Connect with us

Europe

ဂရိနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းက ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်မှုမရှိကြောင်း ဝန်ကြီးပြော

အေသင်၊ ဇူလိုင် ၁၅ (ဆင်ဟွာ)

ဂရိနိုင်ငံတွင် မကြာသေးမီက COVID-19 ရောဂါ မြင့်တက်လာခြင်းသည် မေလလယ်ပိုင်းက နိုင်ငံတကာ ခရီးသွားဧည့်သည်များအား ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းနှင့် ဆက်စပ်မှုမရှိကြောင်း ဂရိ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး Harry Theoharis က ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ယခုသီတင်းပတ်၌ နိုင်ငံတစ်ဝန်း နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအရေအတွက်မှာ လေးလအတွင်း ပထမဆုံးအကြိမ်အဖြစ် လူနာသစ် ၃,၀၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ ဇွန်လတွင် ၎င်းကိန်းဂဏန်းသည် တစ်ရက်လျှင် ၅၀၀ အောက်သို့ လျော့ကျလျက်ရှိသည်။ ကူးစက်မြန် COVID-19 Delta ဗီဇပြောင်းဗိုင်းရပ်စ် မြင့်တက်ခြင်းက ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူများ၌ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဂရိအစိုးရက မှတ်ယူထားကြောင်း သိရသည်။

ဂရိနိုင်ငံ အေသင်မြို့တွင် အနာဂတ် ဟိုတယ်များ ရင်းနှီးမြှုပ်နှံမှု အစည်းအဝေးသို့ တက်ရောက်လာသော ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Harry Theoharis အား တွေ့ရစဉ် (ဆင်ဟွာ)

“ဂရိနိုင်ငံတွင် COVID-19 ဖြစ်ပွားမှု မြင့်တက်လာခြင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်မှုမရှိပါဘူး” ဟု ဂရိနိုင်ငံ နယ်စပ်များတွင် ဆောင်ရွက်ခဲ့သော စစ်ဆေးမှု ရလဒ်များကို ဖော်ပြလျက် အနာဂတ် ဟိုတယ်များ ရင်းနှီးမြှုပ်နှံခြင်း အခမ်းအနားတွင် Theoharis က ပြောခဲ့သည်။

ဇူလိုင်လ ပထမ ၁၀ ရက်တွင် နယ်စပ်များ၊ ဆိပ်ကမ်းများနှင့် လေဆိပ်များတွင် အလျဉ်းသင့်သလို စစ်ဆေးခဲ့သော နမူနာများ၌ ရောဂါပိုးတွေ့ရှိသူ ၇၄ ဦး တွေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ဂရိနိုင်ငံသို့ ဝင်ရောက်ရာတွင် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အသိအမှတ်ပြုလက်မှတ် သို့မဟုတ် COVID-19 ရောဂါမှ ပြန်လည်ကျန်းမာလာခြင်း သို့မဟုတ် ရောဂါပိုးမတွေ့ရှိကြောင်း မကြာသေးမီက စစ်ဆေးထားသည့် PCR (polymerase chain reaction) စမ်းသပ်မှု တင်ပြရမည်ဖြစ်သည်။

“ဒါက ကျွန်တော်တို့ကိုယ်တိုင်၊ ကျွန်တော်တို့ချစ်ရသူတွေနဲ့ အမိမြေတစ်ခွင်နဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံခြားသားဧည့်သည်များအတွက် ကာကွယ်ဆေးထိုးနှံနိုင်ဖို့က ကျွန်တော်တို့ရဲ့ တာဝန်၊ မူလဝတ္တရားပဲဖြစ်ပါတယ်။

ယနေ့အထိ ဂရိနိုင်ငံ၌ လူ ၁၀ ဦးလျှင် ၄ ဦးက ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်ကြောင်း၊ လူထုအတွင်း ကိုယ်ခံအားရရှိစေရန် ယခုနွေရာသီ၌ ကာကွယ်ဆေးထိုးနှံမှုနှုန်း အနည်းဆုံး ၇၀ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် ရည်မှန်းထားကြောင်း Theoharis က မှတ်ချက်ပြုခဲ့သည်။

“လွန်ခဲ့တဲ့နှစ်တွေနဲ့ ဆက်စပ်ပြီး ရာသီဥတုက မှန်းဆလို့မရပါဘူး။ ကျွန်တော်တို့အနေနဲ့ အကောင်းမြင်ထားပြီး ဂရိ ခရီးသွားလုပ်ငန်းအတွက် အခုကစပြီး မတူညီတဲ့ ပုံရိပ်တွေနဲ့ အရေအတွက်တွေကို မြင်တွေ့ရမယ်လို့ ယုံကြည်ပါတယ်” ဟု ဂရိ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Alexandros Vassilikos က ပြောကြားခဲ့သည်။

ဇွန်လကုန်ပိုင်းတွင် ဟိုတယ်များတွင် ငှားရမ်းနေထိုင်မှုမှာလည်း ၃၄ ရာခိုင်နှုန်း ရှိကြောင်း ၎င်းက ပြောခဲ့သည်။

ဂရိ တာဝန်ရှိသူများနှင့် ခရီးသွားလုပ်ငန်းရှင်းများက ယခုနှစ်တွင် ခရီးသွားဧည့်သည်အရေအတွက်နှင့် ဝင်ငွေမှာ ယခင်နှစ်ကထက် နှစ်ဆ ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်တွင် ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၆ သန်းရှိခဲ့ပြီး ယူရို ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၇၃ ဘီလီယံ) ရှိခဲ့ကြောင်း သိရသည်။

ဂရိနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ ခရီးသွားဧည့်သည် သန်း ၃၀ ကျော် ဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ယူရို ၁၈ ဘီလီယံ ရရှိခဲ့သည်ဟု ဆိုသည်။

ခရီးသွားလုပ်ငန်းသည် ဂရိနိုင်ငံအတွက် အရေးပါသလို နိုင်ငံစီးပွားရေး၏ ပဉ္စမမြောက်လည်း ဖြစ်ကြောင်း သိရသည်။ (၁ ယူရို = ၁.၁၈ အမေရိကန်ဒေါ်လာ) (Xinhua)

————————————————
(English Version)

Surge in COVID-19 cases in Greece not related to tourism: minister

ATHENS, July 14 (Xinhua) — The recent surge in COVID-19 infections in Greece is not linked to the reopening of the country to international visitors in mid-May, Greek Tourism Minister Harry Theoharis said here on Wednesday.

This week, the daily number of confirmed coronavirus cases nationwide surpassed 3,000 for the first time in four months. In June, this figure had dropped below 500 per day. Citing experts, the Greek government has attributed the increase to the highly contagious COVID-19 Delta variant, which finds fertile ground among the unvaccinated.
“The increase in COVID-19 cases in Greece is not related to tourism,” Theoharis stressed at an event dedicated to the future of hotels in Greece, pointing to the results of checks carried out at the country’s borders.

In the first ten days of July, only 74 positive cases were detected in 105,609 random samples taken at the borders, ports and airports, he said.
Tourists must present a certificate of vaccination or recovery from COVID-19 or a recent negative PCR (polymerase chain reaction) test upon entering Greece.
“It is our duty, the primary obligation, to ourselves, our loved ones, the wider homeland and our foreign guests to get vaccinated. I am afraid that there are many who have not yet realized, tourism depends on the fastest possible progress of vaccinations,” the minister said.

To date, four out of ten people in Greece have been fully vaccinated. To reach herd immunity, the target is to increase the vaccination rate to at least 70 percent this summer, Theoharis noted.
“The season remains unpredictable, even in relation to last year’s. We remain optimistic and I believe from now on we will see a different image and numbers for Greek tourism,” Alexandros Vassilikos, president of the Hellenic Chamber of Hotels, said.

In late June, the occupancy rate at hotels that were open stood at 34 percent, he noted.
Greek officials and entrepreneurs active in the tourism industry hope that this year the country can double the number of visitors and revenues it had last year.
In 2020, some six million tourist arrivals and four billion euros (4.73 billion U.S. dollars) in revenues were recorded.

In 2019, Greece had more than 30 million visitors and 18 billion euros in tourism revenues.
The tourism industry is critical for the country, as it accounts for about a fifth of its economy. (1 euro = 1.18 U.S. dollar) Enditem

Photo : Greek Tourism Minister Harry Theoharis attends an event dedicated to the future of hotels in Athens, Greece, on July 14, 2021. The recent surge in COVID-19 infections in Greece is not linked to the reopening of the country to international visitors in mid-May, Harry Theoharis said here on Wednesday. (Photo by Lefteris Partsalis/Xinhua)