Connect with us

Asia

စက်တင်ဘာ ၉ ရက်တွင်ကျင်းပမည့် BRIS ထိပ်သီးအစည်းအဝေး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ က သဘာပတိ အဖြစ်ဆောင်ရွက်မည်

၂၀၂၁ ခုနှစ် သြဂုတ် ၁၅ ရက် က နယူးဒေလီ၌ ကျင်းပသည့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသည့် ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) အား က တွေ့ရစဉ် (ဓာတ်ပုံ-- PIB via Xinhua)

နယူးဒေလီ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၉ ရက်တွင် အွန်လိုင်းပုံစံဖြင့်ကျင်းပမည့် ၁၃ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီ (Narendra Modi) က သဘာပတိအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံအစိုးရက စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ဘရာဇီးလ်၊ ရုရှား၊ တရုတ် နှင့်တောင်အာဖရိကနိုင်ငံတို့မှ ခေါင်းဆောင်းများ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ထိပ်သီးအစည်းအဝေး၏ဆောင်ပုဒ်မှာ ” BRICS ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်အချင်းချင်းကြား စဉ်ဆက်မပြတ်ဖြစ်မှု ၊ စည်းလုံးညီညွတ်မှု နှင့် ဘုံသဘောတူညီမှု”ဟူ၍ ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် နိုင်ငံပေါင်းစုံပါဝင်သည့်စနစ်သို့ ပြုပြင်ပြောင်းလဲရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာအား အသုံးပြု၍ ရေရှည်တည်တန့်ခိုင်မြဲသောဖွံ့ဖြိုးရေးပန်းတိုင်(SDGs) အောင်မြင်ရေး နှင့် ပြည်သူများအချင်းချင်း အပြန်အလှန် ဖလှယ်မှုများမြှင့်တင်ရေး စသည့် ဦးစားပေးကဏ္ဍ ၄ခုအတွက် ပုံဖော်ရေးဆွဲခဲ့ပြီးဖြစ်သည်။

ယင်းကဏ္ဍများအပြင်ခေါင်းဆောင်များသည် COVID-19 ကပ်ရောဂါ၏သက်ရောက်မှုနှင့်အခြားလတ်တလောကမ္ဘာလုံးဆိုင်ရာ နှင့်ဒေသဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်မည်ဖြစ်ကြောင်းကြေညာချက်တွင်ဖော်ပြထားသည်။
ယခုနှစ် ထိတ်သီးအစည်းအဝေးသည် BRICS ၏ ၁၅ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Indian PM Modi to chair BRICS Summit on Sept. 9
NEW DELHI, Sept. 7 (Xinhua) — Indian Prime Minister Narendra Modi will chair the 13th BRICS Summit to be held on Thursday in a virtual format, announced the government of India on Tuesday.
The summit will also be attended by leaders from Brazil, Russia, China and South Africa.
The theme of the summit would be “Intra-BRICS cooperation for continuity, consolidation and consensus.”
India had outlined four priority areas including reform of the multilateral system, counter terrorism, using digital and technological tools for achieving sustainable development goals (SDGs) and enhancing people to people exchanges.
In addition to these areas, the leaders will also exchange views on the impact of the COVID-19 pandemic and other current global and regional issues, said the statement.
The summit this year coincides with the 15th anniversary of the BRICS. Enditem

Photo-Indian Prime Minister Narendra Modi delivers his speech at the ramparts of historical monument Red Fort during India’s Independence Day celebrations in Delhi, India, Aug. 15, 2021. (PIB via Xinhua)