Connect with us

Europe

ဂရိလေပိုင်နက်ကို ပိတ်ပင်ပြီးနောက် ရုရှားခရီးသည်တင်လေယာဉ် အစ္စတန်ဘူလ်မြို့၌ ဆင်းသက်ခဲ့ရ

ရုရှားနိုင်ငံ၊ မော်စကိုမြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ် ခရီးစဉ်သတင်းအချက်အလက်ပြသည့် ဘုတ်အောက်တွင် ထိုင်နေသော ခရီးသည်များအား ၂၀၂၀ပြည့်နှစ်၊ သြဂုတ် ၁ ရက်တွင်တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ မတ် ၁ ရက် (ဆင်ဟွာ)

ရုရှားခရီးသည်တင်လေယာဉ်တစ်စင်းသည် ဂရိလေပိုင်နက်အတွင်းသို့ ဝင်ရောက်ရန် ငြင်းဆိုခံရပြီးနောက် အစ္စတန်ဘူလ်မြို့ လေဆိပ်၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆင်းသက်ခဲ့ရကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။အဆိုပါ လေယာဉ်သည် ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုမြို့မှ ထွက်ခွါလာခဲ့ပြီး တူရကီပိုင်နက်ကိုဖြတ်၍ အီတလီနိုင်ငံ ဗီရိုနာမြို့ သို့ ဦးတည်ပျံသန်းခဲ့ကြောင်း Sozcu နေ့စဉ်သတင်းတွင် ဖော်ပြထားသည်။

သို့သော် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားနေသဖြင့် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ဂရိနိုင်ငံသည် ၎င်း၏လေပိုင်နက်ကို အသုံးပြုခွင့်ပေးရန် ငြင်းဆိုခဲ့ခြင်းဖြစ်ကြောင်း Sozcu နေ့စဉ်သတင်းတွင်ဖော်ပြထားသည်။

တူရကီ-ဂရိနယ်စပ်အနီး ဝေဟင်တွင် ပျံဝဲပြီးနောက် လေယာဉ်သည် ဒေသစံတော်ချိန် ည ၉ နာရီ ၊ ဂရင်းနစ်စံတော်ချိန် (၁၈၀၀) ခန့်တွင် အစ္စတန်ဘူလ် ၏အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် ဆီဖြည့်ပြီး မကြာမီ ခရီးသည်များနှင့်အတူ မော်စကိုမြို့သို့ ပြန်လည်ထွက်ခွာရန် စီစဉ်ထားကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)

——————————
(English Version)

Russian passenger plane lands in Istanbul after Greece bans airspace: media

ISTANBUL, Feb. 28 (Xinhua) — A Russian passenger plane landed in Istanbul on Monday after being denied entry into Greek airspace, local media reported.
The plane took off from Russia’s capital Moscow and was flying through Turkish territory to Verona, Italy, the Sozcu daily reported.

Greece, however, refused to allow the plane to use its airspace because of the European Union’s sanctions against Russia following the Russia-Ukraine conflict, according to Sozcu.

After hovering in the air near the Turkey-Greece border, the aircraft landed in Istanbul’s main international airport at about 9 p.m. local time (1800 GMT).
The plane is scheduled to take off with its passengers and return to Moscow shortly after refuelling, according to media reports. Enditem