Connect with us

Politics, Law & Military

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့် ညီလာခံတွင် တရုတ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးမိန့်ခွန်းပြေကြား

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန့်ဟော်(Wei Fenghe) သည် ဒီဇင်ဘာ ၇ ရက်တွင် စတုတ္ထအကြိမ်မြောက် ကုလသမဂ္ဂ (UN) ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့်ညီလာခံတွင် ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုများဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် အပြန်အလှန်ပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အားကောင်းလာစေရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် ပိုမိုပါဝင်ကူညီသွားမည်ဟု ဝေ့ က ပြောကြားခဲ့သည်။

ယခုနှစ်သည် ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရားဝင်နေရာ ပြန်လည်ရရှိခြင်း နှစ် ၅၀ ပြည့် နှစ်ပတ်လည်အခါသမယဖြစ်သည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သည့်ဆယ်စုနှစ်ငါးစုအတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် ၎င်း၏တာဝန်နှင့် ဝတ္တရားများကို သစ္စာရှိရှိ ဖြည့်ဆည်းခဲ့ကြောင်း ဝေ့က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်များသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ကုလသမဂ္ဂအတွက် အရေးကြီးသော နည်းလမ်းတစ်ခုအဖြစ် ဆောင်ရွက်နေကြောင်း ဝေ့က မှတ်ချက်ပြုခဲ့ပြီး ကုလသမဂ္ဂ အနေဖြင့် အတွေ့အကြုံများကို စုစည်း၍ စဉ်ဆက်မပြတ် မြှင့်တင်ပေးရန် ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

#တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး #ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးညီလာခံ #ပေကျင်း #ဆင်ဟွာ
#ChineseDefenseMinister #UNPeacekeepingConference #Beijing #Xinhua #Myanmar #XinhuaMyanmar

—————————————————-
(English Version)

Chinese defense minister speaks at UN peacekeeping ministerial conference

BEIJING, Dec. 7 (Xinhua) — Chinese State Councilor and Defense Minister Wei Fenghe on Tuesday spoke at the fourth United Nations (UN) peacekeeping ministerial conference via video.

Wei said China will continue strengthening international exchanges and cooperation on peacekeeping and make greater contributions to maintaining the world peace.

This year marks the 50th anniversary of the restoration of the lawful seat of the People’s Republic of China in the United Nations. Wei said China had faithfully fulfilled its obligations and missions as a permanent member of the UN Security Council over the past five decades.

Peacekeeping operations serve as an important means for the United Nations to maintain international peace and security, Wei noted, calling for summing up experiences and constantly improving it. Enditem

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.