Connect with us

Africa & Middle East

ဂါဇာအကျပ်အတည်းက နိုင်ငံရေးဖြစ်ကြောင်း ပါလက်စတိုင်းဝန်ကြီးချုပ်ပြောကြား

ဂါဇာကမ်းမြောင်ဒေသတောင်ဘက်ရှိ Rafah မြို့ အား အစ္စရေးဘက်မှ လေကြောင်းတိုက်ခိုက်မှုအပြီး ပေါက်ကွဲမှုအား ၂၀၂၁ ခုနှစ်၊ မေ ၁၉ ရက်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံအားတွေ့ရစဉ် (ဆင်ဟွာ)

ရာမလာ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ၌ လူသားချင်းစာနာမှု အကျပ်အတည်းများအားဖြေရှင်းရန် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Yair Lapid ကအဆိုပြုချက်အား ဂါဇာတွင် ဖြစ်ပွားလျက်ရှိသည့် အကျပ်အတည်းမှာ နိုင်ငံရေးဖြစ်ကြောင်း ပါလက်စတိုင်းနိုင်ငံဝန်ကြီးချုပ် Mohammed Ishtaye က စက်တင်ဘာ ၁၃ ရက်တွင်တုံ့ပြန် ပြောကြားခဲ့သည်။

“ဂါဇာကအကျပ်အတည်းက နိုင်ငံရေးဖြစ်တယ်။ အနောက်ဘက်ကမ်း ဒေသနဲ့ အရှေ့ဂျေရုဆလင် အကျပ်အတည်းကိစ္စလည်း ထိုနည်းတူပဲဖြစ်တယ်’’ ဟု ပါလက်စတိုင်း အာဏာပိုင်အစိုးရအဖွဲ့၏ အပတ်စဉ်အစည်းအဝေး၌ Ishtaye ၏ ပြောကြားချက် ကို တရားဝင်ထုတ်ပြန်သော ကြေညာချက်ကို ပါလက်စတိုင်းသတင်းဌာန WAFA က သတင်းဖော်ပြခဲ့သည်။

Ishtaye က “နိုင်ငံတကာဥပဒေနဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်များအပေါ် တည်မှီနေတဲ့ လေးနက်စစ်မှန်တဲ့နိုင်ငံရေးလမ်းကြောင်းတစ်ခု လိုအပ်နေတာဖြစ်တယ်” ဟုပြောခဲ့သည်။

ပါလက်စတိုင်းနယ်မြေများအားစစ်ရေးအရ သိမ်းပိုက်မှုများ၊ အစ္စရေး လူနေရပ်ကွက်များ တိုးချဲ့တည်ဆောက်မှုများ ရပ်တန့်ရန် နှင့် ဂါဇာကမ်းမြောင်ဒေသကို နှစ်ပေါင်းများစွာပိတ်ဆို့ထားမှုမှ အစ္စရေးက ပြန်လည်ဖွင့်လှစ်ပေးရန် ပါလက်စတိုင်းတို့အနေဖြင့် နိုင်ငံရေးနည်းလမ်းအရ အဖြေရှာ နေကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

Lapid အဆိုပြုခဲ့သည့် ဂါဇာကမ်းမြောင်ဒေသ ပြန် လည်ထူထောင်ရေးအတွက် လုံခြုံမှုရှိသောစီးပွားရေးအစီအစဉ်သစ်စီမံချက်နှင့် ပတ်သက်၍ စက်တင်ဘာ ၁၂ ရက်တွင် အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။

၎င်းကအစ္စရေးသည်ဂါဇာကမ်းမြောင်ကိုပိတ်ဆို့ ထားပြီးကုန်ပစ္စည်းတင်သွင်းမှုနှင့်တင်ပို့မှုကိုကန့်သတ်ကာ အကြီးစားစစ်ဘက်ထိုးစစ်ဆင်မှုများကိုလေးကြိမ်ပြုလုပ်ခဲ့ ကြောင်း၊ အစီအစဉ်သစ်မှာ နယ်စပ်၏နှစ်ဖက်စလုံးတွင် တည်ငြိမ်အေးချမ်းမှု ရှိရန် ရည်ရွယ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
Crisis in Gaza “political”: Palestinian PM
RAMALLAH, Sept. 13 (Xinhua) — Palestinian Prime Minister Mohammed Ishtaye said on Monday that the crisis in Gaza “is political” in response to the plan proposed by Israeli Foreign Minister Yair Lapid on resolving the humanitarian crisis in the Gaza Strip.
“The crisis in Gaza is political, likewise the crisis in the West Bank and East Jerusalem,” Ishtaye said at a weekly meeting of the Palestinian Authority cabinet, according to an official statement released by the Palestinian news agency WAFA.
Ishtaye noted that what is needed “is a serious and real political track that relies on international law and the United Nations resolutions.”
He also added that the Palestinians are seeking a political solution to end the military occupation of the Palestinian territories, stop settlement expansion and lift years of blockade imposed by Israel on the Gaza Strip.
On Sunday, Israeli media reported that Lapid has proposed a new “economy for security” plan for the reconstruction of the Gaza Strip.
He said that Israel has imposed a blockade on the Gaza Strip, restricted the imports and exports of the goods and indulged in four rounds of large-scale military offensives, adding the new plan aims at creating “stability on both sides of the border.” Enditem