Connect with us

Africa & Middle East

ကဘူးလ်လေဆိပ်တွင် ပရမ်းပတာဖြစ်ပွားမှုအတွင်း အရပ်သား ၇ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ် ဂိတ်ပေါက်အနီး အာဖဂန်လူမျိုးများ စုဝေးနေကြသည်ကို ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်များ သိမ်းပိုက်ပြီးနောက် ကယ်ဆယ်ရေးလေယာဉ်များဖြင့် ထွက်ခွာနိုင်ရေး မျှော်လင့်ချက်များဖြင့် ကဘူးလ်လေဆိပ်အနီးတွင် ပြည်သူများ စုပြုံနေကြစဉ် အာဖဂန် အရပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်၂၂ ရက်၌ ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ် ဂိတ်ပေါက်အနီး အာဖဂန်လူမျိုးများ စုဝေးနေကြသည်ကို ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ် ဂိတ်ပေါက်အနီး အာဖဂန်လူမျိုးများ စုဝေးနေကြသည်ကို ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ် ဂိတ်ပေါက်အနီး အာဖဂန်လူမျိုးများ စုဝေးနေကြသည်ကို ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ် ဝင်ပေါက်၌ ပြည်ပတပ်ဖွဲ့ဝင်များအား ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်၌ အာဖဂန်လူမျိုးများ ဝင်ရောက်လာသည်ကို ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ် ဂိတ်ပေါက်အနီး အာဖဂန်လူမျိုးများ စုဝေးနေကြသည်ကို ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“မြေပြင်အခြေအနေတွေကတော့ တော်တော်လေးစိန်ခေါ်မှုရှိနေဆဲပါပဲ။ ဒါပေမဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေး လုပ်ဆောင်နိုင်သမျှ အခြေအနေကို ကျွန်တော်တို့ စီမံနိုင်သလောက် အရာအားလုံးကို ဆောင်ရွက်နေပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံမှ အားလုံးရုပ်သိမ်းရေးအတွက် အမေရိကန်က သတ်မှတ်ထားသော နောက်ဆုံးရက်ဖြစ်သည့် ဩဂုတ် ၃၁ ရက်မတိုင်မီ အားလုံးကို ခေါ်ယူသွားနိုင်ရန် မည်သည့်နိုင်ငံမှ တတ်နိုင်မည်မဟုတ်ကြောင်း ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Ben Wallace က The Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

“အဲဒီအစား အမေရိကန်နိုင်ငံသားတွေအနေနဲ့ ပိုပြီးကြာကြာနေရမှာဖြစ်ပြီး သူတို့လုပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပံ့ပိုးမှုပြီးပြည့်မှာဖြစ်ပါတယ်” ဟု Wallace က အမေရိကန်နိုင်ငံအား နောက်ဆုံးရက် သက်တမ်းတိုးရန်အတွက် မေတ္တာရပ်ခံချက်၌ ပြောကြားထားသည်။

အမေရိကန်နိုင်ငံသည် အိုင်အက်စ်အုပ်စု အာဖဂန်အဖွဲ့ခွဲမှ တိုက်ခိုက်နိုင်ခြေရှိမှုအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ၎င်း၏ နိုင်ငံသားများအား ကဘူးလ်လေဆိပ်ကို ရှောင်ရှားကြရန် လုံခြုံရေးသတိပေးချက်တစ်ခုကို ဩဂုတ် ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်နှင့် ၎င်း၏ ဥရောပမဟာမိတ်များအကြား အာဖဂန်နစ္စတန်မှ အလျင်စလိုရုပ်သိမ်းမှုအတွင်း စိတ်ဝမ်းကွဲမှုဖြစ်ပေါ်လာနိုင်ဖွယ်ရှိသဖြင့် G7 ခေါင်းဆောင်များသည် အာဖဂန်နစ္စတန်နိုင်ငံရှိ အခြေအနေအား ဆွေးနွေးရန် လာမည့်သီတင်းပတ်အစောပိုင်း၌ အွန်လိုင်မှတွေ့ဆုံကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
7 Afghan civilians killed amid chaos at Kabul airport: British ministry
Source: Xinhua| 2021-08-22 18:24:57|Editor: huaxia
LONDON, Aug. 22 (Xinhua) — Seven Afghan civilians were killed amid chaos near the Kabul airport as people swarmed the area in hopes of boarding an evacuation flight following the Taliban takeover of Afghanistan, Britain’s Ministry of Defense said Sunday.
The ministry did not elaborate when they were killed or if the latest death toll is on top of the four women reportedly crushed to death in a stampede in front of the airport on Saturday.
“Conditions on the ground remain extremely challenging but we are doing everything we can to manage the situation as safely and securely as possible,” it said in a statement.
British Secretary of Defense Ben Wallace told British newspaper The Daily Mail on Sunday that “no nation will be able to get everyone out” before the Aug. 31 deadline set by the United States for a total withdrawal from Afghanistan.
“Perhaps the Americans will be permitted to stay longer and they will have our complete support if they do,” Wallace said in a veiled plea for Washington to extend the deadline.
The United States on Saturday issued a security alert urging its citizens to avoid the Kabul airport amid concerns about the potential for attacks by the Afghan branch of the Islamic State group.
Leaders of the Group of Seven will meet online early next week to discuss the situation in Afghanistan, as the rift between Washington and its European allies seems to have widened over the former’s hasty withdrawal from Afghanistan. Enditem
Photo 1 -4 : Afghans gather near a gate of Kabul airport in Kabul, Afghanistan, Aug. 22, 2021. Seven Afghan civilians were killed amid chaos near the Kabul airport as people swarmed the area in hopes of boarding an evacuation flight following the Taliban takeover of Afghanistan, Britain’s Ministry of Defense said Sunday. (Xinhua/Rahmatullah Alizadah)
5-Photo taken on Aug. 22, 2021 shows foreign forces at the entering gate of Kabul airport in Kabul, Afghanistan. Seven Afghan civilians were killed amid chaos near the Kabul airport as people swarmed the area in hopes of boarding an evacuation flight following the Taliban takeover of Afghanistan, Britain’s Ministry of Defense said Sunday. (Xinhua/Rahmatullah Alizadah)
6- Afghans gather near a gate of Kabul airport in Kabul, Afghanistan, Aug. 22, 2021. Seven Afghan civilians were killed amid chaos near the Kabul airport as people swarmed the area in hopes of boarding an evacuation flight following the Taliban takeover of Afghanistan, Britain’s Ministry of Defense said Sunday. (Xinhua/Rahmatullah Alizadah)
7-Afghans enter Kabul airport in Kabul, Afghanistan, Aug. 22, 2021. Seven Afghan civilians were killed amid chaos near the Kabul airport as people swarmed the area in hopes of boarding an evacuation flight following the Taliban takeover of Afghanistan, Britain’s Ministry of Defense said Sunday. (Xinhua/Rahmatullah Alizadah)
8-Afghans gather near a gate of Kabul airport in Kabul, Afghanistan, Aug. 22, 2021. Seven Afghan civilians were killed amid chaos near the Kabul airport as people swarmed the area in hopes of boarding an evacuation flight following the Taliban takeover of Afghanistan, Britain’s Ministry of Defense said Sunday. (Xinhua/Rahmatullah Alizadah)