Connect with us

Media

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းတည်ဆောက်မှုများ အပြည့်အဝဆောင်ရွက်လျက်ရှိ

ဂျကာတာ၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းတည်ဆောက်မှုသည် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုများမြင့်တက်နေသည့်ကာလမှာပင် ဘက်စုံအပြည့်အဝဆောင်ရွက်လျက် ရှိသည်။ တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းသည် အမှတ်(၄) သတ္တုပုံသွင်းရုံတွင် လက်ရှိ ရထားသံလမ်းကို ဖြတ်ကျော်သည့် သေတ္တာပုံယက်မအား တနင်္ဂနွေနေ့တွင် ပြုလုပ်ပြီးဖြစ်ကြောင်းသိရသည်။

China Tiesiju Civil Engineering Group၏ (၃)ရက်ဆက်တိုက် ကြိုးပမ်းအားထုတ်မှုကြောင့် ယက်မတိုင်ထောင်ခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ အဆိုပါ Groupသည် China Railway Internationalမှ ဦးဆောင်သည့် မြန်နှုန်းမြင့်ရထားလမ်းတည်ဆောက်ရေး ပူးပေါင်းအဖွဲ့ဖြစ်သည်။ ယက်မတိုင်ထူသည့်နေရာသည် ဂျကာတာသို့ ဦးတည်သည့် အမှတ်(၄) ယက်မတိုင်ရှိရာ DK1114တံတားတွင် ဖြစ်သည်။

အဆိုပါ ဆောက်လုပ်မှုသည် လက်ရှိတည်ရှိပြီးသား ရထားလမ်းကို ဖြတ်သန်းတည်ဆောက်ခြင်းဖြစ်ရာ အန္တရာယ်မြင့်မား ၊ခက်ခဲသည့် ဆောက်လုပ်ရေး စီမံကိန်းတစ်ခု ပြီးဆုံးခြင်း၏ အမှတ်အသားဖြစ်သည်။ မောင်းနှင်သွားလာနေသည့် ရထားများကို ရှောင်ရှားရန်အတွက် တည်ဆောက်မှုကို ညပိုင်းတွင် အပိုင်းအလိုက် ယက်မတိုင်များအား မပြတ်စိုက်ထူ၍ တည်ဆောက်ခြင်း ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါသက်ရောက်မှု လျော့ချနိုင်ရန် စီမံကိန်းကို ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့သည်။

လက်ရှိကပ်ရောဂါအခြေအနေကို ထိန်းချုပ်ရန်အတွက် အင်ဒိုနီးရှားတွင် လူမှုရေးကန့်သတ်ချက်များ တိုးမြှင့်ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ကူးစက်အားပိုကောင်းသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Delta ပြန့်ပွားလာမှုကြောင့် အင်ဒိုနီးရှားတွင် ကူးစက်မှုများ အဆမတန်တိုးမြင့်လာသည်။

(၁၄၂.၃)ကီလိုမီတာရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာနှင့် စတုတ္ထအကြီးဆုံးမြို့ဖြစ်သည့် ဘန်ဒေါင်းကို ချိတ်ဆက်ထားခြင်းဖြစ်သည်။ အရှေ့တောင်အာရှ၏ ပထမဆုံးဖြစ်သော တစ်နာရီလျှင် (၃၅၀)ကီလိုမီတာ မြန်နှုန်း ပြေးဆွဲနိုင်သည့်ယင်းရထားလမ်းသည် ခရီးသွားကြာချိန်ကို (၃)နာရီမှ မိနစ်(၄၀)ထိ လျှော့ချနိုင်ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Construction of Jakarta-Bandung high-speed railway in full swing amid the COVID-19 pandemic
2021-08-23 14:53:04
JAKARTA, Aug. 23 (Xinhua) — The construction of the Jakarta-Bandung high-speed railway is in full swing amid the rising cases of COVID-19 in Indonesia.
The Chinese-Indonesian partnership project successfully completed the box girders erection across the existing railway in No. 4 Casting Yard on Sunday.
The China Tiesiju Civil Engineering Group successfully erected the girders after three days of continuous efforts. The group is part of High Speed Railway Construction Consortium led by China Railway International.
The erection is located in the DK1114 Bridge in the direction of the No.4 girder yard heading to Jakarta.
The completion marked a breakthrough in the construction of another major high-risk and difficult construction project because it crosses the existing railway. Therefore, it was constructed at night in different stages and box girders were erected continuously several times to avoid the trains. The project also adopted epidemic prevention measures to mitigate the effects of the COVID-19 pandemic in Indonesia.
Indonesia is currently imposing stricter social restrictions to control the pandemic. The country suffered a spike of cases as the spread of the more contagious Delta variant.
The 142.3 km Jakarta-Bandung high-speed railway will connect the Indonesian capital Jakarta, and the fourth largest city, Bandung. The first 350km/h standard high-speed railway in Southeast Asia will cut the travel time from three hours to 40 minutes.