Connect with us

Asia

ဂျပန်နိုင်ငံ အိုဆာကာတွင် အဆောက်အအုံတစ်ခု မီးလောင်မှုဖြစ်ပွား၊ သေဆုံးသူ ၂၇ ဦး ရှိနိုင်

ဂျပန်နိုင်ငံ အိုဆာကာမြို့ မီးလောင်မှုဖြစ်ပွားရာ အချင်းဖြစ်နေရာတွင် မီးသတ်တပ်ဖွဲ့ဝင်များအား ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အိုဆာကာ စီရင်စုတွင် ယနေ့ သောကြာနေ့က အဆောက်အဦတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၇ ဦး ရှိနိုင်ကြောင်း မီးသတ်သမားများက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ အိုဆာကာမြို့ မီးလောင်မှုဖြစ်ပွားရာ အချင်းဖြစ်နေရာတွင် မီးသတ်တပ်ဖွဲ့ဝင်များအား ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

JR အိုဆာကာဘူတာအနီး အိမ်ငှားအခန်းများစွာရှိသည့် ၆ ထပ်တိုက်အဆောက်အအုံ စတုတ္ထထပ်တွင် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ဒေသခံမီးသတ်အဖွဲ့၏ ပြောကြားချက်များအရ သိရသည်။ မီးလောင်ကျွမ်းမှု သတင်းပေးချက်ကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၀ မိနစ်က လက်ခံရရှိခြင်းဖြစ်ကြောင်း ဆိုသည်။

နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မီးသတ်ကား အစီး ၇၀ ကျော်စေလွှတ်ခဲ့ရာ၊ ခန့်မှန်းခြေအားဖြင့် စတုရန်းမီတာ ၂၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့ပြီးနောက် အချိန်မိနစ် ၃၀ ကျော်ကြာ မီးငြှိမ်းသတ်နိုင်ခဲ့ရကြောင်း သိရသည်။

အချင်းဖြစ်ရပ်ကြောင့် လူ ၂၈ ဦးဒဏ်ရာရရှိခဲ့ပြီး ၂၇ ဦးမှာ နှလုံးသွေးကြောပိတ်ခြင်းဝေဒနာ ခံစားခဲ့ရကြောင်း၊ လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ထားသူ ၂၃ ဦး ရှိကြောင်း သိရသည်။

မီးလောင်မှုသည် စတုတ္ထထပ်ရှိ စိတ်ရောဂါကျန်းမာရေးစောင့်ရှောက်မှုစင်တာအတွင်း စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။

မြေပြင်အနေအထားအရ ရှို့မီးဖြစ်နိုင်ခြင်းကြောင့် အိုဆာကာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“မီးခိုးတွေ ထွက်လာပြီး မီးသတ်ကားနဲ့လူနာတင်ကားတွေ အများကြီးရောက်လာတာကို ကျွန်တော်တွေ့ရတယ်။ လူတွေကိုလည်း လှေကားထစ်ထရပ်ကားနဲ့ ကယ်နေတာကိုလည်းတွေ့တယ်။ အဲ့အချိန် အနီးတစ်ဝိုက်မှာ လျှပ်စစ်မီးပြတ်သွားသေးတယ်”ဟု အချင်းဖြစ်ပွားရာနေရာအနီး စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည့် မျက်မြင်သက်သေတစ်ဦးက ပြောသည်။ (Xinhua)

………………………………………
(English Version)
2nd LD: 27 feared dead after building fire in Japan’s Osaka
2021-12-17 12:17:29
TOKYO, Dec. 17 (Xinhua) — Twenty-seven people were feared dead after a fire broke out in a building in Japan’s Osaka prefecture on Friday, firefighters said.
The fire started on the fourth floor of the six-story multi-tenant building located near JR Osaka Station, according to the local fire department, which received a report of fire at around 10:20 a.m. local time.
About 70 fire engines were sent to the scene, and the fire was extinguished by around 10:45 a.m. local time after burning across an area of approximately 20 square meters for about 30 minutes.
A total of 28 people were injured, and 27 of them were in cardiopulmonary arrest. So far, 23 people have been transported to the hospital.
It was reported that the fire started within a medical clinic which provides psychosomatic and psychiatric treatments on the fourth floor.
The Osaka police have begun investigating what might start the fire since there was a suspicion of arson due to the situation at the scene.
“I saw smoke coming out and there were a lot of fire trucks and ambulances. People were being rescued by a ladder truck. At one point, there was a power outage in the surrounding area,” a witness working at a nearby restaurant said. Enditem
图说1:12月17日,消防员在日本大阪市火灾现场附近工作。 新华社/美联