Connect with us

Europe

ကမ္ဘာ့နံပါတ် ၁ ပြောင်းရှည်သေနတ်ပစ်ချန်ပီယံ Amber Hill တွင် COVID-19 ပိုးတွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ်ပြိုင်ပွဲမှ နုတ်ထွက်

ပြောင်းရှည်သေနတ်ပစ်သမား Amber Hill အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

လန်ဒန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံမှ ကမ္ဘာ့နံပါတ် ၁ ပြောင်းရှည်သေနတ်ပစ်သမား Amber Hill ထံတွင် COVID-19 ရောဂါကူးစက်ခံထားရသည်ကို ဗြိတိန်နိုင်ငံ၌ စစ်ဆေးတွေ့ရှိခဲ့ရာ ၎င်းအနေဖြင့် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ဗြိတိန်ကိုယ်စားလှယ်အဖွဲ့က ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။အသက် ၂၃ နှစ် အရွယ် Hill သည် လက်ရှိ ကမ္ဘာ့နံပါတ် ၁ အမျိုးသမီးပြောင်းရှည် သေနတ်ပစ် အားကစားမယ်တစ်ဦးဖြစ်ပြီး တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် တစ်ပေးခံထားရသူဖြစ်သည်။ သို့သော်လည်း COVID-19 စစ်ဆေးရာတွင် positive ရလဒ် ထွက်ပေါ်ခဲ့သဖြင့် ၎င်းအနေဖြင့် ပြိုင်ပွဲမှ နုတ်ထွက်ရန် အကြောင်းဖန်လာခဲ့သည်။

Hill သည် ရောဂါလက္ခဏာ ပြသခြင်းမရှိသော်လည်း ဗြိတိန်အစိုးရ ၏ ညွှန်ကြားချက်အတိုင်း တစ်ဦးတည်း သီးခြားခွဲ၍ နေထိုင်လျက်ရှိကြောင်း သိရသည်။

“ကျွန်မအခုဘယ်လိုခံစားနေရတယ်ဆိုတာ ဖော်ပြဖို့ စကားလုံးတောင် မရှိပါဘူး”’ ဟု Hill ၏ ပြောကြားချက်ကို ကိုးကား၍ ဗြိတိန်အသင်း၏ တရားဝင် ဝက်ဆိုက်တွင်ဖော်ပြထားသည်။ “ငါးနှစ်ကြာ လေ့ကျင့်ပြင်ဆင်မှု တွေဆောင်ရွက်ပြီးနောက် ပြီးခဲ့တဲ့ညက COVID-19 ကူးစက်ခံရတဲ့အဖြေလက်ခံရရှိတဲ့အခါ ကျွန်မအရမ်းယူကျုံးမရဖြစ်ခဲ့ရတယ်။ အဓိပ္ပါယ်ကတော့ ဂရိတ်ဗြိတိန် သေနတ်ပစ်အသင်းကနေ ကျွန်မထွက်ခွာဖို့ပဲပေါ့ ’’ ဟု ဆိုသည်။

ဗြိတိန်ကိုယ်စားလှယ်အဖွဲ့က Hill ၏ နေရာတွင် နောက်ထပ်ကစားသမားတစ်ဦး အစားထိုးမည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။ “ဒါတွေပြီးရင် ကျွန်မပြန်လာပါ့မယ်။ ဒါပေမယ့် ကျွန်မအခုဖြစ်ပျက်ခဲ့တဲ့အရာ တွေကို ပြန်လည်သုံးသပ်ဖို့အတွက် အချိန်အနည်းငယ်လိုအပ်ပါတယ်’’ ဟု Hill ကပြောသည်။ယခုလအစောပိုင်းက ဗြိတိန် တင်းနစ်ကစားသမား Johanna Konta နှင့် Dan Evans တို့နှစ်ဦးစလုံးတွင် COVID-19 ပိုးတွေ့ရှိခဲ့ပြီးနောက် အိုလံပစ်ပြိုင်ပွဲမှ နုတ်ထွက်ကြောင်း အသီးသီး ကြေညာခဲ့သည်။ (Xinhua)

———————————————————-
(English Version)

World No.1 skeet shooter Hill out of Tokyo Olympics due to COVID-19 positive

LONDON, July 21 (Xinhua) — World number one skeet shooter Amber Hill of Britain has withdrawn from the Tokyo Olympic Games due to positive result of COVID-19 in the UK, announced the British delegation on Wednesday.

Hill, 23, is currently world number one in the women’s skeet shooting and regarded as a medal contender in the event in Tokyo. However, she was tested positive for COVID-19 prior to her departure for the Games.

Hill has been in self-isolation according to the guidance of the UK government even though she has no symptoms.
“There are no words to describe how I’m feeling right now.” Hill was quoted by Team Britain’s official website. “After five years of training and preparation, I’m absolutely devastated to say that last night I received a positive Covid-19 test, meaning I’ve had to withdraw from Team GB’s shooting team.”

The British delegation has confirmed that no replacement athlete will be selected in Hill’s place.

“I will be back from this, but right now I need some time to reflect and take in what has happened,” said Hill.
Earlier this month, British tennis players Johanna Konta and Dan Evans both announced their withdrawal from the Olympic Games after testing positive for COVID-19. Enditem