Connect with us

North America

ကော်လိုရာဒိုပြည်နယ် မြို့တော်တွင် နှစ်ပေါင်း ၈၇ နှစ်အတွင်း ဆီးနှင်းကျ နောက်ကျခြင်း စံချိန်တင်

ဒန်ဗား၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် မြို့တော် ဒန်ဗားတွင် နေထိုင်သူများသည် ယခုရာသီ၏ ပထမဆုံး ဆီးနှင်းကျခြင်းကို မြင်တွေ့နိုင်ရန် ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်း၌ အိပ်ရာမှ နိုးထလာခဲ့ကြသည်။ အဆိုပါ ဆီးနှင်းကျခြင်းသည် နှစ်ပေါင်း ၈၇ နှစ်အတွင်း ဒန်ဗားမြို့၌ ပထမဆုံး ဆီးနှင်းကျ နောက်ကျစံချိန်တင်ခြင်းလည်းဖြစ်သည်။ပင်လယ်ရေမျက်နှာပြင်အထက် တစ်မိုင်အမြင့်တွင်တည်ရှိပြီး Mile High City ဟုလည်း ခေါ်ဆိုသော ဒန်ဗားမြို့တွင် ဒီဇင်ဘာ ၁၀ ရက်မတိုင်မီက ဆီးနှင်းကျ နောက်ကျခြင်း ဖြစ်ရပ်မှာ ၁၉၃၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က ဖြစ်ပေါ်ခဲ့သည်။

မြို့ခံများအနေဖြင့် နှစ်လက်မ (၅.၀၈ စင်တီမီတာ) သာရှိသော ဆီးနှင်းထုအား မြင်တွေ့ရသော်လည်း ရော့ကီးတောင်တန်းများရှိ အနောက်ဘက်၊ နှင်းလျှောစီး အပန်းဖြေစခန်းများတွင် အပူချိန် အနုတ် ၁၇ ဒီဂရီစင်တီဂရိတ်အောက်သို့ ကျဆင်းသွားသောကြောင့် နှင်းထုနှစ်ပေ (၆၀.၉၆ စင်တီမီတာ) အထိ ရှိကြောင်း အမေရိကန် အမျိုးသား မိုးလေဝသဌာန (NWS) အရ သိရသည်။

ဒန်ဗားမြို့အတွက် “တရားဝင်” တိုင်းတာမှုအား ဆီးနှင်းကျဆင်းမှု တစ်လက်မ၏ ဆယ်ပုံသုံးပုံ (ဝ.၇၆ စင်တီမီတာ) ရှိသော ဒန်ဗား အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်ကြောင်း NWS မိုးလေဝသပညာရှင် Jim Kalina မှ ပြောကြားခဲ့သည်။

ဒန်ဗား မက်ထရိုဒေသသည် ပိုမိုခြောက်သွေ့သောရာသီဥတုကိုဖြစ်ပေါ်စေသည့် လာနီညာ ရာသီဥတုပုံစံများကို ကြုံတွေ့နေရပြီး အမေရိကန်နိုင်ငံ၏ အနောက်ပိုင်းတွင် မိုးခေါင်ရေရှားမှုဖြစ်ပေါ်မှုမှာ လူသားများကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်လျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း Kalina မှ ဖြည့်စွက်ပြောကြားခဲ့သည်။

ရာသီဥတု ဆိုင်ရာ သိပ္ပံပညာရှင်များနှင့် မိုးလေဝသ ပညာရှင်များကလည်း မိုးခေါင်မှုကြာရှည်ခြင်းနှင့် ဆီးနှင်းများ နည်းပါးခြင်းသည် ရေပေးဝေရေးနှင့် စိုက်ပျိုးရေး အထူးသဖြင့် ကော်လိုရာဒိုမြစ်ကို ခြိမ်းခြောက်နိုင်ကြောင်း သတိပေးထားကြောင်း သိရသည်။ (Xinhua)

…………………………………………

(English Version)

Colorado’s capital city sees record late snowfall after 87 years

DENVER, the United States, Dec. 10 (Xinhua) — Denverites woke up Friday morning to see the season’s first snowfall that broke an 87-year-old record for the latest first snow in Denver, the capital city of Colorado state.

Before Friday, the latest first snow in Denver, also dubbed Mile High City as it is located one mile high above the sea level, was on Nov. 21, 1934.
Although residents of the city saw only two inches (5.08 centimeters) of snow, just to the west in the Rocky Mountains, ski resorts logged up to two feet (60.96 centimeters) of snow as temperatures plunged below minus 17 degrees Celsius Fright night across the region, according to the U.S. National Weather Service (NWS).
The “official” measurement for Denver takes place at Denver International Airport, where three-tenths of an inch (0.76 centimeters) of snow fell, according to NWS meteorologist Jim Kalina.

Kalina said that the Denver metro region is experiencing extended La Nina weather patterns that produce drier weather, adding to the megadrought in America’s West that is linked by studies to human-caused climate change.
Climate scientists and meteorologists also warn that the prolonged drought and lack of snow could threaten water supply and agriculture, especially the Colorado River. Enditem