Connect with us

Asia

ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ဖူမီအို ခီရှီဒါက ဆူဂါ နေရာတွင်ဆက်ခံ၊ စီးပွားရေးပြန်လည်နိုးထရန် ဆောင်ရွက်မည်ဖြစ်သလို COVID-19 ရောဂါကိုလည်း ကိုင်တွယ်သွားမည်ဟုဆို

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်သော အထူးလွှတ်တော်အစည်းအဝေးအတွင်း အနိုင်ရပါတီ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင် ဖူမီအို ခီရှီဒါအား အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ၏ အနိုင်ရပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင် ဖူမီအို ခီရှီဒါ (Fumio Kishida) အား ယိုရှီဟီဒဲ ဆူဂါ (Yoshihide Suga) ၏ နေရာတွင် ဆက်ခံမည့် ဝန်ကြီးချုပ်သစ်အဖြစ် အောက်တိုဘာ ၄ ရက်၌ ရွေးချယ်လိုက်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်သော အထူးလွှတ်တော်အစည်းအဝေးအတွင်း အနိုင်ရပါတီ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင် ဖူမီအို ခီရှီဒါအား အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လမ်းမတစ်နေရာတွင် လမ်းလျှောက်သွားနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပါတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီးနောက် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ရုံးချုပ်တွင် ဖူမီအို ခီရှီဒါအား စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အထူးလွှတ်တော်က ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ရန် မွန်းလွဲပိုင်းက အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ LDP ဦးဆောင်သော မဟာမိတ်အဖွဲ့က ထိန်းချုပ်ထားသော လွှတ်တော်အစည်းအဝေး နှစ်ခုလုံးဖြစ်သည့်အတွက် အသက် ၆၄ နှစ်အရွယ် ခီရှီဒါသည် အောက်လွှတ်တော်တွင် ဆန္ဒမဲ ၄၅၈ မဲအနက် ၃၁၁ မဲ ရရှိခဲ့ပြီး အထက်လွှတ်တော်တွင်မူ ဆန္ဒမဲ ၂၄၁ မဲအနက် ၁၄၁ မဲရရှိခဲ့သည်။

“ဒါက အမှန်တကယ်ကို အစပြုရာအမှတ်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ခိုင်မာတဲ့စိတ်ဆုံးဖြတ်ချက်၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့အတူ ရှေ့ဆက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက တိုကျိုမြို့ရှိ LDP ရုံးချုပ်တွင် နံနက်ပိုင်းက ပြောကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် အစိုးရအဖွဲ့သစ် အမည်စာရင်းတင်သွင်းပြီးနောက် ခီရှီဒါသည် ညနေပိုင်း၌ ဧကရာဇ်နန်းတော် (Imperial Palace) တွင် တရားဝင်ရာထူးအပ်နှင်းခြင်း ဆောင်ရွက်သွားမည်ဖြစ်သလို သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်သွားမည်ဖြစ်သည်။

ခီရှီဒါ၏ ဝန်ကြီးချုပ်အဖြစ် ပထမဆုံး အဓိကစမ်းသပ်မှုမှာ အထွေထွေရွေးကောက်ပွဲဖြစ်သည်။ ၎င်းသည် ရွေးကောက်ပွဲအား အောက်တိုဘာ ၃၁ ရက်၌ ကျင်းပရန် စီစဉ်ထားကြောင်း၊ အောက်လွှတ်တော်အမတ်များအတွက် စည်းရုံးလှုံ့ဆော်ခြင်းများအား အောက်တိုဘာ ၁၉ ရက်တွင် စတင်မည်ဖြစ်သည်။

လူလတ်တန်းစားများ ဝင်ငွေတိုးတက်ရန်နှင့် ၎င်း၏ “အရင်းရှင်ဝါဒပုံစံအသစ်” အရ ကြွယ်ဝချမ်းသာမှု ကွာဟချက် လျှော့ချရန် ကတိပြုထားသလို ၊ “ယန်းငွေ ထရီလီယံပေါင်းများစွာ” တန်ဖိုးရှိသော စီးပွားရေးကမ်းလှမ်းချက်သည် COVID-19 ကပ်ရောဂါဒဏ်ခံစားနေရသော ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအား ကူညီရေး ပြင်ဆင်မှုလည်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဖွဲ့စည်းထားသည်မှာ တစ်နှစ်စွန်းစွန်းသာရှိသေးသော ယိုရှီဟီဒဲ ဆူဂါ၏ အစိုးရအဖွဲ့သည် COVID-19 တိုက်ဖျက်ရေး စွမ်းဆောင်မှု အားနည်းမှုအပေါ် ဝေဖန်မှုများ ရှိနေသည့်ကြား အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက အဖွဲ့လိုက် နုတ်ထွက်သွားခဲ့သည်။

ဂျပန်နိုင်ငံ၏ COVID-19 ရောဂါကူးစက်မှုသည် လက်ရှိတွင် ကျဆင်းနေပြီး နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းနီးပါးသည် COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်သဖြင့် ဝန်ကြီးချုပ်သစ်အနေဖြင့် လူမှုရေးနှင့် စီးပွားရေး ဆောင်ရွက်ချက်များအပေါ် ကန့်သတ်ချက်များ ဖြည်းဖြည်းချင်းမြှင့်တင်ခြင်းနှင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအတွက် နယ်စပ်ပြန်လည်ဖွင့်လှစ်ခြင်း စသည့်တာဝန်များကို ပထမဆုံး ကိုင်တွယ်ရန် လိုအပ်မည်ဖြစ်သည်။

ခီရှီဒါက ၎င်း၏ ခန့်မှန်းထားသောအစိုးရအဖွဲ့တွင် ဂျပန်နိုင်ငံမှ အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှု ယိုစိမ့်ခြင်း အဆုံးသတ်ရန် ရေးဆွဲထားသော အမျိုးသား မဟာဗျူဟာ ပြင်ဆင်ရေးဆွဲရေးတာဝန်နှင့်အတူ စီးပွားရေးလုံခြုံမှုအတွက် ဝန်ကြီးအဆင့်ရာထူးသစ်တစ်ခုကို ထည့်သွင်းသွားမည်ဖြစ်သည်။ ဝန်ကြီးအဆင့်ပထမဆုံးတာဝန်ထမ်းဆောင်မည့် ၁၃ ဦးအနက် တစ်ဦးဖြစ်သော တာကာယူကီ ကိုဘာယာရှီ (Takayuki Kobayashi) က အဆိုပါ ရာထူးသစ်ကို ကိုင်တွယ်ရန် ခန့်အပ်ခံရဖွယ်ရှိသည်။

ကာကွယ်ဆေးထိုးနှံရေးဝန်ကြီး Noriko Horiuchi ၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဝန်ကြီး Karen Makishima နှင့် ကလေးသူငယ်မူဝါဒဆိုင်ရာ အေဂျင်စီအသစ်တည်ထောင်ရေးတာဝန်ခံဝန်ကြီး Seiko Noda အပါအဝင် အစိုးရအဖွဲ့သစ်တွင် အမျိုးသမီး ၃ ဦးအား ခန့်အပ်ခံရဖွယ်ရှိကြောင်း သိရသည်။
ထို့ပြင် ပညာရေးဝန်ကြီးဟောင်း Hirokazu Matsuno သည် အစိုးရအဖွဲ့အတွင်းဝန်ချုပ် ဖြစ်လာမည်ဖြစ်သလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဟောင်း Shunichi Suzuki သည်လည်း ဘဏ္ဍာရေးဝန်ကြီးအဖြစ် ၎င်း၏ ယောက်ဖတော်စပ်သူ Taro Aso နေရာ၌ ဝင်ရောက်အစားထိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Fumio Kishida elected as Japanese PM to succeed Suga, seeks to tackle COVID-19 while reviving economy
Source: Xinhua| 2021-10-04 15:30:15|Editor: huaxia
TOKYO, Oct. 4 (Xinhua) — Fumio Kishida, leader of Japan’s ruling Liberal Democratic Party (LDP), was elected on Monday as the country’s new prime minister to succeed Yoshihide Suga.
The Japanese Diet convened an extraordinary session in the afternoon to choose the new prime minister. As the ruling coalition led by the LDP controls both chambers, 64-year-old Kishida received 311 of 458 votes in the House of Representatives and 141 of 241 votes in the House of Councillors.
“This is the real starting point. I will go forth with a strong sense of determination, with a strong resolution,” he said at the LDP’s headquarters in Tokyo in the morning.
After naming his new Cabinet in the afternoon, Kishida will be formally inaugurated in a ceremony at the Imperial Palace and hold a press conference in the evening.
Kishida’s first major test as prime minister will be the general election. He is planning to hold the election on Oct. 31, while campaigning for members of the House of Representatives is set to begin on Oct. 19.
Kishida has promised to increase middle-class incomes and reduce wealth disparity under his “new form of capitalism.”
In addition, he said that an economic package worth “tens of trillions of yen” is in preparation to help people and businesses suffering from the COVID-19 pandemic.
Kishida’s predecessor Yoshihide Suga’s Cabinet resigned en masse on Monday morning, little more than a year after its formation, amid criticism over its lack of ability to curb COVID-19.
As Japan’s COVID-19 infections declined recently, and nearly 60 percent of Japan’s population received a second shot of the COVID-19 vaccines, the new prime minister will need to first handle the tasks of gradually lifting the restrictions on social and business activities and opening the border to foreign travelers.
In his prospective Cabinet, Kishida will add a new ministerial post for economic security with a responsibility to craft a national strategy designed to end the drain of intellectual property from Japan. Takayuki Kobayashi, one of 13 ministerial first-timers, is set to be appointed to take the new post.
Three women will likely be appointed in the new Cabinet, including vaccination minister Noriko Horiuchi, administrative reform minister Karen Makishima, and Seiko Noda, the minister in charge of establishing a new agency for children’s policy.
In addition, former education minister Hirokazu Matsuno is set to become chief Cabinet secretary, and former environment minister Shunichi Suzuki is likely to replace his brother-in-law Taro Aso as finance minister of the country.■

1- 2- Fumio Kishida, leader of Japan’s ruling Liberal Democratic Party (LDP), stands during a special Diet session in Tokyo, Japan, Oct. 4, 2021. (Xinhua/Du Xiaoyi)
3- Pedestrians walk across a street in Tokyo, Japan on July 8, 2021. (Photo by Christopher Jue/Xinhua)
4- Fumio Kishida poses for a photo at the Liberal Democratic Party (LDP) headquarters following his election as Party President in Tokyo, Japan on Sept. 29, 2021. (Xinhua/Du Xiaoyi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.