Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံက COVID-19 ရောဂါ ထိန်းချုပ်ရန် ဗီယက်နမ်နိုင်ငံနှင့် တစ်လကြာ နယ်စပ် ပိတ်ထားမည်

ကမ္ဘောဒီးယားနိုင်ငံ၌ ဖနွမ်းပင်မြို့နှင့် Kandal ပြည်နယ်အကြားရှိ နယ်နိမိတ်တွင် ဧပြီလက ၁၄ ရက်ကြာ lockdown အစီအစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်များက အတားအဆီးများဖြင့် ပိတ်ဆို့ထားစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ရောဂါပြန့်နှံမှုအား ကာကွယ်ရန် ဇူလိုင် ၁၈ ရက်မှ စတင်၍ တစ်လကြာ ဗီယက်နမ်နိုင်ငံနှင့် နယ်စပ်အား ယာယီပိတ်ထားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် Ouch Borith က ပြောကြားခဲ့သည်။ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ် တက်ခ်ဟို ဟွန်ဆန်က အတည်ပြုချက်နှင့်အတူ ပြုလုပ်သော ဆုံးဖြတ်ချက်အား ဗီယက်နမ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ထံသို့ ဇူလိုင် ၁၃ ရက်တွင် စာပေးပို့အကြောင်းကြားခဲ့ပြီး ဇူလိုင် ၁၄ ရက်တွင် သတင်းမီဒီယာများထံသို့ ထုတ်ပြန်ခဲ့ကြောင်း အမြဲတမ်းအတွင်းဝန် Ouch Borith က ပြောကြားခဲ့သည်။

ခရီးသွားလာမှု ထွက်ခွာဝင်ရောက်မှုများ ယာယီဆိုင်းငံ့ထားစဉ်အတွင်း ဗီယက်နမ်နိုင်ငံက ကျွမ်းကျင်အလုပ်သမားများ ၊ ပညာရှင်များ နှင့် အလုပ်သမားများအား ကမ္ဘောဒီးယားနိုင်ငံသို့ ဝင်ရောက်ရန် ခွင့်ပြုသွားမည် မဟုတ်ကြောင်း နှင့် ကမ္ဘောဒီးယားနိုင်ငံရှိ ဗီယက်နမ် ကျွမ်းကျင်အလုပ်သမားများ ၊ ပညာရှင်များ နှင့် အလုပ်သမားများကိုလည်း ဗီယက်နမ်နိုင်ငံသို့ ပြန်လာခွင့် ပြုမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းအစီအမံသည် အစိုးရက အထူးခွင့်ပြုချက်နှင့် သင်တန်းများ သို့မဟုတ် သွားရောက်သည့် ကျောင်းသားများ နှင့် နှစ်နိုင်ငံတာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ၌ ဆေးကုသမှု ခံယူမည့် လူနာများ ၊ သံတမန်များ ၊ အစိုးရတာဝန်ရှိသူများဖြင့် မသက်ဆိုင်ကြောင်း အမြဲတမ်းအတွင်းဝန် Ouch Borith က ထည့်သွင်းပြောကြားခဲ့သည်။

ယင်းထုတ်ပြန်ချက်အရ နယ်စပ်တစ်လျှောက် ကုန်စည်ပို့ဆောင်မှုများသည် နှစ်နိုင်ငံက ချမှတ်ထားသည့် ကျန်းမာရေးအစီအမံများ တင်းကြပ်စွာလိုက်နာခြင်းနှင့်အတူ ဆက်လက်လုပ်ဆောင်နိုင်ကြောင်း သိရသည်။
ကမ္ဘောဒီးယား နှင့် ဗီယက်နမ် နှစ်နိုင်ငံလုံးသည် COVID-19 ရောဂါပြန့်နှံမှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုကို ရပ်တန့်ပစ်မည် မဟုတ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ဇူလိုင် ၁၄ ရက်တွင် ပြည်ပမှ ဝင်ရောက်လာသူ ၂၅၇ ဦး အပါအဝင် COVID-19 ရောဂါကူးစက်သူ ၉၁၅ ဦး စစ်ဆေးတွေ့ရှိိခဲ့ပြီး နိုင်ငံတွင်း လူနာပေါင်း ၆၃,၆၁၅ ဦး ရှိလာခဲ့ကြောင်း နှင့် သေဆုံးသူ ၃၃ ဦး ထပ်တိုးလာခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၉၈၆ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)

————————————————
(English Version)

Cambodia says to close border with Vietnam for one month to curb COVID-19

PHNOM PENH, July 14 (Xinhua) — Cambodia will temporarily shut its border with Vietnam for one month beginning July 18 to prevent the spread of COVID-19, Foreign Ministry’s standing secretary of state Ouch Borith said.

In a letter sent to the Cambodian ambassador to Vietnam on Tuesday and released to the media on Wednesday, Borith said the decision was made with the approval of Cambodian Prime Minister Samdech Techo Hun Sen.

During the temporary suspension of entry and exit travel, Vietnamese skilled workers, technicians and employees will not be allowed to enter Cambodia and those in Cambodia will not be allowed to return to Vietnam, he said.

The measure does not apply to patients seeking medical treatment in Vietnam, diplomats, officials on a mission at the invitation of the two countries’ authorities, and students who have completed the course or cases with special permission from the government, he added.

According to the letter, the transport of goods across the border can still be carried out with strict compliance with health measures set out by the two Southeast Asian nations.
Both Cambodia and Vietnam have spared no effort to contain the spread of COVID-19.

Cambodia reported 915 new COVID-19 infections, including 257 imported cases, on Wednesday, pushing the national total caseload to 63,615, the health ministry said, adding that 33 new fatalities were recorded, taking the overall death toll to 986. Enditem

Photo – Police officers block a road on the border between Phnom Penh and Kandal province of Cambodia during a 14-day lockdown in a bid to contain the spread of COVID-19 on April 17, 2021. (Photo by Phearum/Xinhua)