Connect with us

COVID-19 UPDATES

ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးဖြင့် အသက် ၅ နှစ်အရွယ်ကလေးများအား ကာကွယ်ဆေး ထိုးနှံမည်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဩဂုတ် ၂၆ ရက်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက Sinovac COVID-19 ကာကွယ်ဆေး ထိုးနှံပေးရန် ပြင်ဆင်နေစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံသည် ယနေ့ နိုဝင်ဘာ ၁ ရက်မှစ၍ တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးဖြင့် နိုင်ငံတစ်ဝှမ်းရှိ အသက် ၅ နှစ်အရွယ်ကလေးများအား ကာကွယ်ဆေး ထိုးနှံမှု စတင်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ကာကွယ်ဆေး ထိုးနှံသည့် စင်တာတစ်ခု၌ စက်တင်ဘာ ၂၀ ရက်တွင် COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံရန် စာရင်းပေးနေသည့် ကလေးများအား တွေ့ရစဉ်(ဆင်ဟွာ)

ပြည်နယ် နှင့် မြို့ပေါင်း ၂၅ ခုရှိ အသက် ၅ နှစ်အရွယ်ကလေးများအား နိုဝင်ဘာ ၁ ရက်မှစ၍ Sinovac ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပေးသွားမည် ဖြစ်ပြီး ပထမအကြိမ် ထိုးနှံမှု နှင့် ဒုတိယအကြိမ် ထိုးနှံမှုကြားကာလသည် ၂၈ ရက် ကြာမြင့်မည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အတွင်းဝန် Or Vandine က ကြေညာချက်တွင် ပြောကြားခဲ့သည်။

ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံရာတွင် မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများသည် ကလေးငယ်များ၏ မွေးစာရင်း ၊ မိသားစုမှတ်တမ်းစာအုပ်များ သို့မဟုတ် နိုင်ငံကူးလက်မှတ်များအား ၎င်းတို့နှင့်အတူ ယူဆောင်လာရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုနောက်ဆုံးလုပ်ဆောင်ချက်သည် ကမ္ဘောဒီးယားနိုင်ငံ၌ လူဦးရေ ၁၆ သန်းအနက် ၈၅ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် အသက် ၆ နှစ်နှင့်အထက် လူပေါင်း ၁၃ ဒသမ ၇ သန်းအား COVID-19 ကာကွယ်ဆေး တစ်ကြိမ်ထက်မနည်း ထိုးနှံပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လူဦးရေ ၁၆ သန်းအနက် ၁၃ ဒသမ ၀၅ သန်း သို့မဟုတ် ၈၁ ဒသမ ၆ ရာခိုင်နှုန်းသည် လိုအပ်သည့် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုနှင့်အတူ အပြည့်အဝ ကာကွယ်ဆေး ထိုးနှံထားကြောင်း နှင့် ၁ ဒသမ ၈၃ သန်း သို့မဟုတ် ၁၁ ဒသမ ၄ ရာခိုင်နှုန်းသည် တတိယအကြိမ် သို့မဟုတ် အပိုထပ်ဆောင်း အားဖြည့်ကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်ထားကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ကာကွယ်ဆေး ထိုးနှံမှု ဆောင်ရွက်ရာတွင် အများဆုံးအသုံးပြုသည့် COVID-19 ကာကွယ်ဆေးသည် တရုတ်နိုင်ငံ၏ Sinovac နှင့် Sinopharm ကာကွယ်ဆေးများ ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Cambodia to vaccinate 5-year-old children with China’s Sinovac vaccine
PHNOM PENH, Oct. 31 (Xinhua) — Cambodia will begin to inoculate five-year-old children across the country with China’s Sinovac COVID-19 vaccine starting from Nov. 1, the Ministry of Health (MoH) said in a statement released late on Saturday.
“Five-year-old children in all 25 cities and provinces will receive two doses of Sinovac vaccine from Nov. 1, 2021 onwards and an interval between the first and second doses is 28 days,” MoH’s Secretary of State Or Vandine said in the statement.
When taking their children for the jab, parents or legal guardians must bring along their birth certificates, family record books or passports, she said.
The latest move came after the Southeast Asian nation has administered at least one dose of COVID-19 vaccines to 13.7 million people aged six years and older, or 85.6 percent of its 16-million population, the MoH said.
Of them, 13.05 million, or 81.6 percent, have been fully inoculated with both required shots, and 1.83 million, or 11.4 percent, have taken a third dose or booster dose, it added.
Most of the COVID-19 vaccines used in the kingdom’s vaccination campaign are China’s Sinovac and Sinopharm. Enditem
Photo 1 – A medical worker prepares a dose of Sinovac COVID-19 vaccine in Phnom Penh, Cambodia, Aug. 26, 2021. (Photo by Phearum/Xinhua)
Photo 2 – Children register for the first dose of COVID-19 vaccine at an inoculation center in Phnom Penh, Cambodia on Sept. 20, 2021. (Photo by Phearum/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.