Connect with us

WORLD

ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါဖြစ်ပွားသူ သန်း ၂၀၀ ကျော်ရှိလာ

အမေရိကန်နိုင်ငံ Louisiana ပြည်နယ် New Orleans မြို့ရှိ လမ်းပေါ်တွင် နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား ဩဂုတ် ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ)

ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ဩဂုတ် ၄ ရက်တွင် သန်း ၂၀၀ ကျော်လွန်သွားပြီ ဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အချက်အလက်များအရ သိရသည်။ကမ္ဘာတစ်ဝှမ်း ရောဂါဖြစ်ပွားသူမှာ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၂၁ မိနစ် (ဂရင်းနစ်စံတော်ချိန် ၁၉၂၁)အထိ ၂၀၀,၀၁၄,၆၀၂ ဦး ရှိပြီး သေဆုံးသူ အရေအတွက်မှာ ၄,၂၅၂,၈၇၃ ဦး ရှိကြောင်း အချက်အလက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံသည် COVID-19 ရောဂါဖြစ်ပွားသူ ၃၅,၂၉၂,၇၂၁ ဦး နှင့် သေဆုံးသူ ၆၁၄,၆၆၆ ဦး ရှိပြီး ကမ္ဘာပေါ်တွင် အမြင့်ဆုံး အရေအတွက် ဖြစ်ကြောင်း ၊ ကမ္ဘာတစ်ဝှမ်း ရောဂါဖြစ်ပွားမှု၏ ၁၈ ရာခိုင်နှုန်း နီးပါး ရှိပြီး သေဆုံးမှုများ၏ ၁၅ ရာခိုင်နှုန်း နီးပါး ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ရောဂါဖြစ်ပွားမှု ကမ္ဘာ့ ဒုတိယအများဆုံးဖြစ်ပြီး ၃၁,၇၆၉,၁၃၂ ဦး ရှိကြောင်း ၊ ယင်းနောက်တွင် ဘရာဇီးနိုင်ငံသည် ရောဂါဖြစ်ပွားသူ ၁၉,၉၈၅,၈၁၇ ဦး ရှိပြီး သေဆုံးသူ ကမ္ဘာ့ ဒုတိယအများဆုံးအဖြစ် ၅၅၈,၄၃၂ ဦး ရှိကြောင်း သိရသည်။

COVID-19 ရောဂါဖြစ်ပွားသူ ၄ သန်းကျော် ရှိသည့် နိုင်ငံများတွင် ရုရှား ၊ ပြင်သစ် ၊ ဗြိတိန် ၊ တူရကီ ၊ အာဂျင်တီးနား ၊ ကိုလံဘီယာ ၊ စပိန် ၊ အီတလီ နှင့် အီရန် နိုင်ငံတို့ ပါဝင်ပြီး သေဆုံးသူ ၁၀၀,၀၀၀ ကျော် ရှိသည့် နိုင်ငံများတွင် အိန္ဒိယ ၊ မက္ကဆီကို ၊ ပီရူး ၊ ရုရှား ၊ ဗြိတိန် ၊ အီတလီ ၊ ကိုလံဘီယာ ၊ ပြင်သစ် ၊ အာဂျင်တီးနား နှင့် အင်ဒိုနီးရှားနိုင်ငံတို့ ပါဝင်ကြောင်း တက္ကသိုလ်၏ စာရင်းများအရ သိရသည်။
ကမ္ဘာတစ်ဝှမ်း ရောဂါဖြစ်ပွားမှုသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် သန်း ၁၀၀ အထိ အမြင့်ဆုံးအရေအတွက် ရောက်ရှိခဲ့ရာမှ အချိန် ၆ လကျော်ကာလအတွင်း နှစ်ဆတိုး မြင့်တက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————————–
(English Version)

Global COVID-19 cases surpass 200 mln: Johns Hopkins University

NEW YORK, Aug. 4 (Xinhua) — Global COVID-19 cases surpassed 200 million on Wednesday, according to data from Johns Hopkins University.
The global case count amounted to 200,014,602, with 4,252,873 deaths worldwide, as of 3:21 p.m. local time (1921 GMT), showed the data.

The United States reported 35,292,721 cases and 614,666 deaths, both the highest counts around the world, accounting for nearly 18 percent of the global cases and nearly 15 percent of the global deaths.

India recorded the world’s second largest caseload of 31,769,132, followed by Brazil with 19,985,817 cases as well as the world’s second largest death toll of 558,432.
Countries with more than 4 million cases also include Russia, France, Britain, Turkey, Argentina, Colombia, Spain, Italy and Iran, while other countries with over 100,000 deaths include India, Mexico, Peru, Russia, Britain, Italy, Colombia, France, Argentina and Indonesia, according to the university’s tally.

The global caseload reached the grim milestone of 100 million on Jan. 26, and doubled in more than half a year. ■
Photo – People wearing face masks walk on a street in New Orleans, Louisiana, the United States, on Aug. 3, 2021. (Photo by Lan Wei/Xinhua)