Connect with us

ASEAN

ကမ္ဘောဒီးယားနိုင်ငံက အသက် ၆ နှစ်မှ ၁၂ နှစ်ထိ ကလေးများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံမှု စတင်မည်

ဖနွမ်းပင် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံသည် အသက် ၆ နှစ်မှ ၁၂ နှစ် အရွယ်ရှိ ကလေးများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်း လှုပ်ရှားမှုအား စက်တင်ဘာ ၁၇ ရက်တွင် စတင်သွားမည် ဖြစ်ကြောင်း နိုင်ငံဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ဟို ဟွန်ဆန်က စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ဝန်ကြီးချုပ်က ပြည်သူလူထုသို့ ပြောကြားခဲ့သည့် အသံလွှင့်မိန့်ခွန်းတွင် ကမ္ဘောဒီးယားနိုင်ငံသည် အသက် ၁၂ နှစ်မှ ၁၈ နှစ် အရွယ် ဆယ်ကျော်သက်လူငယ်များအတွက် ကာကွယ်ဆေးထိုးနှံခြင်း ရည်မှန်းချက်သည် အောင်မြင်လုနီးပါး ရှိခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၌ အသက် ၆ နှစ်မှ ၁၂ နှစ် အရွယ် ကလေး ၁ ဒသမ ၈ သန်းကျော် ရှိကြောင်း ဖနွမ်းပင်မြို့ ငြိမ်းချမ်းရေး နန်းတော်၌ ကျင်းပပြုလုပ်မည့် ကလေးများ ကာကွယ်ဆေးထိုးနှံမှု စတင်ခြင်း အခမ်းအနားသို့ တက်ရောက်မည့် ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့သည်။

“တကယ်လို့ ကလေးတွေကို ကာကွယ်ဆေး ထိုးမပေးထားဘူးဆိုရင် မူလတန်းကျောင်းတွေ ပြန်ဖွင့်နိုင်မှာ မဟုတ်ပါဘူး။”ဟု ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ စုစုပေါင်း လူဦးရေ ၁၆ သန်း ရှိပြီး ဖေဖော်ဝါရီလတွင် အရွယ်ရောက်ပြီးသူ ၁၀ သန်းအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်း လှုပ်ရှားမှုအား စတင်ခဲ့ပြီး အသက် ၁၂ နှစ်မှ ၁၈ နှစ်အရွယ် ဆယ်ကျော်သက် လူငယ် ၂ သန်းခန့်အတွက် ဩဂုတ်လတွင် ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ယနေ့အထိ အရွယ်ရောက်ပြီးသူ ၉ ဒသမ ၇၇ သန်း နှင့် ဆယ်ကျော်သက် လူငယ် ၁ ဒသမ ၇၁ သန်းသည် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံခဲ့ပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံသည့် လှုပ်ရှားမှုများအတွင်း အများဆုံး အသုံးပြုသည့် COVID-19 ကာကွယ်ဆေးများမှာ တရုတ်နိုင်ငံ၏ Sinovac နှင့် Sinopharm တို့မှ ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် စက်တင်ဘာ ၁၅ ရက်တွင် COVID-19 လူနာသစ် ၆၅၃ ဦး စစ်ဆေးတွေ့ရှိခဲ့ရာ လူနာပေါင်း ၁၀၁,၄၄၃ ဦးထိ တိုးလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထပ်မံသေဆုံးသူ ၉ ဦး ရှိပြီး သေဆုံးသူပေါင်း ၂,၀၆၇ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ လူနာ ၄၆၃ ဦးမှာ ပြန်လည်သက်သာလာပြီးနောက် ပြန်လည်သက်သာကောင်းမွန်လာသူပေါင်း ၉၅,၃၆၇ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)

…………………………………………
(English Version)
Cambodia to start COVID-19 vaccine rollout for children aged from 6 to 12

PHNOM PENH, Sept. 15 (Xinhua) — Cambodian Prime Minister Samdech Techo Hun Sen said Wednesday the Southeast Asian nation will begin a COVID-19 vaccination drive for children from 6 to 12 years old on Friday.

The prime minister said in an audio message released publicly that the country has almost achieved its vaccination goal for adolescents aged from 12 to 18.
Hun Sen, who will attend the launching event at the Peace Palace in Phnom Penh, said the kingdom has more than 1.8 million children aged from 6 to 12.
“If we do not provide them vaccines, we cannot reopen the primary schools,” Hun Sen said.

With its total population of 16 million, Cambodia launched a COVID-19 vaccination drive for 10 million adults in February and for nearly 2 million adolescents aged from 12 to 18 in August.
To date, 9.77 million adults and 1.71 million adolescents had received their first vaccine dose, according to the Ministry of Health (MoH).
Most of the COVID-19 vaccines used in the country’s immunization campaigns are from China’s Sinovac and Sinopharm.

Cambodia confirmed 653 new COVID-19 cases on Wednesday, pushing the national total caseload to 101,443, the MoH said, adding that nine new fatalities were recorded, bringing the overall death toll to 2,067.

Additional 463 patients recovered, taking the total number of recoveries to 95,367, the MoH said. Enditem
Photo – An adolescent receives her first dose of Sinovac COVID-19 vaccine in Phnom Penh, Cambodia, Aug. 1, 2021. (Photo by Ly Lay/Xinhua)