Connect with us

COVID-19 UPDATES

ကမ္ဘောဒီးယားနိုင်ငံ၌ အိန္ဒိယနိုင်ငံတွင်တွေ့ရှိခဲ့သော ဗီဇပြောင်း COVID-19 ကူးစက်ခံရသူ ၃ ဦးတွေ့ရှိ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဆောက်အအုံရှေ့တွင် နှာခေါင်းစည်းတပ်ဆင်ထားသော ပျံကျဈေးသည်တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ပိုမိုကူးစက်နိုင်သော ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ် B.1.617 ပထမဆုံး ကူးစက်ခံရသူ အတည်ပြုလူနာ ၃ ဦးအား ဇွန် ၄ ရက်တွင် တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Mam Bunheng က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“၂၀၂၁ ခုနှစ်၊ ဇွန် ၄ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံ Pasteur Institute ရဲ့ ဓာတ်ခွဲစမ်းသပ်ချက်အရ ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်အသစ်ဖြစ်တဲ့ B1617 ကို လူနာ ၃ ဦးမှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီလူတွေက ထိုင်းနိုင်ငံကနေ နယ်စပ်ကိုဖြတ်ပြီး ပြန်လာကြတဲ့ ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားတွေဖြစ်ကြပါတယ်’’ ဟု ၎င်းကဆိုသည်။

ယင်းလူနာများတွင် အသက် ၂၇ နှင့် ၄၃ နှစ်အရွယ် အမျိုးသမီးနှစ်ဦးနှင့် အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦး တို့ပါဝင်ကြောင်း၊ ယင်းတို့အနက် နှစ်ဦးမှာ Battambang ပြည်နယ်ရှိ ဆေးရုံများတွင် ကုသမှုခံယူနေကြောင်းနှင့် တစ်ဦးမှာ Oddar Meanchey ပြည်နယ်ရှိ ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြောင်း ဝန်ကြီးကဆိုသည်။

အလွတ်သဘောအားဖြင့် “သန္ဓေနှစ်ခုပြောင်း ဗိုင်းရပ်စ်” ဟုခေါ်ဝေါ်ကြသည့် ယင်း B1617 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စိုးရိမ်ဖွယ်ရာ ဗီဇပြောင်းဗိုင်းရပ်စ်အဖြစ် ပြီးခဲ့သည့်လတွင်ကြေညာခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၌ လက်ရှိအချိန်အထိ COVID-19 အတည်ပြုလူနာစုစုပေါင်း ၃၃,၀၇၅ ဦးရှိပြီး သေဆုံးလူနာ ၂၄၂ ဦးရှိကာ ပြန်လည်ကျန်းမာလာသူ ၂၅,၅၄၄ ဦးရှိကြောင်း ကျန်းမာရေဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

————————————
(English Version)
Cambodia confirms 3 cases of COVID-19 variant detected in India
PHNOM PENH, June 4 (Xinhua) — Cambodia on Friday confirmed the first three cases of a more infectious COVID-19 variant, B.1.617, which first emerged in India, Health Minister Mam Bunheng said in a statement.
“On June 4, 2021, laboratory testing by the Pasteur Institute in Cambodia found new COVID-19 variant B1617 on three patients, who are Cambodian laborers coming back from Thailand via a land border,” he said.
The patients included two women, aged 27 and 43, and one man aged 46, the minister said, adding that two of them are undergoing treatment at hospitals in Battambang province and one receiving treatment at a hospital in Oddar Meanchey province.
The B1617, informally dubbed the “double mutant,” was declared as a variant of concern last month by the World Health Organization (WHO).
Cambodia has so far logged a total of 33,075 confirmed COVID-19 cases, with 242 deaths and 25,544 recoveries, according to the health ministry said. Enditem
Photo- A vendor wearing mask is seen in front of the Independence Monument in Phnom Penh, Cambodia, March 25, 2020. (Xinhua/Mao Pengfei)