Connect with us

COVID-19 UPDATES

ကြိုတင်မှာယူထားသော နိုင်ငံများတွင် COVID-19 ကာကွယ်ဆေး သန်း ၂၄၀ စာ အလဟဿဖြစ်မည့် အန္တရာယ် ကြုံတွေ့နေ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ရွေ့လျားကာကွယ်ဆေးထိုးနှံရေးစင်တာတစ်ခုရှေ့တွင် လမ်းဖြတ်လျှောက်နေသူတစ်ဦးအား ၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

ဖွံ့ဖြိုးပြီးနိုင်ငံများသည် COVID-19 ကာကွယ်ဆေး အကြိမ်ရေ သန်းရာနှင့်ချီ၍ ဆုတ်ကိုင်သိုလှောင်ထားရာ ယင်းဆေးဝါးများကို ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပြည်သူများထံ မပေးအပ်မီ သက်တမ်းကျော်လွန်ကာ အလဟဿဖြစ်မည့် အန္တရာယ်ဖြင့် ကြုံတွေ့နေရကြောင်း နှင့် ယင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကာကွယ်ဆေးထိုးနှံရာတွင် ပိုမိုကြီးမားသော အခက်အခဲဖြစ်စေကြောင်း Nikkei Asia ၏ မကြာသေးခင်က သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံရှိ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Airfinity က ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် G7 အုပ်စု နှင့် ဥရောပသမဂ္ဂ(အီးယူ) အဖွဲ့ဝင်နိုင်ငံများမှ ကတိပြုထားသော သို့မဟုတ် ဝယ်ယူထားသော ကာကွယ်ဆေး အကြိမ်ရေ သန်း ၁၀၀ ခန့်သည် အကယ်၍ ကာကွယ်ဆေးအားဖြည့်ထိုးနှံမှု(booster dose) ထိုးနှံချိန်ဖြစ်လင့်ကစား ယခုနှစ် နှစ်ကုန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကြောင်း Nikkei Asia က အောက်တိုဘာ ၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင် ဖွံ့ဖြိုးပြီးနိုင်ငံများရှိ ကာကွယ်ဆေးအကြိမ်ရေ သန်း ၂၄၀ ခန့်သည် နှစ်လအတွင်း သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကြောင်း နှင့် စီးပွားရေးထွန်းစ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကာကွယ်ဆေးများ ပို့ဆောင်ပေးရန်အတွက် သယ်ယူပို့ဆောင်ရေးအခက်အခဲများဖြစ်လည်း ကြုံတွေ့နေရချိန်ဖြစ်ကြောင်း ဆိုသည်။

လိုအပ်ချက်ထက် ထောက်ပံ့မှုအပိုင်းပိုမိုကြီးမားလာခြင်းကြောင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် G7 နှင့် အီးယူ(EU) အဖွဲ့ဝင်နိုင်ငံများ၏ ဆေးသိုလှောင်ရုံများသည် ကာကွယ်ဆေး အကြိမ်ရေ ၁ ဘီလီယံကျော်စာရှိလာမည်ဖြစ်ကြောင်း Airfinity ၏ ပြောကြားချက်အရ သိရသည်။

သုတေသနကုမ္ပဏီက အချက်အလက်ကောက်ယူရာတွင် နိုင်ငံအားလုံးအနေဖြင့် ကာကွယ်ဆေး အားဖြည့်ထိုးနှံမှု(booster shots)ကို လုပ်ဆောင်သွားမည်ဖြစ်သော်လည်း အသက် ၁၂ အောက် ကလေးငယ်များအတွက် ကာကွယ်ဆေးအတည်ပြုချက်များ မပါဝင်ကြောင်း သိရသည်။

ကြိုတင်မှာယူထားသော နိုင်ငံများသို့ COVID-19 ကာကွယ်ဆေးထောက်ပံ့မှုသည် ၆ လမှ ၇ လအတွင်း ဖြည်းဖြည်းမှန်မှန်တိုးတက်ခဲ့ပြီး ဂျပန်နိုင်ငံသည် ကာကွယ်ဆေး အကြိမ်ရေ သန်း ၅၆၀ စာ ဝယ်ယူရန် သဘောတူညီထားကြောင်း သိရသည်။ ဥရောပ နှင့် အမေရိကန်နိုင်ငံတို့ထက် ၎င်း၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် အထနှေးခဲ့သော်လည်း ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပေးထားပြီဖြစ်သည်။

ဂျပန်နိုင်ငံသည် နိုဝင်ဘာလအရောက်တွင် နိုင်ငံအတွင်းရှိ ကာကွယ်ဆေးထိုးနှံရန် လိုအပ်သူအားလုံးကို ကာကွယ်ဆေးအပြီးထိုးနှံပေးနိုင်ရန် မျှော်လင့်ထားကြောင်း သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အစိုးရအဖွဲ့အတွင်းဝန်ချုပ်၏ ပြောကြားချက်ရ ဂျပန်နိုင်ငံသည်
Pfizer နှင့် Moderna ကာကွယ်ဆေးများ ဖြန့်ဖြူးပေးသည်ဟု ပြောကြားထားသော်လည်း ဆေးဝါးသက်တမ်းကုန်ဆုံမည့်ရက်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။(Xinhua)

————————————
(English Version)
240 mln COVID-19 vaccine doses at risk of waste in advanced countries: analysis

TOKYO, Oct. 11 (Xinhua) — Developed countries hold hundreds of millions of excess COVID-19 vaccine doses at risk of expiring before they can be given to people in developing countries that have had greater difficulty in sourcing shots, according to a recent report by Nikkei Asia.
An analysis by British research firm Airfinity revealed that around 100 million doses purchased by or promised to Group of Seven (G7) and European Union (EU) members will expire by year-end, even when taking the booster shots into account, Nikkei Asia reported on Thursday.
Meanwhile, the developed countries’ around 240 million doses in total will expire within two months, at a time when it is difficult to logistically send the doses to emerging economies.

According to Airfinity, inventories in G7 and EU members will exceed 1 billion doses at the end of 2021 as supply outstrips demand.

The research company conducted the analysis assuming that all countries will administer booster shots but excluded vaccine approvals for children younger than 12.
COVID-19 vaccines supplied to advanced countries typically have shelf lives of six to seven months. Japan has purchased or agreed to buy 560 million doses. The country has fully inoculated more than 60 percent of its population, despite a slower start to its vaccination campaign than in Europe and the United States.
Shots in Japan are expected to pile up after about everyone in the country who requires inoculation will receive it by around November, according to the analysis.
According to the Cabinet Secretariat, Japan distributed Pfizer and Moderna doses to local authorities, but did not take particular note of expiration dates.

A man walks past a mobile vaccine clinic in New York, the United States, on Aug. 31, 2021. (Xinhua/Wang Ying)