Connect with us

COVID-19 UPDATES

ဂျာမနီနိုင်ငံက ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ကလေးငယ်များအား COVID-19 ကာကွယ်ဆေးထိုးနှံပေးမည်

ဂျာမနီနိုင်ငံ မြို့တော် ဘာလင်ရှိ မူလတန်းကျောင်းသို့ သွားနေသည့် ကျောင်းသားများအား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံက ၂၀၂၂ ခုနှစ် အစောပိုင်းတွင် အသက် ၁၂ နှစ်အောက် ကလေးများအား COVID-19 ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီး Jens Spahn က စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

လာမည့်နှစ် ပထမသုံးလပတ်တွင် အဆိုပါ အသက်အရွယ်အုပ်စု၌ ကာကွယ်ဆေးအသုံးပြုရန် ခွင့်ပြုချက် ရရှိရန် မျှော်မှန်းထားကြောင်း Spahn က ပြောခဲ့သည်။ “ဒါဆိုရင် ငယ်ရွယ်သူတွေကို ကျွန်တော်တို့ ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်ပြီပေါ့” ဟု ၎င်းက Funke Mediengruppe သတင်းစာအား ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံတွင် စက်တင်ဘာ ၂၀ ရက်အထိ လူဦးရေ ၅၂.၅ သန်းကျော်သည် COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်ကြောင်း၊ နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုနှုန်းမှာလည်း ၆၃.၁ ရာခိုင်နှုန်းရှိလာပြီဖြစ်ကြောင်း ကူးစက်ရောဂါဆိုင်ရာ Robert Koch Institute (RKI) အဆိုအရ သိရသည်။ လူဦးရေ ၅၆ သန်းနီးပါးသည် အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ်စီ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ဂျာမန် COVID-19 ကာကွယ်ဆေးထုတ်လုပ်သူ BioNTech က မကြာမီ ၎င်းတို့၏ဆေးအား အသက် ၅ နှစ်နှင့် ၁၁ နှစ်အရွယ်ကလေးများတွင် အသုံးပြုခွင့်ရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ယခုလအစောပိုင်းက ကြေညာခဲ့သည်။ ကာကွယ်ဆေးမှာ တူညီသော်လည်း ဆေးပမာဏမှာမူ လျော့နည်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဂျာမနီနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုနှုန်းသည် ခြောက်ရက်ဆက်တိုက် လျော့ကျလျက်ရှိပြီး ၇ ရက်မြောက် စက်တင်ဘာ ၂၀ ရက်တွင် လူဦးရေ ၁၀၀,၀၀၀ ဦးလျှင် ၇၁.၀ ရာခိုင်နှုန်းအထိ အနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၉ ရက်နှင့် နှိုင်းယှဉ်ပါက ၇၀.၅ ရာခိုင်နှုန်းနှင့် လွန်ခဲ့သည့်သီတင်းပတ်က ၈၁.၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း RKI အရ သိရသည်။

ထို့ပြင် ဂျာမနီနိုင်ငံတွင် နေ့စဉ် COVID-19 ရောဂါကူးစက်မှုအရေအတွက်မှာ စက်တင်ဘာ ၂၀ ရက်အတွင်း ရောဂါဖြစ်ပွားမှုအသစ် ၃,၇၃၆ ဦးရှိခဲ့ကြောင်း၊ လွန်ခဲ့သည့်သီတင်းပတ်က ၁,၇၇၅ အောက်သာရှိခဲ့ကြောင်း RKI က ဆိုသည်။ (Xinhua)

————————————
(English Version)
Germany to offer COVID-19 vaccines to children in early 2022: minister
Source: Xinhua| 2021-09-21 00:36:36|Editor: huaxia
BERLIN, Sept. 20 (Xinhua) — Germany would likely offer COVID-19 vaccines to children under 12 in early 2022, Federal Minister of Health Jens Spahn said on Monday.
Spahn said he expected authorization to use the vaccine in this age group to come in the first quarter of next year. “Then we could also protect the younger ones even better,” he told the newspapers of the Funke Mediengruppe.
As of Monday, more than 52.5 million people in Germany have been fully vaccinated against COVID-19, bringing the country’s vaccination rate to 63.1 percent, according to the Robert Koch Institute (RKI) for infectious diseases. Almost 56 million people have received at least one vaccine dose.
Earlier this month, German COVID-19 vaccine maker BioNTech announced plans to soon seek approval to use its jab in children aged five to eleven. It said the vaccine would be the same but the dosage is smaller.
Having declined for six consecutive days, Germany’s seven-day COVID-19 incidence rate rose again slightly to 71.0 per 100,000 people on Monday, compared to 70.5 the day before and 81.9 a week ago, according to the RKI.
Meanwhile, the number of daily COVID-19 infections in Germany fell as 3,736 new cases were registered within 24 hours on Monday, 1,775 less than one week ago, the RKI said. Enditem
Photo : Students are seen on the way to a primary school in Berlin, capital of Germany, Feb. 22, 2021. According to local media, some schools and daycare centers in Germany have reopened with COVID-19 prevention measures in place on Monday. (Photo by Stefan Zeitz/Xinhua)