Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အပြီး ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ဖနွမ်းပင်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဆမ်ဒက်အာခါမိုဟာဆီနာပါတိုင်းတဲ့ချိုဟွန်ဆင် (Samdech Techo Hun Sen) သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်ပြီးနောက် ဇန်နဝါရီ ၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောကြားခဲ့သည်။ဟွန်ဆန်သည် နေပြည်တော်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး ဘုံအကျိုးစီးပွားနှင့် စပ်လျဉ်းသော နှစ်နိုင်ငံနှင့် ဒေသတွင်း ကိစ္စရပ်များစွာအား ဆွေးနွေးခဲ့ကြောင်း Sokhonn က ပြောကြားခဲ့သည်။
“မြန်မာခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း ရရှိခဲ့တဲ့ ရလဒ်တွေက အလွန်အပြုသဘောဆောင်ပြီး ပြီးခဲ့တဲ့နှစ်က အာဆီယံခေါင်းဆောင်တွေရဲ့ ရရှိထားတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို ရှေ့ဆက် တိုးတက်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်’’ ဟု ဟွန်ဆင် ပြန်လည်ရောက်ရှိပြီးနောက် ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား သေချာစွာ ပေးအပ်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ကြောင်း ဟွန်ဆင်၏ ခရီးစဉ်အပြီး ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Sokhonn အား မြန်မာနိုင်ငံရာ အာဆီယံ အထူးသံတမန် ခန့်အပ်ခြင်းအပေါ် ကြိုဆိုကြောင်းနှင့် နောက်ပိုင်း၌ အာဆီယံ ပဋိညာဉ်နှင့်အညီ ဘုံသဘောတူညီချက် ၅ ရပ်အား အကောင်အထည်ဖော်ရာတွင် ၎င်း၏ တာဝန်အား ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီရန် ကတိပြုခဲ့ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြသည်။ (Xinhua)

…………………………………………
(English Version)
Cambodian PM returns home after visiting Myanmar

PHNOM PENH, Jan. 8 (Xinhua) — Cambodian Prime Minister Samdech Techo Hun Sen, the chair of the Association of Southeast Asian Nations (ASEAN) for 2022, returned to Cambodia Saturday after a two-day visit to Myanmar, Cambodia’s Foreign Minister Prak Sokhonn said.
In Nay Pyi Taw, Hun Sen met with Senior General Min Aung Hlaing, chairman of the State Administration Council of Myanmar, discussing a number of bilateral and regional issues of common interest and concerns, Sokhonn said.

“The outcome we had achieved during the talks with the Myanmar leader is very positive and it is a progressive step towards the five-point consensus reached by the ASEAN leaders last year,” he said in a press briefing at the Phnom Penh International Airport upon Hun Sen’s arrival.
According to a joint press statement released at the end of Hun Sen’s visit, the two leaders supported the convening of a meeting among stakeholders to ensure the delivery of humanitarian assistance to the people of Myanmar.

Min Aung Hlaing also welcomed the appointment of Sokhonn as the special envoy of the ASEAN chair on Myanmar and pledged support to the latter in fulfilling his mandate to implement the five-point consensus in accordance with the ASEAN Charter.

ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.