Connect with us

COVID-19 UPDATES

စင်ကာပူနိုင်ငံ F1 Grand Prix ပြိုင်ပွဲအား COVID-19 ရောဂါကြောင့် ပယ်ဖျက်

စင်ကာပူနိုင်ငံ Marina Bay Street Circuit ပြိုင်ကားကွင်းတွင် ကျင်းပသော Formula One Singapore Grand Prix တတိယအကြိမ် လေ့ကျင့်မှုအတွင်း Ferrari မှ Charles Leclerc လေ့ကျင့်မောင်းနှင်နေစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ယခုနှစ်၏ စင်ကာပူလေကြောင်းလိုင်းက ပံ့ပိုးကျင်းပသော Singapore Grand Prix ပြိုင်ပွဲအား COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော ဘေးကင်းမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ဒုတိယမြောက်နှစ်အဖြစ် ပယ်ဖျက်လိုက်ရကြောင်း Straits Times သတင်းစာက ဇွန် ၄ ရက် ညပိုင်းတွင် ဖော်ပြခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ပြောင်းလဲဖြစ်ပေါ်နေပြီး မခန့်မှန်းနိုင်သော ကပ်ရောဂါ အခြေအနေက သောင်းနှင့်ချီသော ပြည်တွင်း၊ ပြည်ပ ပွဲကြည့်ပရိသတ်များအတွက် ရှုပ်ထွေးပြီးရှုထောင့်မျိုးစုံပါဝင်သောပြိုင်ပွဲ ကျင်းပရန် စိန်ခေါ်မှု မြင့်တက်လာခဲ့ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးစီစဉ်သူ Singapore GP ၏ ပြောကြားချက်အား ကိုးကား၍ သတင်းစာက ဖော်ပြခဲ့သည်။

ယင်းပြိုင်ပွဲအား မူလက အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံတွင် လူအများအပြား စုဝေးခြင်းကို တားမြစ်ခြင်းနှင့် COVID-19 တားဆီးကာကွယ်ရေးဆိုင်ရာ အပြင်းထန်ဆုံး အစီအမံများ အကောင်အထည်ဖော်နေသည့် နှစ်လတာကာလ (circuit breaker ကာလ) အတွင်း ၅.၀၆၃ ကီလိုမီတာရှိသော Marina Bay Street Circuit ပြိုင်ကားကွင်း ဝင်ခွင့်နှင့် တည်ဆောက်ရေးအပေါ် ကန့်သတ်မှုများ ပြဌာန်းထားခြင်းကြောင့် ပြီးခဲ့သည့်နှစ် ပြိုင်ပွဲကိုလည်း Singapore GP က ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Singapore F1 Grand Prix canceled due to COVID-19
Source: Xinhua| 2021-06-05 00:59:06|Editor: huaxia
SINGAPORE, June 4 (Xinhua) — This year’s Singapore Airlines Singapore Grand Prix has been canceled for the second year in a row, due to ongoing safety and logistic concerns brought about by the COVID-19 pandemic, the Straits Times reported Friday night.
The newspaper quoted the organizer Singapore GP as saying that evolving and unpredictable pandemic situation around the world had made it increasingly challenging to stage a complex multi-faceted event for tens of thousands of local and overseas spectators.
The event was originally scheduled to take place from Oct. 1 to 3.
Singapore GP called the race off last year due to prohibitions imposed on access and construction of the 5.063-km Marina Bay Street Circuit during the two-month circuit breaker, which is the period that Singapore implemented its most severe preventive measures against COVID-19, as well as restrictions on mass gatherings. Enditem

French driver Charles Leclerc of Ferrari drives during the third practice session of the Formula One Singapore Grand Prix held at the Marina Bay Street Circuit in Singapore, on Sept. 21, 2019. (Xinhua/Then Chih Wey)