Connect with us

Europe

ဂျာမနီနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် သံသယတရားခံနှစ်ဦးကို ဖမ်းမိထား

ဂျာမနီနိုင်ငံ Ulmet တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသော အခင်းဖြစ်နေရာ၌ ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဖရန်ဘတ် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ အနောက်ပိုင်းဒေသရှိ ကျေးလက်လမ်းမတစ်ခုပေါ်၌ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက ယာဉ်လမ်းကြောင်းစစ်ဆေးရေးလုပ်ဆောင်နေစဉ်အတွင်း ယာဉ်ထိန်းရဲအရာရှိနှစ်ဦး သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခံရပြီးနောက် ပြစ်မှုကျူးလွန်သူ သံသယတရားခံနှစ်ဦးဖြစ်သည့် အသက် ၃၈ နှစ် နှင့် အသက် ၃၁ နှစ် အရွယ် အသီးသီးရှိသော အမျိုးသားနှစ်ဦးကို ယင်းနေ့မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသေနတ်ပစ်ခတ်မှုသည် ယာဉ်ထိန်းရဲအရာရှိနှစ်ဦးက ပုံမှန်ယာဉ်လမ်းကြောင်းစစ်ဆေးရေး လုပ်ဆောင်နေစဉ်အတွင်း Rhineland-Palatinate ပြည်နယ် Kusel မြို့၌ ဒေသစံတော်ချိန် နံနက် ၄ နာရီ ၂၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ ရဲအရာရှိနှစ်ဦးဟာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားပါပြီ” ဟု ဒေသဆိုင်ရာ ဥပဒေအရာရှိရုံး နှင့် ယင်းမြို့ရဲတပ်ဖွဲ့ဌာနချုပ်၏ ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။
“ ဒီထိန့်လန့်စရာကောင်းတဲ့ လုပ်ရပ်တွေဟာ ခင်ဗျားတို့ကို တုန်လှုပ်ခြောက်ခြားစေမှာပါ” ဟု ဂျာမနီနိုင်ငံတရားရေးဝန်ကြီး Marco Buschmann က တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

တိုက်ခိုက်သူများအနေဖြင့် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ပြစ်မှုကျူးလွန်ရခြင်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးသော်လည်း ဖြစ်နိုင်ခြေရှိသော အခြားကြံရာပါတရားခံများကို လက်ရဖမ်းဆီးနိုင်ရန် စစ်ဆေးဖော်ထုတ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

—————————-
(English Version)
Two suspects arrested after two police officers shot dead in western Germany
FRANKFURT, Jan. 31 (Xinhua) — Two men, 38-year-old and 31-year-old respectively, were arrested Monday afternoon on suspicion of shooting two police officers dead during a traffic control on a rural road in western Germany Monday morning, according to a press release by local authorities.
The shooting occurred at around 4:20 a.m. in Kusel in the state of Rhineland-Palatinate, after the two police officers had pulled over a car during a routine traffic stop.
The two police officers “were fatally injured by gunshots,” according to the joint press release by the local public prosecutor’s office and the local police headquarters.
“This terrible act leaves you stunned,” tweeted Marco Buschmann, Germany’s Justice Minister.
The manhunt for possible accomplices continues while the motive of the attackers remains unclear, said the authorities. Enditem

Photo – Police officers secure the crime scene in Ulmet, Gemany.