Connect with us

Asia

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း မီယာဂီစီရင်စုတွင် Nepartak တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်

ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ချီဘာစီရင်စုတွင် လေဆင်နှာမောင်း တိုက်ခတ်ပြီးနောက် အပျက်အစီးများအား တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တိုင်ဖွန်းမုန်တိုင်း Nepartak သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် မြောက်ဘက်သို့ ရွေ့လျားသွားခဲ့ပြီး မီယာဂီစီရင်စု အရှေ့မြောက်ဘက် ပစိဖိတ်ကမ်းရိုးတန်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ မူလက တိုကျိုဧရိယာသို့ ဦးတည်မည့်အလားအလာမှ လှည့်ပြောင်းသွားခဲ့ကြောင်း ယနေ့ (ဇူလိုင် ၂၈) ၌ ဂျပန် မိုးလေဝသအေဂျင်စီ (JMA) ၏ပြောကြားချက်ကို ဒေသခံမီဒီယာက ဖော်ပြခဲ့သည်။ယခုရာသီ၏ ၈ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သော Nepartak သည် အီရှိနိုမာကီဒေသအနီးသို့ ဒေသစံတော်ချိန် နံနက် ၆:၀၀ နာရီမတိုင်မီ ဝင်ရောက်ခဲ့ကာ လေပြင်းတိုက်ခတ်ခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့ရာတွင် အရှေ့မြောက်ဘက်အား ဖြတ်သန်းကား ဂျပန်ပင်လယ်ဆီသို့ ဦးတည်သွားလျက်ရှိသဖြင့် ၎င်းမုန်တိုင်းသည် ယနေ့နှောင်းပိုင်းတွင် အပူပိုင်းလေဖိအားနည်းရပ်ဝန်းဆိုင်ကလုန်းအဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းထားကြောင်း JMA က ဆိုသည်။

အဆိုပါ Nepartak မုန်တိုင်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဗဟိုချက်တွင် လေထုဖိအား ၉၉၄ ဟတ်တိုပတ်စ်ဖြင့် တစ်နာရီလျှင် ၃၀ ကီလိုမီတာခန့်ဖြင့် ရွေ့လျားသွားလျက်ရှိကြောင်း၊ လေတိုက်နှုန်းမှာလည်း တစ်နာရီလျှင် ၇၂ ကီလိုမီတာနှင့် လေတိုက်နှုန်းမှာ အများဆုံး တစ်နာရီလျှင် ၁၀၈ ကီလိုမီတာ အထိ ရောက်ရှိခဲ့ကြောင်း JMA က ဆိုသည်။

၎င်းတိုင်ဖွန်းမုန်တိုင်းသည် နောက်ထပ် ၂၄ နာရီအတွင်း ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်တွင် မိုးရေချိန် ၁၀၀ မီလီမီတာအထိ ရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း JMA က ဆိုသည်။

Nepartak တိုင်ဖွန်းမုန်တိုင်းသည် အိုလံပစ်အားကစားပွဲများအပေါ် အကန့်အသတ်ဖြင့်သာ သက်ရောက်မှုရှိကြောင်း၊ လှေလှော်နှင့် မြားပစ်ပြိုင်ပွဲအချို့အား ပြန်လည်ကျင်းပရန် စီစဉ်ထားသလို မီယာဂီတွင် ပြုလုပ်မည့် အမျိုးသမီး ဘောလုံးပွဲစဉ်များအနက် တစ်ခုအား ဇူလိုင် ၂၇ ရက်က စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————————-
(English Version)

Typhoon Nepartak makes landfall in Japan’s northeastern Miyagi prefecture

TOKYO, July 28 (Xinhua) — The Japan Meteorological Agency (JMA) said typhoon Nepartak has turned northward and made landfall on the Pacific coast of the northeastern Miyagi prefecture on Wednesday morning, veering off its primarily expected course toward the Tokyo area, local media reported Wednesday.

The season’s eighth typhoon reached the nearby region of Ishinomaki shortly before 6:00 a.m. local time, bringing strong winds and high waves, but is projected to weaken into an extratropical cyclone later in the day as it crosses the northeast area and heads toward the Sea of Japan, according to the JMA.

Nepartak was moving north-northwest at about 30 kph with an atmospheric pressure of 994 hectopascals at its center, as the speed of winds reached up to 72 km per hour and maximum gusts of 108 km per hour, the JMA said.

The typhoon is forecasted to bring rainfall of up to 100 millimeters in northeastern Japan over the next 24 hours, according to the JMA.
Typhoon Nepartak has a limited influence on Olympic games. One of women’s soccer matches in Miyagi was held as scheduled on Tuesday though some rowing and archery events have been replanned. Enditem

Photo taken on Oct. 12, 2019 shows the scene after a tornado hit Chiba Prefecture near Tokyo, Japan. (Xinhua/Deng Min)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.