Connect with us

Africa & Middle East

ဆိုမာလီစစ်တပ်၏ နှစ်ပတ်ကြာ စစ်ဆင်ရေးအတွင်း အယ်လ်ရှာဘတ် တိုက်ခိုက်ရေးသမား ၃၄ ဦးကို သေဆုံး

ဆိုမာလီယာနိုင်ငံမြို့တော် မိုဂါဒစ်ရှူး၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားရာနေရာသို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ရောက်ရှိလာစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှုး၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဆိုမာလီ အမျိုးသား တပ်မတော် (SNA) သည် ဆိုမာလီနိုင်ငံတောင်ပိုင်းဒေသတွင် လုံခြုံရေး စစ်ဆင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေစဉ် အယ်လ်ရှာဘတ် အကြမ်းဖက်သမား ၃၄ ဦးကို သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း SNA တပ်ဖွဲ့များသည် Jubbaland ဒေသ၊ HirShabelle ပြည်နယ်နှင့် တောင်-အနောက် ပြည်နယ်များရှိ အယ်လ်ရှာဘတ် တို့ ခိုအောင်းရာ နေရာ၁၂ ခုကိုလည်း ဖျက်ဆီးခဲ့ကြောင်း စစ်ဆင်ရေးကို ဦးဆောင်ခဲ့သော SNA တပ်မှူးများက နိုင်ငံပိုင် ရေဒီယို မိုဂါဒစ်ရှူးသို့ ပြောကြားခဲ့သည်။

ဆိုမာလီနိုင်ငံ၏ ရွေးကောက်ပွဲအတွင်း နိုင်ငံတဝှမ်း လုံခြုံရေး စစ်ဆင်ရေးများ အရှိန်မြှင့် လုပ်ဆောင်ခဲ့သည့် SNA သည် စစ်သွေးကြွအဖွဲ့ရှိ တိုက်ခိုက်ရေးသမားများ မကျရှုံးမချင်း ချေမှုန်းရန် ကတိပြုထားကြောင်း ရေဒီယိုက ထုတ်လွှင့်ခဲ့သည်။

အစိုးရတပ်ဖွဲ့များသည် မကြာသေးမီက တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် အယ်လ်ရှာဘတ်တိုက်ခိုက်ရေးသမားများကို စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သော်လည်း စစ်သွေးကြွများသည် အဆိုပါဒေသ၏ ကျေးလက်ဒေသများကို ထိန်းချုပ်ထားပြီး ချုံခိုတိုက်ခိုက်ခြင်းနှင့် မြေမြှုပ်မိုင်းထောင်ခြင်းများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………
(English Version)
Somali army kills 34 al-Shabab fighters in two-week operation
MOGADISHU, Dec. 16 (Xinhua) — The Somali National Army (SNA) has killed 34 al-Shabab terrorists during the ongoing security operations in the southern region, local media reported Thursday.
The SNA commanders who led the operations told the state-owned Radio Mogadishu that the forces also destroyed 12 al-Shabab hideouts in Jubbaland, HirShabelle, and South-West states in the last two weeks.
The SNA, which has intensified security operations across the country amid national elections, has vowed to sustain the assault against the militant group until their fighters are subdued, the radio reported.
The government forces have intensified operations against al-Shabab fighters in southern and central regions in the recent past, but the militants are still in control of the rural areas of those regions, conducting ambushes and planting landmines. Enditem