Connect with us

Africa & Middle East

ကိုလံဘီယာလေဆိပ် ပေါက်ကွဲမှုများအတွင်း ရဲတပ်ဖွဲ့ဝင် ၂ ဦး ၊ အရပ်သား ၁ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံ ဘိုကိုတာမြို့၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီလက ဖြစ်ပွားသော ကားဗုံးပေါက်ကွဲမှု ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဘိုကိုတာ ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Cucuta နိုင်ငံတကာလေဆိပ်၌ ဖောက်ခွဲရေးပစ္စည်း နှစ်ခု ပြင်းထန်စွာ ပေါက်ကွဲခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦး နှင့် အရပ်သား ၁ ဦးအပါအဝင် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Diego Molano က ဒီဇင်ဘာ ၁၄ ရက်တွင် အတည်ပြုခဲ့သည်။

အရပ်သားတစ်ဦးထံတွင် ပထမဆုံးကိရိယာတစ်ခု ပေါက်ကွဲသွားခဲ့ပြီး မိနစ်ပိုင်းအကြာတွင် အခြားဖောက်ခွဲရေးပစ္စည်းအား သက်မဲ့အဖြစ် ပိတ်ပစ်ရန် ကြိုးပမ်းနေစဉ်အတွင်း ရဲအရာရှိ ၂ ဦး သေဆုံးခဲ့ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

“ဒါက ဆက်တိုက် ဖြစ်ပွားမှု နှစ်ခု ဖြစ်ပါတယ်။ ပထမဆုံး လူတစ်ယောက်က ဖောက်ခွဲရေးပစ္စည်းတစ်ခုနဲ့အတူ လေဆိပ်အကာအရံကို ကျော်ပြီး ခုန်ချဖို့ ကြိုးပမ်းပြီး ဖောက်ခွဲခဲ့ပါတယ်။ အဲဒီလူ သေဆုံးသွားခဲ့ပါတယ်။”ဟု ကာကွယ်ရေးဝန်ကြီး Diego Molano က ပြောကြားခဲ့သည်။

စစ်သားများနှင့်အတူ ဗုံးရှင်းလင်းရေးရဲတပ်ဖွဲ့များ ချက်ချင်း ရောက်ရှိလာခဲ့ပြီး ၎င်းတို့ စစ်ဆေးနေချိန်အတွင်း အခြားကိရိယာတစ်ခု ထပ်မံပေါက်ကွဲသွားရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုလံဘီယာနိုင်ငံ သမ္မတ Ivan Duque က ၎င်း၏တွစ်တာအကောင့်ပေါ်တွင် ယင်းလုပ်ရပ်အား “သူရဲဘောကြောင်သော အကြမ်းဖက်တိုက်ခိုက်မှု”တစ်ခုဟူ၍ ပြစ်တင်ရှုတ်ချခဲ့သည်။ ပြောကြားခဲ့သည်။
ပြစ်မှုကျူးလွန်သူများအား ရှာဖွေပြီး ချက်ချင်းအရေးယူဆောင်ရွက်မှုလုပ်နိုင်ရန် စစ်တပ် နှင့် ရဲတပ်ဖွဲ့ နှင့်အတူ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

———————————-
(English Version)
2 policemen, 1 civilian killed in explosions at Colombian airport
BOGOTA, Dec. 14 (Xinhua) — At least three people were killed, including two policemen and a civilian, when two explosive devices detonated at the Cucuta international airport in northeastern Colombia, Defense Minister Diego Molano confirmed Tuesday.
The official explained that the first device exploded on a civilian and minutes later two police officers died while trying to deactivate another explosive device.
“There were two consecutive events, first an individual tried to jump over the airport fence with an explosive device which detonated and the individual died,” he said.
“The anti-explosives group of the police arrived immediately with soldiers, and amid their review, another device was detonated and killed the policemen,” he added.
Colombian President Ivan Duque condemned the act on his Twitter account, calling it a “cowardly terrorist attack.”
He said that immediate actions were being coordinated with the army and the police to find those responsible. Enditem
Photo – Policemen work at the site where a car bomb exploded in Bogota, capital of Colombia, on Jan. 17, 2019. The death toll from a car bomb blast outside a police academy in Colombia on Thursday climbed to nine, officials said. (Xinhua/Jhon Paz)