Connect with us

Asia

ကမ္ဘောဒီယားနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံ ခရီးစဉ် စတင်

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန် အား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန် (Samdech Techo Hun Sen) သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အတွက် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် ၁၀ နိုင်ငံတွင် မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း လူမှုမီဒီယာပေါ်၌ ရေးသားထားသည်။

ဟွန်ဆန်နှင့်အတူ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် အခြားသော အစိုးရအဖွဲ့ တာဝန်ရှိသူများစွာ လိုက်သွားခဲ့ကြောင်း သိရသည်။

၎င်း၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး အထောက်အကူဖြစ်စေရန် ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံအား နှာခေါင်းစည်းနှင့် အခြား ကျန်းမာရေးအထောက်အကူပြုပစ္စည်း ၃ သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခြင်းဖြစ်သည်။ (Xinhua)

………………………………….
(English Version)

Cambodian PM embarks on visit to Myanmar
2022-01-07 11:34:43
PHNOM PENH, Jan. 7 (Xinhua) — Cambodian Prime Minister Samdech Techo Hun Sen left here on Friday morning for a two-day visit to Myanmar, where he would meet Senior General Min Aung Hlaing, chairman of the State Administration Council of Myanmar.
Hun Sen wrote on social media that during his stay in Myanmar, he would hold talks with Min Aung Hlaing to discuss bilateral and multilateral cooperation and the recent developments in the 10-country Association of Southeast Asian Nations (ASEAN).
Hun Sen is accompanied by his deputy prime minister and foreign minister Prak Sokhonn and a number of other senior government officials.
The Cambodian leader said his country would also donate more than 3 million face masks and other medical supplies to Myanmar during his trip in order to help the country fight the COVID-19.
Cambodia is the rotating chair of ASEAN for 2022. Enditem

Photo : PHNOM PENH, Dec. 9, 2021 (Xinhua) — Cambodian Prime Minister Samdech Techo Hun Sen speaks during a visit to the construction site of a new Phnom Penh international airport in Kandal province, Cambodia, Dec. 9, 2021. (Photo by Ly Lay/Xinhua)