Connect with us

Europe

ချက်သမ္မတနိုင်ငံတွင် လေဆင်နှာမောင်းနှင့် မိုးသီးကြွေကျခြင်းများကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံး

ချက်သမ္မတနိုင်ငံ South Moravia ဒေသ၊ Hodonin ခရိုင်ရှိ Moravska Nova Ves ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် အပျက်အစီးများအား ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Vaclav Salek/CTK via AP)

ပရက်ဂ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ချက်သမ္မတနိုင်ငံ South Moravia ဒေသတွင် ဇွန် ၂၄ ရက် ညပိုင်းက လေဆင်နှာမောင်းနှင့် မိုးသီးကြွေကျခြင်းများကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။

တစ်ညလုံးတွင် ကယ်ဆယ်ရေးသမားများက လူပေါင်း ၆၃ ဦးကို ဒေသဆေးရုံသို့ လွှဲပြောင်းပေးခဲ့ပြီး ယင်းအနက် ၁၀ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးဝန်ဆောင်မှု ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အား ကိုးကား၍ Czech News Agency (CTK) က ဖော်ပြထားသည်။

“လူနာ ၃ ယောက်ရဲ့အသက်ကို ကျွန်မတို့ မကယ်တင်နိုင်ခဲ့ပါဘူး” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အခင်းဖြစ်ပွားရာနေရာ၌ အခြားသူပေါင်းများစွာကို ကယ်ဆယ်ရေးသမားများက ကုသပေးခဲ့ကြောင်း၊ အချို့လူများမှာ ၎င်းတို့ကိုယ်တိုင် ဆေးရုံ၌ ကုသမှုခံယူခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

မီးသတ်သမားများကလည်း ပျက်စီးနေသည့် အဆောက်အအုံများအကြား ရှာဖွေရေးများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ယာဥ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ နေအိမ်နှင့် ကုမ္ပဏီပေါင်း ၇၅,၀၀၀ ကျော်သည် ဇွန် ၂၅ ရက် နံနက်ပိုင်းအထိ လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း CTK သတင်းအရ သိရသည်။ (Xinhua)

————————————
(English Version)
Tornado, hailstones kill at least three in Czech Republic
Source: Xinhua| 2021-06-25 16:39:34|Editor: huaxia
PRAGUE, June 25 (Xinhua) — At least three people have died and hundreds were injured when a tornado and hailstones hit the South Moravia Region of the Czech Republic on Thursday night, according to a local media report.
Through the night, rescuers have transferred 63 people to a local hospital, including ten who got severely injured, according to the Czech News Agency (CTK), quoting a medical rescue service spokeswoman.
“We failed to save three patients’ lives,” said the spokeswoman.
She also said that there were dozens of others treated by the rescuers at the scene, while some other people sought aid at the hospital on their own.
Firefighters were still searching the ruins of devastated buildings, she said.
The tornado also caused extensive power outages and traffic disruptions. Over 75,000 households and companies have been left without power as of Friday morning, according to the CTK report. Enditem
Photo : View of the wreckage after a Tornado hit the village of Moravska Nova Ves in the Hodonin district, South Moravia, Czech Republic, on Thursday, June 24, 2021. A rare tornado hit towns and villages in southeast part of the country, injuring some 150 people and damaging hundreds of houses. Some 200 police officers have been deployed in the region to help the rescue workers. (Vaclav Salek/CTK via AP)