Connect with us

Asia

ကာကွယ်ဆေးထိုးနှံပြီးသူများ (q) ဝင်စရာမလိုဘဲ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့်ပြု

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံများအားလုံး နှင့် ဒေသများမှ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးသူများကို ဖေဖော်ဝါရီ ၁ ရက် မှ စတင်ကာ သီးခြားခွဲနေထိုင်မှု(q) ဝင်စရာမလိုဘဲ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ၊ ယင်းမှာ ခရီးသွားကဏ္ဍ နှင့် နိုင်ငံ့စီးပွားရေးပြန်လည် နလံထူရန် ထိုင်းအစိုးရ၏ နောက်ဆုံးလုပ်ဆောင်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်မည့် ကမ္ဘာ့နိုင်ငံများအားလုံး နှင့် ဒေသများမှ ခရီးသွားပြည်သူများအနေဖြင့် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးပါက သီးခြားခွဲနေထိုင်မှု(q) မဝင်ရအောင် လျှောက်ထားနိုင်ပြီး ထိုင်းနိုင်ငံသို့ ၎င်းတို့ရောက်ရှိလာပြီးသည့်နောက် ပထမဆုံးနေ့ နှင့် ပဉ္စမမြောက်နေ့တို့တွင် RT-PCR ကိုဗစ်ရောဂါ စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ သုဝဏ္ဏဘုမ္မိလေဆိပ် စင်္ကြံ၌ လေယာဉ်မယ်များ လမ်းလျှောက်လာသည်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ယခင်က ထိုင်းနိုင်ငံ၏ ခရီးသွားများအတွက် သီးခြားခွဲနေထိုင်မှု(q) ကင်းလွတ်ခွင့်ပြု အစီအစဉ်တွင် ရောဂါကူးစက်မှုအန္တရာယ်နိုမ့်ပါးသည့် ကမ္ဘာ့နိုင်ငံ နှင့် ဒေသပေါင်း ၆၀ ကျော်မှ ခရီးသွားများကိုသာ ခွင့်ပြုထားခဲ့ရာမှ ယခုအခါကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံထဲ ခရီးသည် သုံးသိန်းအထိ ဝင်ရောက်နိုင်ရန်မျှော်မှန်းထားကြောင်း နှင့် လာမည့် မတ်လတွင် ခရီးသည်များ ပိုမိုဝင်ရောက်လိမ့်မည်ဖြစ်ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Thanakorn Wangboonkongchana က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်တွင်ထိုင်းနိုင်ငံသို့ နိုင်ငံတကာခရီးသွား စုစုပေါင်း ၄၂၇,၈၆၉ ဦးဝင်ရောက်ခဲ့ခြင်းနှင့်အတူ ယင်းနှစ် နိုဝင်ဘာလနှင့်ဒီဇင်ဘာလများအတွင်း ဝင်ရောက်မှုသည် တစ်နှစ်ပတ်လုံး ဝင်ရောက်မှု စုစုပေါင်း၏ လေးပုံသုံးပုံကျော်အထိ ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ခရီးသွားနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ သုဝဏ္ဏဘုမ္မိလေဆိပ်၌ ခရီးသည်များအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံအစိုးရသည် ကပ်ရောဂါမတိုင်ခင် တိုင်းပြည်စီးပွားရေးကို ၂၀ ရာခိုင်နှုန်းကျော်အထိ အကျိုးပြု ထောက်ပံ့ပေးနေသည့် ခရီးသွားကဏ္ဍကို ကပ်ရောဂါဘေးဒဏ်ခံစားရခြင်းမှ ပြန်လည်ကုစားနိုင်ရန် ကူညီပံ့ပိုးရေးအစီအစဉ်အမျိုးမျိုးကို ဖွင့်ဟထုတ်ဖော်ခဲ့သည်။ ယင်းတို့ထဲတွင် ပြည်တွင်းခရီးသွားမြှင့်တင်ရေးအတွက် ငွေကြေးထောက်ပံ့ခြင်း နှင့် ကာကွယ်ဆေးထိုးနှံမှုအရှိန်အဟုန်မြှင့်တင်ခြင်းတို့လည်း အပါအဝင်ဖြစ်သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ထိုင်းနိုင်ငံ၌ COVID-19 ရောဂါကူးစက်မှုအသစ် ၇,၄၂၂ ခုရှိခဲ့ပြီး ပြီးခဲ့သော ၂၄ နာရီအတွင်း နောက်ထပ် သေဆုံးသူ ၁၂ ဦးရှိခဲ့ရာ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂.၄၄ သန်းကျော် နှင့် သေဆုံးသူပေါင်း ၂၂,၁၈၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထိုင်းနိုင်ငံ၏ လူဦးရေ သန်း ၇၀ နီးပါးအနက် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၆၉.၉ ရာခိုင်နှုန်း နှင့် အားဖြည့်ကာကွယ်ဆေး(booster) ထိုးနှံပြီးသူ ၂၀.၅ ရာခိုင်နှုန်းရှိကြောင်း ထိုင်းနိုင်ငံ COVID-19 ရောဂါအခြေအနေစီမံခန့်ခွဲရေးစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

———————————————–
(English Version)

Thailand welcomes vaccination visitors with quarantine-free entry

BANGKOK, Feb. 2 (Xinhua) — Thailand welcomed fully-vaccinated tourists from all countries and regions with quarantine-free travel starting Tuesday, its latest step to revive the tourism sector and economic recovery.
Inbound visitors from all countries and regions could apply for the quarantine-free entry as long as they have been fully-vaccinated and take RT-PCR tests on the first and fifth days of their arrival in Thailand.

The wider reopening, with previous quarantine-free program restricted to more than 60 countries and regions that were designated as low-risk, is expected to bring in up to 300,000 travelers into Thailand in February, with the number likely to further increase in March, according to government spokesperson Thanakorn Wangboonkongchana.

The number of the country’s international tourist arrivals shrank to 427,869 in 2021, with more than three quarters of the total entering in November and December, according to the Ministry of Tourism and Sports.
The Thai government has unveiled a series of measures to support the pandemic-ravaged tourism sector, which accounted for about 20 percent of the economy before the pandemic. These included handing out subsidies to boost domestic travel and accelerating vaccine roll-out.

On Tuesday, the Southeast Asian country reported 7,422 new confirmed cases and 12 more deaths over the last 24 hours, raising the total number of infections to more than 2.44 million while that of fatalities to 22,185.
As of Monday, 69.9 percent of the country’s nearly 70-million population had been fully-vaccinated while 20.5 percent had received booster shots, according to the Center for COVID-19 Situation Administration.

Photo (1) Passengers walk in the Suvarnabhumi International Airport in Bangkok, Thailand, on Feb. 1, 2022. (Xinhua/Rachen Sageamsak)

Photo(2) Crew members are seen at the Suvarnabhumi International Airport in Bangkok, Thailand, on Feb. 1, 2022. (Xinhua/Rachen Sageamsak)

Photo(3) Passengers are seen at the Suvarnabhumi International Airport in Bangkok, Thailand, on Feb. 1, 2022. (Xinhua/Rachen Sageamsak)