Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကောရှေးဟောင်းသုတေသနဥယျာဉ် ကမ္ဘာလှည့်ခရီးသွားများအား စောင့်ဆိုင်းနေ

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်ရှိ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်အား မေ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Apsara National Authority/Handout via Xinhua)

ဖနွမ်းပင်၊ မေ ၂၈ ရက် (ဆင်ဟွာ)

၁၉၉၂ ခုနှစ်က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့သော အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်သည် ကမ္ဘောဒီးယားနိုင်ငံရှိ နာမည်အကြီးဆုံးသော ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာနေရာဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်ရှိ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်ဝင်းအတွင်းရှိ ဘုရားကျောင်းများသို့ သွားရာ အဝင်ဝတံခါးကို မေ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Apsara National Authority/Handout via Xinhua)

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်ရှိ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်အား မေ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Apsara National Authority/Handout via Xinhua)

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်ရှိ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်အား မေ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Apsara National Authority/Handout via Xinhua)

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်ရှိ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်အား မေ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Apsara National Authority/Handout via Xinhua)

Siem Reap ပြည်နယ်တွင် တည်ရှိသော အဆိုပါ ဥယျာဉ်သို့ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၂.၂ သန်းလာရောက်လည်ပတ်ခဲ့ပြီး လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၉၉ သန်း ရရှိခဲ့ကြောင်း သိရသည်။

သို့ရာတွင် COVID-19 ကပ်ရောဂါ သက်ရောက်မှုကြောင့် ၂၀၂၁ ခုနှစ် ပထမသုံးလပတ်၌ နိုင်ငံခြားဧည့်သည် ၄,၄၈၂ ဦးခန့်သာ ဝင်ရောက်ခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလအတွင်း ၃၈၃,၆၆၃ ဦးရှိခဲ့သဖြင့် ၉၈.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း နိုင်ငံပိုင် အန်ကော စီးပွားရေးလုပ်ငန်း၏ နောက်ဆုံးရအစီရင်ခံစာအရ သိရသည်။

“ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ် စတုတ္ထ သုံးလပတ်မှာ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသော ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက် တံခါးဖွင့်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ခရီးသွားလုပ်ငန်းဝန်ကြီးဌာန အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Top Sopheakhe က မေလအစောပိုင်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
Cambodia’s famous Angkor Archeological Park awaits tourists
Source: Xinhua| 2021-05-28 10:35:25|Editor: huaxia
PHNOM PENH, May 28 (Xinhua) — The Angkor Archeological Park, inscribed on the World Heritage List of the United Nations Educational, Scientific and Cultural Organization (UNESCO) in 1992, is Cambodia’s most popular tourist destination.
Located in Siem Reap province, the park attracted up to 2.2 million international tourists in 2019, earning a gross revenue of 99 million U.S. dollars from ticket sales.
However, it received only 4,482 foreign visitors in the first quarter of 2021, down 98.8 percent from 383,663 over the same period last year, due to the impact of the COVID-19 pandemic, according to the latest report of the state-owned Angkor Enterprise.
“We hope that Cambodia will open its door to fully-vaccinated foreign tourists in the fourth quarter of 2021,” Tourism ministry secretary of state and spokesperson Top Sopheakhe told Xinhua earlier in May.
1-Photo taken on May 24, 2021 shows a view of the Angkor archeological park in Siem Reap, Cambodia. (Apsara National Authority/Handout via Xinhua)
2-Photo taken on May 24, 2021 shows a gateway to temples in the complex of the Angkor archeological park in Siem Reap, Cambodia. (Apsara National Authority/Handout via Xinhua)
3- Photo taken on May 21, 2021 shows a view of the Angkor archeological park in Siem Reap, Cambodia. (Apsara National Authority/Handout via Xinhua)
4- Photo taken on May 21, 2021 shows a view of the Angkor archeological park in Siem Reap, Cambodia. (Apsara National Authority/Handout via Xinhua)■