Connect with us

Asia

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ၎င်းအားဆက်ခံမည့် ဝန်ကြီးချုပ်လောင်းများထဲ တွင် သားကြီးဖြစ်သူ ဟွန်မနက်ကို ထည့်သွင်းလျာထား

ဖနွမ်းပင် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဆမ်ဒက်တက်ချိုဟွန်ဆန်သည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ရာထူးမှ အနားယူနိုင်ဖွယ်ရှိနေရာ ၎င်းအား ဆက်ခံမည့် ဝန်ကြီးချုပ်လောင်းများထဲတွင် ၎င်း၏ သားကြီးဖြစ်သူ ဟွန်မနက်(Hun Manet) ကိုထည့်သွင်းလျာထားကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။အသက် ၆၉ နှစ်အရွယ် ဟွန်ဆန်က ၎င်းသည် ၂၀၃၀ ပြည့်နှစ်အထိ ဝန်ကြီးချုပ်ရာထူးတွင် ရှိနေမည်ဖြစ်ပြီး ယင်းနောက်တွင် အထွေထွေရွေးကောက်ပွဲများ၌ ဝန်ကြီးချုပ်လောင်းအဖြစ် သားဖြစ်သူ မနက်ကို အမည်စာရင်းတင်သွင်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

“ ဒီနေ့ကျွန်တော်ကြေညာချင်တာက သားကြီး မနက်ကို ဝန်ကြီးချုပ်လောင်းလျာတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ် ထည့်သွင်းသွားပါမယ်။ အဲဒီရာထူးအတွက်သူ့ကို ကျွန်တော်အပြည့်အဝ ထောက်ခံပါတယ်” ဟု ဟွန်ဆန်က နိုင်ငံအနောက်တောင်ပိုင်း Preah Sihanouk ပြည်နယ်တွင် လမ်းအခြေခံအဆောက်အဦ တည်ဆောက်ရေးဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ကို နိုင်ငံပိုင် ကမ္ဘောဒီးယားအမျိုးသားရုပ်မြင်သံကြားဌာနက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။

အသက် ၄၄ နှစ်အရွယ် ဟွန်မနက်သည် လက်ရှိတွင် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ၏ အမြဲတမ်းကော်မတီ၏ ကော်မတီဝင်တစ်ဦးဖြစ်သည်။ သူသည် ကမ္ဘောဒီးယားနိုင်ငံစစ်တပ်၏ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် နှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်၏ တပ်မှူးကြီးလည်း ဖြစ်ကြောင်း သိရသည်။(Xinhua)

—————————————-
(English Version)
Cambodian PM says eldest son Manet will be one of PM candidates after him

PHNOM PENH, Dec. 2 (Xinhua) — Cambodian Prime Minister Samdech Techo Hun Sen revealed on Thursday that his eldest son Hun Manet will be one of the prime ministerial candidates after the father’s possible retirement in 2030.
Hun Sen, 69, said he would stay in power until 2030 and after that he would name Manet to be a prime ministerial candidate in general elections.
“I would like to announce today that Hun Manet will be one of the prime ministerial candidates and I fully support him for this post,” he said in a speech during an inauguration ceremony of road infrastructure in southwestern Preah Sihanouk province broadcast live on the National Television of Cambodia.
Manet, 44, is currently a member of the Permanent Committee of the ruling Cambodian People’s Party. He is also a deputy commander-in-chief of the Royal Cambodian Armed Forces and the commander of the Royal Cambodian Army. Enditem

Photo- Cambodian Prime Minister Samdech Techo Hun Sen speaks at the launching ceremony of a COVID-19 vaccination drive for children aged five Nov. 1, 2021 in Phnom Penh.