Connect with us

COVID-19 UPDATES

ဆားဘီးယားနိုင်ငံက ရုရှားနိုင်ငံ၏ COVID-19 ကာကွယ်ဆေး တရားဝင်စတင်ထုတ်လုပ်

ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic က ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (ဖန်သားမျက်နှာပြင် ယာဘက် အပေါ်) နှင့် ပြုလုပ်သည့် ဗီဒီယိုအစည်းအဝေးအား ဘဲလ်ဂရိတ်မြို့မှ တက်ရောက်နေစဉ် (ဓာတ်ပုံ- Social media of Serbian President's office/Handout via Xinhua)

ဘဲလ်ဂရိတ်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့ ရောဂါပိုးမွှားဗေဒ၊ ကာကွယ်ဆေးနှင့် သွေးရည်ကြည်ဆိုင်ရာ “Torlak” အင်စတီကျုတွင် ရုရှားနိုင်ငံ၏ Sputnik V COVID-19 ကာကွယ်ဆေးအား ဇွန် ၄ ရက်တွက် တရားဝင်စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဆားဘီးယား အစိုးရက သတင်းထုတ်ပြန်ချက်၌ အတည်ပြုပြောကြားခဲ့သည်။

ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic (ဝဲ) က ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (ဖန်သားမျက်နှာပြင် ယာဘက် အပေါ်) နှင့် ပြုလုပ်သည့် ဗီဒီယိုအစည်းအဝေးအား ဘဲလ်ဂရိတ်မြို့မှ တက်ရောက်နေစဉ် (ဓာတ်ပုံ- Social media of Serbian President’s office/Handout via Xinhua)

ဗီဒီယိုအစည်းအဝေးမှတစ်ဆင့် ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့၏ ရှေ့မှောက်တွင် အဆိုပါ ထုတ်လုပ်မှုကို အင်စတီကျု၏ ညွှန်ကြားရေးမှူး Vera Stoiljkovic က စတင်ခဲ့ခြင်းဖြစ်သည်။

“ဆားဘီးယားနိုင်ငံရဲ့ COVID-19 တိုက်ဖျက်ရေးမှာ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်အတွက် အသိသက်သေအဖြစ် ကျွန်တော်တို့ရှိနေပါတယ်။ တရားဝင်အဆင့်သုံးဆင့်ပြီးသွားတဲ့နောက် အခု Sputnik V ကာကွယ်ဆေး အရေအတွက် ၄ သန်း ထုတ်လုပ်မှု စတင်သွားနေပါပြီ” ဟု Vucic က ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရးမှာ ပူးတွဲကြိုးပမ်းအားထုတ်မှုများ လိုအပ်ပြီး ရုရှားနိုင်ငံအနေနဲ့ နိုင်ငံအားလုံးနဲ့အတူ ပူးပေါင်းဆောင်ရွက်ရန် တံခါးဖွင့်ထားကြောင်း ပူတင်က ပြောခဲ့သည်။

ကာကွယ်ဆေးထုတ်လုပ်မှုသည် Vucic နှင့် ပူတင်အကြား ဖေဖော်ဝါရီလက တယ်လီဖုန်းပြောကြားမှုအတွင်း သဘောတူခဲ့ကြခြင်းဖြစ်သည်။

ဆားဘီးယားနိုင်ငံတွင် လူဦးရေ ၂ သန်းကျော် သို့မဟုတ် နိုင်ငံ၏ အရွယ်ရောက်ပြီးသူအရေအတွက်၏ ထက်ဝက်ခန့်သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်ကြောင်းနှင့် ၎င်းတို့အနက် အများစုမှာ တရုတ်နိုင်ငံမှ Sinopharm ကာကွယ်ဆေး ထိုးနှံထားသူများဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Serbia officially starts to produce Russia’s COVID-19 vaccine
Source: Xinhua| 2021-06-05 05:17:41|Editor: huaxia
BELGRADE, June 4 (Xinhua) — The production of Russia’s Sputnik V COVID-19 vaccine officially started on Friday at the Institute of Virology, Vaccines and Sera “Torlak” in Belgrade, the Serbian government confirmed in a press release.
The production, launched by the institute director Vera Stoiljkovic, was witnessed by Serbian President Aleksandar Vucic and his Russian counterpart Vladimir Putin, via a video meeting.
“We are witnessing a great step forward for our country Serbia in the fight against COVID-19…After three validation series, we are now starting the organized serial production of four million doses of the Sputnik V vaccine,” Vucic said.
Putin said that the fight against the coronavirus requires joint efforts and that Russia is open to cooperation with all countries.
The production of the vaccine was agreed upon in February during a phone call between Vucic and Putin.
So far, over 2 million people in Serbia, or around half of the country’s adult population, have been fully immunized against the coronavirus, and many of them received the Sinopharm vaccine from China. Enditem
1- Serbian President Aleksandar Vucic attends a video meeting with Russian President Vladimir Putin (on the screen, R, Top) in Belgrade, Serbia, on June 4, 2021. The production of Russia’s Sputnik V COVID-19 vaccine officially started on Friday at the Institute of Virology, Vaccines and Sera “Torlak” in Belgrade, the Serbian government confirmed in a press release. The production, launched by the institute director Vera Stoiljkovic, was witnessed by Serbian President Aleksandar Vucic and his Russian counterpart Vladimir Putin, via a video meeting. (Social media of Serbian President’s office/Handout via Xinhua)
2- Serbian President Aleksandar Vucic (L) attends a video meeting with Russian President Vladimir Putin (on the screen, R, Top) in Belgrade, Serbia, on June 4, 2021. The production of Russia’s Sputnik V COVID-19 vaccine officially started on Friday at the Institute of Virology, Vaccines and Sera “Torlak” in Belgrade, the Serbian government confirmed in a press release. The production, launched by the institute director Vera Stoiljkovic, was witnessed by Serbian President Aleksandar Vucic and his Russian counterpart Vladimir Putin, via a video meeting. (Social media of Serbian President’s office/Handout via Xinhua)