Connect with us

Asia

ကမ္ဘာ့အကြီးဆုံးကုန်တင်သင်္ဘောကြီး “Ever Ace” သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း၌ ဆိုက်ကပ်

ကိုလံဘို ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘောကြီး “Ever Ace” သည် အောက်တိုဘာ ၅ ရက်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့ကြောင်း သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်အဖွဲ့(SLPA) က ဆိုသည်။အလျားပေ ၂၀ ကွန်တိန်နာ (TEUs) အလုံးပေါင်း ၁,၆၀၀ တင်ဆောင်ထားသော ၎င်း သင်္ဘောကြီးသည် ဆိပ်ကမ်း၏ ကိုလံဘိုအပြည်ပြည်ဆိုင်ရာကွန်တိန်နာစင်္ကြံ(CICT) ၌ ဆိုက်ကပ်ခဲ့ကြောင်း SLPA တာဝန်ရှိသူများ၏ ပြောကြားချက် အရသိရသည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘောကြီး “Ever Ace” အား အောက်တိုဘာ ၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပနားမားအလံလွှင့်ထူထားသော ယင်းသင်္ဘောကြီးသည် အလျား ၄၀၀ မီတာကျော်ရှိသည်။ ၎င်း၏ အလေးချိန်မှာ တန်၂၃၅,၀၀၀ ကျော်ရှိကာ TEUs အလုံးပေါင်း ၂၃,၉၉၂ လုံး တင်ဆောင်နိုင်စွမ်းရှိကြောင်း သိရသည်။

အဆိုပါ ဧရာမသင်္ဘောကြီး ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းသည် ကမ္ဘာပေါ်တွင် ၂၄ ခုသာ ရှိပြီး ကိုလံဘိုဆိပ်ကမ်းသည် တောင်အာရှဒေသတွင် တစ်ခုတည်းသော ဆိပ်ကမ်းဖြစ်ကြောင်း SLPA က ဆိုသည်။ ဆိပ်ကမ်းရေအနက် ၁၈ မီတာရှိသော ကိုလံဘိုအပြည်ပြည်ဆိုင်ရာကွန်တိန်နာစင်္ကြံ(CICT)သည် ဧရာမ ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် တောင်အာရှဒေသ၏ ပထမဆုံးနှင့် တစ်ခုတည်းသော ရေနက်ဆိပ်ကမ်း ရေဘောင်ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘောကြီး “Ever Ace” အား အောက်တိုဘာ ၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘိုဆိပ်ကမ်း၌ လက်ရှိတွင် ကွန်တိန်နာအတင်အချ စင်္ကြံရေဘောင် သုံးခု ရှိရာ Jaya container terminal (JCT) ရေဘောင်ကို သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်အဖွဲ့(SLPA) က လုပ်ငန်းလည်ပတ်နေပြီး ၊ တောင်အာရှဂိတ်ဝ စင်္ကြံရေဘောင်(SAGT ) နှင့် (CICT) စင်္ကြံရေဘောင်ကိုမူ တရုတ်ကုန်သည်များဆိပ်ကမ်းက လုပ်ငန်းများ စီမံခန့်ခွဲ လည်ပတ်လျက်ရှိကြောင်း သိရသည်။

တောင်အာရှဒေသတွင် တစ်ခုတည်းသော ရေနက်ဆိပ်ကမ်း ကွန်တိန်နာစင်္ကြံရေဘောင်ဖြစ်သည့် CICT သည် ၎င်းအား စတင်ဖွင့်လှစ်ခဲ့သော ၂၀၁၃ ခုနှစ်မှ စတင်ကာ ကမ္ဘာ့သင်္ဘောသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် ကိုလံဘိုဆိပ်ကမ်းအား အလွန်အရေးပါသော အခန်းကဏ္ဍဖြစ်လာရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

————————————————-
(English Version)
World’s largest container vessel calls on Sri Lanka’s Colombo Port

COLOMBO, Oct. 7 (Xinhua) — The world’s largest container vessel “Ever Ace” arrived at the Colombo Port in the Sri Lankan capital late on Tuesday, the Sri Lanka Ports Authority (SLPA) said.

According to officials at the SLPA, the vessel arrived to unload 1,600 TEUs at the Colombo international container terminal (CICT) in the port.

The vessel sailing under the flag of Panama is some 400 meters in length. It weighs about 235,000 tons and can carry 23,992 TEUs

SLPA said that there are only 24 ports in the world with the capacity to handle such mega vessels, with the Colombo Port being the only one in South Asia. Boasting a depth of 18 meters, CICT is the first and only deepwater terminal in South Asia capable of handling such large vessels afloat.

There are currently three container terminals in the Colombo Port — the Jaya container terminal (JCT) operated by SLPA, the South Asian gateway terminal (SAGT), and CICT, which is operated and managed by China Merchants Port.
As the only deepwater container terminal in South Asia, CICT has helped the Colombo port significantly enhance its position in the world shipping industry since its opening in 2013.

(1,2) -Photo taken on Oct. 6, 2021 shows the world’s largest container vessel “Ever Ace” at the Colombo Port in the Sri Lankan capital. (Photo by Ajith Perera/Xinhua)