘူးလ်မြို့မှာရှိတဲ့ သံရုံးတွေ၊ သံတမန်ရေးရာလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားသားနေထိုင်ခွင့်တွေကို ထိခိုက်မှုမရှိစေရဘူးလို့ ကျွန်တော်တို့ အာမခံပါတယ်” ဟု Naeem က ၎င်း၏တွစ်တာအကောင့်တွင် ပြောကြားထားသည်။

တာလီဘန်လှုပ်ရှားမှု တပ်ဖွဲ့ဝင်များသည် နိုင်ငံအတွင်းရှိ ကဘူးလ်မြို့နှင့် အခြားမြို့များတွင် လုံခြုံရေးထိန်းသိမ်းမှု တာဝန်ယူထားကြောင်း ၎င်းက အလေးထားပြောခဲ့သည်။

တာလီဘန်တို့သည် ကဘူးလ်မြို့ရှိ သမ္မတနန်းတော်အား ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းနှင့် မကြာမီ အာဖဂန်နစ္စတန် အစ္စလာမ်မစ်စော်ဘွားနိုင်ငံ (Islamic Emirate of Afghanistan) ထူထောင်သွားမည်ဟု ဩဂုတ် ၁၅ ရက်က ကြေညာခဲ့ကြောင်း မီဒီယာသတင်းများအရ သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ မိုဟာမက် အာရှရက်ဖ် ဂါနီ (Mohammad Ashraf Ghani)သည် ဩဂုတ် ၁၅ ရက် ညပိုင်းက နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း အာဖဂန် အမျိုးသား ပြန်လည်သင့်မြတ်ရေး အဆင့်မြင့်ကောင်စီ အကြီးအကဲ အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) က ၎င်း၏ Facebook စာမျက်နှာ၌ ရုပ်သံဖိုင်ဖြင့် ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
Taliban confirms no danger to embassies, foreign nationals in Kabul
2021-08-16 04:35:06
DOHA, Aug. 15 (Xinhua) — Muhammad Naeem, a spokesman for the Taliban’s political office in Qatar’s capital Doha, stressed on Sunday evening that there is no danger to embassies, diplomatic missions and foreign nationals in the Afghan capital Kabul, pledging that the Taliban will maintain security across the country.
“We assure all embassies, diplomatic missions, institutions and residences of foreign nationals in Kabul that there is no danger to them,” Naeem said on his Twitter account.
He stressed that the forces of the Taliban movement are tasked with maintaining security in Kabul and other cities in the country.
The Taliban announced on Sunday that it has taken control of the presidential palace in Kabul, and will announce the establishment of the “Islamic Emirate of Afghanistan” soon, according to media reports.
Afghan High Council for National Reconciliation Chairman Abdullah Abdullah said in a video post on his Facebook page that Afghan President Mohammad Ashraf Ghani has left the country on Sunday night. Enditem

Photo : Taliban militants are seen in Herat province, Afghanistan, Aug. 13, 2021. (Xinhua)