Connect with us

Africa & Middle East

ဂျော်ဒန်က ရေနံရှာဖွေရေးစီမံကိန်းအသစ် စတင်ကြောင်းကြေညာ

ဂျော်ဒန်နိုင်ငံ၊ အမ်မန်မြို့၌ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားစဉ်အတွင်း လူသူကင်းမဲ့နေသောလမ်းများအား ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမ်မန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံ Sarhan နှင့် Jafer လုပ်ကွက်များတွင် ရေနံရှာဖွေရေး စီမံကိန်းတစ်ခုကို စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီး Saleh Kharabsheh က မတ် ၁၇ ရက်တွင် ကြေညာခဲ့သည်။Azraq မြို့၏ တောင်ဘက် ၁၇၀ ကီလိုမီတာအကွာရှိ လုပ်ကွက်သို့သွားရောက်လည်ပတ်စဉ်အတွင်း ယင်းစီမံကိန်းသည် ပြည်တွင်းစွမ်းအင်အရင်းအမြစ်များကို ပံ့ပိုးကူညီရန် အခွင့်အလမ်းများကို ရှာဖွေရေးအတွက် ဝန်ကြီးဌာန၏ ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဝန်ကြီးကကြေညာခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ပြင်ဆင်ရေးလုပ်ငန်းများ အဆုံးသတ်ပြီးနောက် တူးဖော်ခြင်းလုပ်ငန်းကို National Petroleum ကုမ္ပဏီက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမဆုံးတွင်းကို ဇွန်လမတိုင်မီ ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း Kharabsheh က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

————————-
(English Version)

Jordan launches new oil exploration project

AMMAN, March 17 (Xinhua) — Jordan’s Minister of Energy and Mineral Resources Saleh Kharabsheh on Thursday launched an oil exploration project at the Sarhan and Jafer field.

He announced during a visit to the field, 170 km south of the town of Azraq, that the project is part of the ministry’s effort to look for opportunities to contribute to local energy resources, according to the ministry’s statement.

Kharabsheh added after finishing the ongoing preparation work, the drilling will be carried out by the National Petroleum Company, and the first well is expected to complete before June. Enditem