Connect with us

International Organizations

ကုလ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကုန်တင်ယာဉ်မောင်း အနည်းဆုံး ၇၀ ဦးကို အီသီယိုးပီးယားအစိုးရ ဖမ်းဆီး

ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံအစိုးရသည် တီဂရေးဒေသသို့ မောင်းနှင်ဝင်ရောက်လာသည့် ကုလသမဂ္ဂ နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ရေးကုန်တင်ယာဉ်မောင်း အနည်းဆုံး ၇၀ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ တစ်ဦးက နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါ ကုန်တင်ယာဉ်မောင်းများသည် တီဂရေးဒေသနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် Afar ဒေသရှိ Semera မြို့တွင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်သည်။ ၎င်းတို့ဖမ်းဆီးခံသည့် အခြေအနေများနှင့်ပတ်သက်၍ မသိရှိရသေးကြောင်း နှင့် ကုန်တင်ယာဉ်များကိုမူ ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူအကြီးအကဲ Stephane Dujarric ကဆိုသည်။ “ သူတို့ကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်”

“ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေ အလွန်အမင်းလိုအပ်နေတဲ့ ပြည်သူတွေအတွက် ဖြည့်ဆည်းပေးဖို့ ကုန်ပစ္စည်းတွေသွားရောက်ဖို့ဆောင်တဲ့ ကုန်တင်ယာဉ်မောင်း အယောက် ၇၀ ကို ဖမ်းဆီးလိုက်တာဟာ ဘယ်လောက်ထိ သက်ရောက်မှုရှိနိုင်မလဲဆိုတာ ခန့်မှန်းကြည့်လို့ရနိုင်ပါတယ်” ဟု Dujarric ဟု ဆိုသည်။ “ ဒါဟာ လူသားချင်းစာနာမှုအခြေအနေကို အကူအညီပေးရာ မရောက်ပါဘူး ၊ အဲဒီ ကုန်တင်ယာဉ်မောင်းတွေဟာ သွားလာလှုပ်ရှားလို့မရတော့ဘူး ၊ သူတို့သွားလာလို့ရအောင် ကျွန်တော်တို့အရေးတကြီးလုပ်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကုလသမဂ္ဂတွင် အလုပ်လုပ်ကိုင်နေသော အီသီယိုးပီးယားနိုင်ငံသား ၉ ဦးသည် နိုဝင်ဘာ ၁၀ ရက်တွင် အီသီယိုးပီးယားအစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခံရကြောင်း နှင့် နိုဝင်ဘာ ၉ ရက်ကလည်း ကုလသမဂ္ဂဝန်ထမ်း ၁၆ ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း Dujarric က ဖြည့်စွက်ပြောကြားခဲ့သည်။

နိုဝင်ဘာ ၉ ရက်က ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ နှစ်ဖက်အကြား ထုတ်ဖော် ပြောဆိုချက် ကွဲပြားနေခြင်းအပေါ် အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းလင်းပြောကြားခဲ့ခြင်းမရှိပေ။

“ အရေအတွက် အတိအကျကို ကျွန်တော်သိချင်ပါတယ်၊ ပြီးတော့ ခင်ဗျားတို့အနေနဲ့ အရေအတွက် အတိအကျသိဖို့ ထိုက်တန်တယ်လို့ကျွန်တော်ယုံကြည်ပါတယ် ၊ ချိတ်ဆက်ဆောင်ရွက်မှုတွေရဲ့ စိန်ခေါ်မှု တစ်ခုပဲပေါ့ ၊ အဖမ်းခံထားရတဲ့ အချို့လူတွေရဲ့ အခြေအနေအတိအကျကို သိနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်” ဟု ၎င်းက သတင်းထောက်များအားပြောကြားခဲ့သည်။
အဆိုပါ ဖမ်းဆီးထိန်းသိမ်းမှုများနှင့်ပတ်သက်၍ အီသီယိုးပီးယားအစိုးရထံမှမည်သည့် တရားဝင် ဖြေရှင်းချက်မျိုးကို ကုလသမဂ္ဂက လက်ခံရရှိခဲ့ခြင်းမရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အီသီယိုးပီးယားနိုင်ငံရှိ တော်လှန်ပုန်ကန်ရေးအဖွဲ့နှစ်ခုဖြစ်သည့် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ နှင့် အော်ရိုမိုလွတ်မြောက်ရေးတပ်မတော်တို့သည် အတူတကွလက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း နှင့် အီသီယိုးပီးယားနိုင်ငံမြို့တော် အက်ဒစ်အက်ဘာဘာမြို့သို့ ဦးတည်ချီတက်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက်တွင် အီသီယိုးပီးယားအစိုးရသည် တီဂရေးမျိုးနွယ်စုများအား ဖမ်းဆီးမှုများ စတင်ပြုလုပ်ခဲ့သည်ဟု ယခုရက်သတ္တပတ်အစောပိုင်းတွင် အများပြည်သူ အွန်လိုင်းအကောင့်များပေါ်၌ ရေးသားဖော်ပြခဲ့ကြသည်။(Xinhua)

——————————————-
(English Version)

At least 70 truckers into Ethiopia’s Tigray with aid cargo detained: UN

UNITED NATIONS, Nov. 10 (Xinhua) — The Ethiopian government has detained at least 70 truckers contracted to the United Nations and a number of international nongovernmental organizations hauling aid cargo into Tigray, a UN spokesman said on Wednesday.

The truck drivers were detained in Semera, Afar region, which borders Tigray. The circumstances of their detention were unknown, and the trucks are secured, said Stephane Dujarric, the chief spokesman for UN Secretary-General Antonio Guterres. “We are calling for their release.”

“One can only imagine the impact of detaining 70 truckers who are driving trucks that are filled with desperately needed humanitarian goods,” Dujarric said. “It sure doesn’t help the humanitarian situation. Those trucks are not moving and we desperately need them to move.”

Nine Ethiopian nationals who were working with the United Nations remained detained by the Ethiopian government on Wednesday, said Dujarric. He said Tuesday that 16 UN national staff members were detained.

The spokesman did not explain the discrepancy from Tuesday.
“I want to get exact numbers, and I know you deserve exact numbers. The challenge is one of communications. We’re also trying to determine the exact status of some of the people that have been detained,” he told reporters.

The United Nations has not received any official explanation for the detentions, the spokesman said.
Earlier in the week, published accounts said the Ethiopian government began detaining ethnic Tigrayans following reports of the Tigray People’s Liberation Front and the Oromo Liberation Army rebels joining together and heading toward Ethiopia’s capital of Addis Ababa. Enditem