Connect with us

North America

ကယ်လီဖိုးနီးယားတွင် အပူလှိုင်းကျရောက်မှု ၊ မိုးခေါင်ရေရှားမှု နှင့် တောမီးလောင်ကျွမ်းမှုများ ရင်ဆိုင်နေရ

အမေရိကန်နိုင်ငံ တောင်ကယ်လီဖိုးနီးယားကောင်တီ မြစ်ကမ်းနံဘေးတွင် တောမီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတွင် ယခုနှစ်၏ ပထမဆုံးအပူလှိုင်းကို ယခုရက်သတ္တပတ်အတွင်း ကြုံရနိုင်ဖွယ်ရှိရာ ဆိုးဝါးသည့် မိုးခေါင်ရေရှားမှုဖြစ်ပွားခြင်းက တောမီးလောင်ကျွမ်းမှု ပိုများလာနိုင်မည့်အခြေအနေရှိကြောင်း ဒေသအာဏာပိုင်များက တနင်္လာနေ့တွင် သတိပေးပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လစ်ကောင်တီ Santa Monicaကမ်းခြေရှိ လူများအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အနောက်တောင်ပိုင်းဒေသများတွင် လေဖိအားမြင့်တက်လာခြင်းကြောင့် တနင်္လာနေ့တွင် အပူချိန်တိုးလာခြင်း ဖြစ်ပြီး တစ်ပတ်အတွင်း အပူချိန်ပို၍ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း လော့စ်အိန်ဂျလိစ် ရာသီဥတုဝန်ဆောင်မှုဌာန (NWS)၏ သတင်းများအရ သိရသည်။ လော့စ်အိန်ဂျလိစ်ကောင်တီ မြောက်ပိုင်း Antelope Valleyတွင် အမြင့်ဆုံးအပူချိန် ၁၁၂ ဒီဂရီ (၄၄.၄ ဒီဂရီစင်တီဂရိတ်ခန့်)အထိ မြင့်တက်နိုင်ကြောင်း ဆိုသည်။

“အင်္ဂါနေ့ကနေ ကြာသပတေးနေ့အထိအပူဆုံးဖြစ်နိုင်တယ်။ တောင်တန်းနှင့်တောင်နိမ့်ဒေသတွေမှာ အပူချိန် (၁၀၀)နှင့် (၁၁၀)အကြား ၊ အနိမ့်ဆုံး စိုထိုင်းဆက (၅)ရာခိုင်နှုန်းမှ(၁၅)ရာခိုင်နှုန်းထိ အများဆုံးရှိနိုင်တယ် ”ဟု NWSက တွစ်တာတွင် ရေးသားထားသည်။

ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ San Joaquinနှင့် Sacramentoချိုင့်ဝှမ်းဒေသတွင် ကြာသပတေးနေ့ တွင် အပူချိန်မြင့်တက်နိုင်ကြောင်း NWS Sacramentoက ဆိုသည်။ ယင်းပြည်နယ် မြို့တော်အနီးရှိ တောင်တန်းဒေသများတွင် အပူချိန် ၁၀၀ ဒီဂရီ (၃၇.၈ ဒီဂရီစင်တီဂရိတ်ခန့်) မှ ၁၁၃ ဒီဂရီ အထိ ရှိနိုင်ကြောင်း ဆိုသည်။

အပူလှိုင်းကြောင့် ကယ်လီဖိုးနီးယား ပြည်နယ် ဒေသအချို့တွင် အလွန်အမင်းမိုးခေါင်ရေရှားမှုအခြေအနေကို ပို၍ ဆိုးဝါးစေနိုင်ကြောင်း သိရသည်။ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်း ၊ အလယ်ပိုင်းကမ်းရိုးတန်းဒေသများတွင် အလွန်အမင်း မဖြစ်စဖူး မိုး‌ခေါင်ရေရှား မှုအခြေအနေနှင့် ကြုံတွေ့ရနိုင်ကြောင်း အမေရိကန်ပင်လယ်သမုဒ္ဒရာနှင့်မိုးလေဝသဌာနက ပြီးခဲ့သည့်အပတ်တွင် သတိပေးပြောကြားခဲ့သည်။

ထို့အပြင် အပူလှိုင်းနှင့် မိုးခေါင်ရေရှားမှုဒဏ်များကြောင့် တောမီးလောင်ကျွမ်းမှုများ လာခဲ့ရာ တနင်္လာနေ့က ကယ်လီဖိုးနီးယားတွင် တောမီး ဟက်တာ ရာနှင့်ချီဆက်လက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် မီးသတ်တပ်ဖွဲ့၏ ဖော်ပြချက်များအရ တနင်္လာနေ့အထိ ယခုနှစ်အတွင်း မီးဘေး ၃,၁၅၁ ကြိမ် ဖြစ်ပွားခဲ့ရာ ၁၇,၂၇၃ ဧက (စတုရန်းကီလိုမီတာ ၆၉.၉ )လောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။

တနင်္လာနေ ညပိုင်းမှ ဗုဒ္ဓဟူးနေ့မနက်ပိုင်းအထိ Santa Barbara ကောင်တီ တောင်ပိုင်း ပင်လယ်ကမ်းခြေတွင် အနီရောင်အလံ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ကယ်လီဖိုးနီးယား အရှေ့တောင်ပိုင်းဒေသများတွင် ဆိုးဝါးသည့် မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်သော ရာသီဥတု ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)
———————————–
(English Version)
California faces threats of heat wave, extreme drought, wildfire
2021-06-15 04:10:36
LOS ANGELES, June 14 (Xinhua) — California braces for its first major heat wave of the year this week and the extreme drought conditions could cause more wildfires, the authority warned Monday.
High pressure building over the Southwest would bring increased temperatures on Monday and it would get even hotter as the week goes on, according to the National Weather Service (NWS) Los Angeles. Temperatures could reach as high as 112 degrees (about 44.4 degrees Celsius) in Antelope Valley in northern Los Angeles County this week.
“Tuesday through Thursday should be the hottest, when highs between 100 and 110 and minimum humidities between 5 and 15 percent will be common over most mountains and lower mountains,” the NWS tweeted.
Temperatures would soar in the San Joaquin and Sacramento valleys in northern California by Thursday, the NWS Sacramento said. Highs were supposed to range from 100 degrees (about 37.8 degrees Celsius) to 113 degrees in the mountain area near the capital city of the state.
The heat wave would worsen the extreme drought hitting several areas in the Golden State. Last week, the National Oceanic and Atmospheric Administration warned of “extreme and exceptional drought” conditions in northern and central California, as well as along the central California coast.
Moreover, the heat wave and drought conditions could lead to more wildfires as hundreds of acres continued to burn across California on Monday.
There are currently four active wildfires of interest in the state, including the Beale Fire, the Goose Fire, the Flats Fire and the Farm Fire, according to the California Department of Forestry and Fire Protection, or Cal Fire.
As of Monday, Cal Fire reported that 17,273 acres (69.9 square km) had been scorched in 3,151 incidents so far this year.
Red flag warnings would be in effect Monday evening through Wednesday morning along the south Santa Barbara County coast and critical fire weather conditions were also expected in southeastern California. ■

Photo 1:Firefighters battle against a wildfire in Riverside County of Southern California, the United States, Aug. 2, 2020. (Xinhua)
Photo 2:People are seen on the Santa Monica Beach, Los Angeles County, the United States, Aug. 15, 2020. (Xinhua)