Connect with us

Asia

စည်းလုံးညီညွတ်သောမိသားစုအဖြစ် အာဆီယံစိတ်ဓာတ်ကို မြှင့်တင်သွားရန် ကမ္ဘောဒီးယားက ကတိပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးပြော

ဖနွမ်ပင် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

၂၀၂၂ ခုနှစ်အတွက် အာဆီယံအသင်း(ASEAN) ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သွားရမည့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ဒေသတွင်း နှင့် ဒေသပြင်ပတွင် ငြိမ်းချမ်းရေး နှင့် သာယာဝပြောရေးကို ထိန်းသိမ်းရန် စည်းလုံးညီညွတ်သောမိသားစုတစ်ခုအဖြစ် အာဆီယံအဖွဲ့အစည်းစိတ်ဓာတ်ကိုမြှင့်တင်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောကြားခဲ့သည်။ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်သူ Sokhonn က ဖနွမ်ပင်မြို့သို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နှင့် သောကြာနေ့က တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်ဟု
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ စနေနေ့က ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယား ထိပ်တန်းသံတမန်က ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကဌ တာဝန်ယူသွားရန် အသင့်ရှိနေပြီဖြစ်ကြောင်း နှင့် အာဆီယံအသိုက်အဝန်း မဏ္ဍိုင် သုံးရပ်တွင် ကမ္ဘောဒီးယား၏ဦးစားပေးအစီအစဉ်များကို မီးမောင်းထိုးပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ အာဆီယံရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ စိန်ခေါ်မှုတွေကို အတူတကွ ဖြေရှင်းကြမယ် (A.C.T) ဆိုတဲ့အတိုင်းပဲ ဒေသတွင်းနဲ့ ဒေသပြင်ပရဲ့ ငြိမ်းချမ်းရေး နဲ့ သာယာဝပြောရေးကို ဆုတ်ကိုင်ကာ အတူတကွစုစည်းမှု အမြင့်ဆုံး သဘောထားအမြင်တစ်ခု နဲ့အတူ စည်းလုံးညီညွတ်သောမိသားစုတစ်ခုအဖြစ် အာဆီယံရဲ့ စိတ်ဓာတ်ကို မြှင့်တင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားရမယ့်အကြောင်းကို သူ(Prak Sokhonn) က အလေးအနက်ပြောကြားခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Chollet က သိပ်မကြာခင်ကာလတွင် ကျင်းပရန်ရှိသည့် အာဆီယံ-အမေရိကန်ထိပ်သီးအစည်းအဝေးကို အမေရိကန်က အိမ်ရှင်အဖြစ် ဝါရှင်တန်ဒီစီမြို့၌ ကျင်းပသွားရန် သမ္မတဂျိုးဘိုင်ဒန်က ရည်မှန်းထားကြောင်း ပြောကြားခဲ့ပြီး အာဆီယံ-အမေရိကန် ဆွေးနွေးဖက်ဆက်ဆံမှုများ ၊ COVID-19 ရောဂါတုန့်ပြန်ရေး နှင့် ကပ်ရောဂါကာလအလွန် ပြန်လည်နလံထူရေးများ အပါအဝင် အရေးကိစ္စရပ်များ နှင့် အစီအစဉ်များကို နှစ်ဖက်စလုံးက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံအသင်းတွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ လာအို ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။(Xinhua)

———————————————-
(English Version)

Cambodia vows to promote ASEAN’s spirit as united family: FM

PHNOM PENH, Dec. 11 (Xinhua) — Cambodia, the incoming chair of the Association of Southeast Asian Nations (ASEAN) for 2022, will promote the bloc’s spirit as a united family in order to maintain peace and prosperity in the region and beyond, the country’s Foreign Minister Prak Sokhonn said.

Sokhonn, who is also a deputy prime minister, made the remarks during a meeting in Phnom Penh with visiting Counselor of the U.S. Department of State Derek Chollet on Friday, said in a Cambodian foreign ministry’s press release on Saturday.

The Cambodian top diplomat expressed Cambodia’s readiness to assume the ASEAN chairmanship and highlighted Cambodia’s priorities across the three ASEAN community pillars, the press release said.

“He also emphasized that the theme ‘ASEAN A.C.T.: Addressing Challenges Together’ endeavors to promote ASEAN’s spirit as a united family with a high sense of ‘togetherness’ in upholding peace and prosperity in the region and beyond,” it said.

Meanwhile, Chollet said that U.S. President Joe Biden is looking forward to hosting the ASEAN-U.S. Summit in Washington D.C. in the very near future during which both sides will discuss a wide range of issues and agenda, including ASEAN-U.S. dialogue relations, COVID-19 response and post-pandemic recovery, the press release said.
ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam. Enditem