Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရန်ပုံငွေဖြင့် တည်ဆောက်ထားသော ဆေးဘက်ဆိုင်ရာအဆောက်အအုံအား စစ်ဆေးမှု ပြီးစီး

ကမ္ဘောဒီးယားနိုင်ငံ Tboung Khmum ပြည်နယ်တွင် ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေး Tboung Khmum ဆေးရုံ အုတ်မြစ်ချအခမ်းအနားသို့ တက်ရောက်လာသော ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် (ရှေ့တန်း ယာဘက်) နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Wang Wentian (ရှေ့တန်းဝဲဘက်) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်ရှိ ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေး Preah Kossamak ဆေးရုံရှိ တရုတ်နိုင်ငံမှ အကူအညီဖြင့် တည်ဆောက်ထားသော ဆေးဘက်ဆိုင်ရာအဆောက်အအုံမှာ စစ်ဆေးမှုအား ဒီဇင်ဘာ ၂၈ ရက်က အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကန်ထရိုက်တာဖြစ်သော China State Construction Engineering Corporation လီမိတက်က သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အထပ် ၁၁ ထပ်ရှိသော ယင်းအဆောက်အအုံတွင် ကုတင် ၄၀၀ ရှိပြီး အဆင့်မြင့်နည်းပညာ ဆေးဘက်ဆိုင်ရာ ကိရိယာများ တပ်ဆင်ထားကြောင်း၊ ခွဲစိတ်၊ ပြင်ပလူနာဝန်ဆောင်မှုများ၊ အရေးပေါ်၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ ဆေးရုံတက်ရောက်ခြင်းနှင့် ထောက်ပံ့ပို့ဆောင်ခြင်း အပါအဝင် အမျိုးမျိုးသော ယူနစ်များ ပိုင်းခြားထားကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စီမံကိန်းတည်ဆောက်မှုကို ၂၀၁၈ ခုနှစ်က စတင်ခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေးစီမံကိန်း နည်းပညာအဖွဲ့ ခေါင်းဆောင် Shi Xiaoguang က ဆေးဘက်ဆိုင်ရာအဆောက်အအုံသည် ကမ္ဘောဒီးယားနိုင်ငံရှိ ကျန်းမာရေးဝန်ဆောင်မှု မြင့်မားရေး အထောက်အကူပြုရန် ရည်ရွယ်လျက် တရုတ်နိုင်ငံ အစိုးရ၏ ထောက်ပံ့မှုအကူအညီအရ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

“ဒီဆေးရုံက စွမ်းအင်အသုံးပြုမှုနည်းနည်းနဲ့ အရည်အသွေးမြင့်မြင့် ခေတ်မီကျန်းမာရေးအမြင်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးဖြစ်လာမှာပါ” ဟု ၎င်းက ဆိုသည်။

“ဒါဟာ နိုင်ငံအတွင်းမှာ ဆေးဘက်ဆိုင်ရာ နည်းပညာ အမြင့်ဆုံးအဆင့်ရှိတဲ့ ခေတ်မီ အထွေထွေအစိုးရဆေးရုံတစ်ခု ဖြစ်လာမှာပါ။ ပြီးတော့ ကမ္ဘောဒီးယားပြည်သူတွေကိုလည်း အဆင့်မြင့်ကျန်းမာရေးဝန်ဆောင်မှုတွေ ပံ့ပိုးပေးနိုင်ပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အဆိုပါ ဆေးရုံသည် တရုတ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး နက်ရှိုင်းစေမည်ဖြစ်သလို ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်အောက်တွင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ထပ်မံမြှင့်တင်ပေးရန် အထောက်အကူပြုသွားမည်ဖြစ်ကြောင်း Shi က ပြောခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး Mam Bunheng က ဇွန်လတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ လာရောက်လည်ပတ်စဉ် ယင်းစီမံကိန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ၌ ကြီးမားသောအောင်မြင်မှု ဖြစ်ကြောင်းနှင့် ရန်ပုံငွေပံ့ပိုးပေးခြင်းအတွက်လည်း တရုတ်နိုင်ငံအားကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————–
(English Version)
China-funded medical building in Cambodia’s capital passes completion inspection
2021-12-28 15:12:39
PHNOM PENH, Dec. 28 (Xinhua) — A China-aided medical building at the Cambodia-China Friendship Preah Kossamak Hospital in Phnom Penh, capital of Cambodia, successfully passed the completion inspection on Tuesday, the contractor, China State Construction Engineering Corporation Ltd., said in a news release.
The 11-story building has 400 beds and is equipped with high-tech medical equipment, the news release said, adding that it is divided into different units, including surgery, outpatient services, emergency, medical technology, hospitalization, and logistics.
Construction work on the project started in October 2018.
The construction project technical team’s leader, Shi Xiaoguang, said the medical building was developed under the Chinese government’s grant aid, aiming at helping improve health services in Cambodia.
“It will become the first hospital in Cambodia with a modern medical concept of low energy consumption and high quality,” he said.
“And it will also become a modern public general hospital with the highest level of medical technology in the country, and will provide Cambodian people with a higher level of medical services,” he added.
Shi said the hospital will deepen the bond of friendship between the peoples of China and Cambodia, and will also contribute to further promoting the cooperation between the two countries under the Belt and Road Initiative.
Cambodian Health Minister Mam Bunheng said in June during a visit to the construction site that the project was a huge achievement in the kingdom’s health sector and thanked China for funding it. Enditem

Photo : Cambodian Prime Minister Hun Sen (right, front) and Chinese ambassador to Cambodia Wang Wentian (left, front) attend a groundbreaking ceremony for the Cambodia-China Friendship Tboung Khmum Hospital in Tboung Khmum province, Cambodia, on Friday. ( Xinhua)