Connect with us

CHINA

ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအတွက် တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ဒိန်းမတ်နိုင်ငံသို့ ရောက်ရှိ

ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်မြို့သို့ စက်တင်ဘာ ၂၀ ရက်တွင် တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးများ ရောက်ရှိလာစဉ်(ဆင်ဟွာ)

ကိုပင်ဟေဂင် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအတွက် တရုတ်နိုင်ငံအစိုးရမှ လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေးများ သည် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့သို့ စက်တင်ဘာ ၂၀ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့၌ Sinopharm ကာကွယ်ဆေးပုလင်းတစ်လုံးအား ဇွန် ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ မေ ၃၁ ရက်တွင် ဝန်ထမ်းတစ်ဦးက Sinopharm ကာကွယ်ဆေး ထုတ်ပိုးမှုအား ကြည့်ရှုစစ်ဆေးနေစဉ်(ဆင်ဟွာ)

အဆိုပါ လှူဒါန်းပေးအပ်သည့် အခမ်းအနားအား စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်ခဲ့ပြီး ယင်းကာကွယ်ဆေးများအား ကုလသမဂ္ဂ စနစ်မှတစ်ဆင့် ရှေ့တန်းရှိ တပ်ဖွဲ့ဝင်များ နှင့် အနီးကပ် မိတ်ဖက်များအား စောနိုင်သမျှ ဆောလျင်စွာ ဖြန့်ဝေသွားရန် မျှော်လင့်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ လှူဒါန်းမှုအား အာဖရိကမစ်ရှင်ဧရိယာတွင် အခြေခံဦးစားပေးအနေဖြင့် အသုံးပြုသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ ဒုတိယအကြီးအကဲ Zhang Maoyu က လှူဒါန်းပေးအပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ လှူဒါန်းမှုသည် ကပ်ရောဂါအား တုန့်ပြန်ရန် ကုလသမဂ္ဂ စွမ်းဆောင်ရည်အား မြှင့်တင်သွားနိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ တာဝန်များ နှင့် မစ်ရှင်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန် ကူညီသွားနိုင်မည် ဖြစ်ကြောင်း ထောက်ပံ့ရေးကွင်းဆက်စီမံခန့်ခွဲမှုအတွက် ကုလသမဂ္ဂ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး Christian Francis Saunders ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

————————————
(English Version)
China’s COVID-19 vaccine arrives in Denmark for UN Peacekeeping personnel
COPENHAGEN, Sept. 20 (Xinhua) — A consignment of China’s Sinopharm COVID-19 vaccines arrived on Monday in Copenhagen as the Chinese government’s donation for United Nations Peacekeeping personnels.
The delivery ceremony of the donation was held virtually last Friday and those vaccines are expected to be distributed to front-line personnel and close partners through the UN system as soon as possible.
The Chinese donation will be used in the African mission area on a priority basis, said Zhang Maoyu, deputy head of the China International Development Cooperation Agency, at the delivery ceremony.
China’s donation will enhance the UN capacity to respond to the epidemic and help peacekeepers better fulfill their duties and missions, according to Christian Francis Saunders, UN’s Assistant Secretary-General for Supply Chain Management.
Photo 1 – China’s Sinopharm COVID-19 vaccines arrived in Copenhagen, capital of Denmark, on Sept. 20, 2021. (Xinhua/Lin Jing)
Photo 2 – Photo taken on June 1, 2021 shows a vial of the Sinopharm vaccine in Beijing, capital of China. (Xinhua)
Photo 3 – A staff member checks the packaging of the Sinopharm vaccines in Beijing, capital of China, May 31, 2021. (Xinhua)■