Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးရုံး အဆောက်အဦးအသစ်အားဖွင့်လှစ်

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ဧပြီ ၇ က်တွင် ပြုလုပ်သည့် COVID-19 နောက်ဆုံးအခြေအနေ နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန် အားတွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့လယ်ရှိ နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာန၏ ရုံးခန်းအဆောက်အအုံသစ်ကို ဒီဇင်ဘာ ၂၈ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန် (Samdech Techo Hun Sen) က အဆောက်အအုံသစ် တည်ဆောက်မှုသည် နိုင်ငံ၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သော လုပ်ငန်းခွင်များ လိုအပ်မှု၏ အဖြေဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍနှစ်ခုစလုံးက သက်ဆိုင်သူတွေအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့ကလည်း ဒီစီမံကိန်းကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” ဟု ၎င်းက ဆိုသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Tea Banh ၏ ပြောကြားချက်အရ ဖနွမ်းပင်မြို့ရှိ ရုရှားဖက်ဒရေးရှင်း လမ်းမကြီးပေါ်တွင် တည်ရှိသော ၎င်းအဆောက်အအုံကို ၂၀၁၈ ခုနှစ် ဇွန်လတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦးတွင် အထပ်ခြောက်ထပ် အဆောက်အအုံနှင့် ကြီးမားသော ဝင်းကြီးတစ်ခု ပါဝင်ပြီး နိုင်ငံတွင်းနှင့် နိုင်ငံတကာ ပွဲလမ်းသဘင်များအတွက် လူပေါင်း ၁၀၀၀ ကျော် ဆန့်သည့် သတင်းစာ ရှင်းလင်းပွဲ နှင့် ခန်းမကြီး ပါဝင်ကြောင်း ၎င်းက ဆိုသည်။

အမေရိကန် ဒေါ်လာ သန်း ၃၀ ခန့် ကုန်ကျသည့် အဆောက်အဦ ခေါင်မိုးပေါ်တွင် ရဟတ်ယာဉ် တစ်စီး ဆင်းသက် နိုင်ကြောင်း Banh မှ ပြောကြားခဲ့ပါသည်။
၎င်းရုံးခန်းအဆောက်အအုံကို China Railway Urban Construction Group Co. Limited (CRCC) မှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး China Railway Construction Corporation Limited (CRCC) ၏ ရာနှုန်းပြည့် ပိုင်ဆိုင်သည့် လုပ်ငန်းခွဲတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————–
(English Version)
Cambodia inaugurates new defense ministry office building
PHNOM PENH, Dec. 29 (Xinhua) — Cambodia on Wednesday inaugurated the new office building of the Ministry of National Defense in central area of the capital Phnom Penh.
Speaking during the inauguration ceremony, Prime Minister Samdech Techo Hun Sen said construction of the new building responds to the country’s rapid development and the need for decent workplaces.
“I’d like to express my gratitude to all stakeholders in both public and private sectors, as well as to the People’s Republic of China and the Socialist Republic of Vietnam for aiding this project,” he said.
According to Deputy Prime Minister and Defense Minister Tea Banh, construction of the building located on the Russian Federation Boulevard in Phnom Penh began in June 2018 and was completed in October 2021.
The premises include a six-floor building and a large courtyard, and have functional facilities including a press conference venue and a large auditorium which can house more than 1,000 people for national and international events, according to him.
Banh said that there is a helipad on the roof of the building, which cost about 30 million U.S. dollars.
The office building was constructed by China Railway Urban Construction Group Co. Limited (CRUCG), which is a wholly-owned subsidiary of China Railway Construction Corporation Limited (CRCC). Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.