Connect with us

INTERNATIONAL ORGANIZATION

ကုလသမဂ္ဂက အာဖဂန်နစ္စတန်နိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် အရေးပေါ်ရန်ပုံငွေများ ချပေး

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂက အာဖဂန်နစ္စတန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် မပြိုလဲစေရေး ကူညီရန် အရေးပေါ်ရန်ပုံငွေများထဲသို့ အမေရိကန်ဒေါ်လာ ၄၅ သန်း ချထားပေးကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။အာဖဂန်နစ္စတန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု ဖြန့်ဝေရေးစနစ်အား ပြိုလဲသွားအောင် ခွင့်ပြုခြင်းသည် ဒုက္ခရောက်စေနိုင်သည်။နိုင်ငံအနှံ့ရှိ ပြည်သူများသည် အရေးပေါ်ခွဲစိတ်မွေးဖွားခြင်း ကဏ္ဍများ နှင့် ဒဏ်ရာအနာတရများအား စောင့်ရှောက်မှုကဲ့သို့ သော အခြေခံကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီစေရေး ငြင်းပယ်ခံရနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ နှင့် အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေး လက်ထောက်အထွေထွေအတွင်းရေးမှူး Martin Griffiths က ကြေညာချက်တွင် ပြောကြားခဲ့သည်။

ယင်းရန်ပုံငွေများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေသို့ ပေးအပ်သွားမည် ဖြစ်ပြီး COVID-19 လူနာများအား ကုသပေးသည့် ဆေးရုံများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများကို ထောက်ပံ့သွားမည် ဖြစ်ပြီး နှစ်ကုန်အထိ လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂသည် အာဖဂန်နစ္စတန်နိုင်ငံပြည်သူများ လိုအပ်နေသည့်အချိန်တွင် ရပ်တည်သွားရန် ဆုံးဖြတ်ထားကြောင်း Griffiths က ပြောကြားခဲ့သည်။ (Xinhua)

————————————————
(English Version)

UN releases emergency funds for Afghanistan’s health care system
UNITED NATIONS, Sept. 22 (Xinhua) — The United Nations on Wednesday announced the release of 45 million U.S. dollars in emergency funds to help prevent Afghanistan’s health care system from collapse.

“Allowing Afghanistan’s health care delivery system to fall apart would be disastrous. People across the country would be denied access to primary health care such as emergency caesarian sections and trauma care,” said UN Undersecretary-General for Humanitarian Affairs and Emergency Relief Coordinator Martin Griffiths in a statement.

The funding will go to the World Health Organization and the UN Children’s Fund, and will keep health care facilities, including hospitals treating COVID-19 patients, operating until the end of the year, he said.
The UN is determined to stand by the people of Afghanistan in their hour of need, said Griffiths. Enditem
Photo – Afghans walk in a market in Kabul, capital of Afghanistan, Sept. 15, 2021. (Photo by Saifurahman Safi/Xinhua)