Connect with us

COVID-19 UPDATES

ချက်သမ္မတနိုင်ငံက ကာကွယ်ဆေးထိုးနှံသည့် အစိုးရဝန်ထမ်းများအတွက် လစာအပြည့်ဖြင့် အားလပ်ရက် နှစ်ရက်ပေးမည်

ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့တွင် ကြက်ခြေနီဝန်ထမ်းတစ်ဦး (ယာ) က စေတနာ့ဝန်ထမ်းတစ်ဦးအား နှာခေါင်းစည်းများ ပေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပရက်ဂ်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ချက်သမ္မတနိုင်ငံ အစိုးရက ကာကွယ်ဆေးထိုးနှံမှုနှုန်း မြှင့်တင်သည့်အနေဖြင့် COVID-19 ကာကွယ်ဆေး ထိုးနှံထားသည့် အစိုးရဝန်ထမ်းများအား လစာအပြည့်ဖြင့် အားလပ်ရက် နှစ်ရက်ထပ်မံပေးမည့် အစီအမံတစ်ခုအား ဇူလိုင် ၃၀ ရက်က ခွင့်ပြုခဲ့ကြောင်း အစိုးရက ကြေညာခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ကာကွယ်ဆေးထိုးနှံထားသော အစိုးရအာဏာပိုင်များနှင့် အဖွဲ့အစည်းများ၏ ဝန်ထမ်းများအနေဖြင့် ကာကွယ်ဆေးထိုးနှံသည့်အတွက် လစာအပြည့်ဖြင့် အားလပ်ရက် နှစ်ရက်ထပ်မံ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Andrej Babis က ပြောခဲ့သည်။

ပုဂ္ဂလိက ကဏ္ဍရှိ ဝန်ထမ်းများအား ပေးထားသည့် ဆွဲဆောင်မှုဆုကြေးအချို့သည် အစိုးရမှ ဆောင်ရွက်သည့် ယခုအပြောင်းအလဲအတွက် အဓိကတွန်းအားတစ်ရပ်ဖြစ်ကြောင်း၊ အခြားသော ပုဂ္ဂလိကအလုပ်ရှင်များနှင့် ဒေသဆိုင်ရာ အစိုးရများကိုလည်း ကာကွယ်ဆေးထိုးနှံမှု မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေမည့် ယင်းဥပမာကို လိုက်နာကြရန် Babis က ဖြည့်စွက်ပြောကြားခဲ့သည်။

ချက်သမ္မတနိုင်ငံတွင် ဇူလိုင် ၂၉ ရက်အထိ ကာကွယ်ဆေးအလုံးရေ ၁၀.၂၅ သန်းကို ထိုးနှံပြီးဖြစ်ကြောင်း၊ လူဦးရေ ၄.၇၈ သန်းမှာ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ (Xinhua)

————————————
(English Version)
Czech gov’t approves two-day paid vacation for vaccinated civil servants
Source: Xinhua| 2021-07-31 03:25:26|Editor: huaxia
PRAGUE, July 30 (Xinhua) — The Czech government on Friday approved a measure to provide two additional days of paid vacation to civil servants who get vaccinated against COVID-19, in a bid to boost the country’s vaccination rate, the government announced.
According to Prime Minister Andrej Babis, employees of state authorities and institutions vaccinated from Jan. 1, 2021 will be entitled to the two additional days of paid vaccination.
Babis added that some incentives offered to employees in the private sector were a major impetus for this move by the government. He called on other private employers, as well as regional governments, to follow this example to help boost vaccination.
As of Thursday, the country has administered 10.25 million doses of vaccine, with 4.78 million people fully vaccinated, according to official figures. Enditem
Photo : A Red Cross worker (R) passes face masks to a volunteer, who will deliver them to seniors in need, in Prague, the Czech Republic, April 20, 2020. (Photo by Dana Kesnerova/Xinhua)