Connect with us

Asia

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း အမှတ် ၁၀ ဥမင်လိုဏ်ခေါင်း ပြီးစီး

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် အနောက်ဘန်ဒေါင်းနယ်မြေရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း အမှတ် ၁၀ ဥမင်လိုဏ်ခေါင်းအား ဩဂုတ် ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း(HSR) အမှတ် ၁၀ ဥမင်လိုဏ်ခေါင်းသည် ပြီးစီးသွားပြီ ဖြစ်ကြောင်း ရထားလမ်း လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီက ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။အရှည် ၁၄၂.၃ ကီလိုမီတာရှိသော မြန်နှုန်းမြင့်ရထားလမ်းအား ဆောင်ရွက်လျက်ရှိသော တရုတ်နှင့် အင်ဒိုနီးရှား နိုင်ငံပိုင်လုပ်ငန်းများအကြား ဖက်စပ်လုပ်ငန်းစုတစ်ခုဖြစ်သော KCIC က ထုတ်ပြန်သော ကြေညာချက်တွင် ဩဂုတ် ၆ ရက်က ပြီးစီးမှုသည် ရထားလမ်းတစ်ခုလုံး ဖွင့်လှစ်ခြင်း နှင့် ပြီးမြောက်ရေးအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခု ချမှတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် အနောက်ဘန်ဒေါင်းနယ်မြေ၌ ဩဂုတ် ၆ ရက်တွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း အမှတ် ၁၀ ဥမင်လိုဏ်ခေါင်း ဖောက်လုပ်ပြီးနောက် ဝန်ထမ်းများက ဂုဏ်ပြုမှတ်တမ်းတင်နေစဉ်(ဆင်ဟွာ)

ယင်းဥမင်လိုဏ်ခေါင်းသည် အနောက်ဂျာဗားပြည်နယ် အနောက်ဘန်ဒေါင်း နယ်မြေ Padalarang ခရိုင်၌ တည်ရှိပြီး စုစုပေါင်း အရှည် ၁,၂၃၀ မီတာ ရှိကြောင်း နှင့် အများဆုံး မြေအောက်အနက်ပေ ၃၇ မီတာရှိကြောင်း သိရသည်။

အဆိုပါ တည်ဆောက်မှုအား ၂၀၁၉ ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး တည်ဆောက်ရာတွင်လည်း ် ယင်းဧရိယာတွင် ဘူမိဗေဒအခြေအနေများဆိုင်ရာ စိန်ခေါ်မှုများ နှင့် ဇောက်တိမ်သော မြေအောက်အနက် အပါအဝင် အခက်အခဲများစွာ ၊ အန္တရာယ်များစွာဖြင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရကြောင်း KCIC က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ နည်းပညာဖြင့် တည်ဆောက်ထားသော မြန်နှုန်းမြင့်ရထားလမ်းသည် တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ အမြန်နှုန်းဖြင့်ပြေးဆွဲနိုင်ပြီး ဂျကာတာမြို့နှင့် အနောက်ဂျာဗားပြည်နယ် မြို့တော် ဘန်ဒေါင်းအကြား ခရီးသွားလာမှုကြာချိန်ကို ၃ နာရီကျော်မှ မိနစ် ၄၀ အထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)

No. 10 tunnel of Jakarta-Bandung high speed railway completed

JAKARTA, Aug. 8 (Xinhua) — The No. 10 tunnel of the Jakarta-Bandung High Speed Railway (HSR) in Indonesia was completed, the railway’s operator said on Saturday.

A statement released by KCIC, a joint venture consortium between Chinese and Indonesian state-owned firms that runs the 142.3-km HSR, said the completion on Friday laid a solid foundation for the completion and opening of the whole railway line.

The tunnel, located in West Bandung Regency’s Padalarang, West Java province, has a total length of 1,230 meters and maximum buried depth of 37 meters.

KCIC said the construction, which started in March 2019, has faced many difficulties and risks including challenging geological conditions in the area and shallow burial depth, among others.

With a design speed of 350 km per hour, the high-speed railway built with Chinese technology will cut the journey between Jakarta and Bandung, the capital of West Java province, from more than three hours to around 40 minutes. ■

Photo 1 – The No. 10 tunnel of the Jakarta-Bandung High Speed Railway (HSR) is seen in West Bandung Regency, West Java province, Indonesia, Aug. 6, 2021. (Xinhua)

Photo 2 – Staff members celebrate the drill-through of the No. 10 tunnel of the Jakarta-Bandung High Speed Railway (HSR) in West Bandung Regency, West Java province, Indonesia, Aug. 6, 2021. (Xinhua)