Connect with us

Africa & Middle East

ဆီရီးယားလေကြောင်းရန်ကာကွယ်ရေးက နေရာအချို့တွင် အစ္စရေးတိုက်ခိုက်မှုအား တုံ့ပြန်

ဆီရီးယားနိုင်ငံ ဒမတ်စကက်စ်မြို့ရှိ ကောင်းကင်ယံတွင် ဒုံးကျည်တိုက်ခိုက်မှုတစ်ခုအား ဆီရီးယားလေကြောင်းရန်ကာကွယ်ရေးက တုံ့ပြန်နေသည်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးသည် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ဆီရီးယားကမ်းရိုးတန်း နှင့် နိုင်ငံအလယ်ပိုင်း Homs ပြည်နယ်တို့ရှိ နေရာများကို ပစ်မှတ်ထားသည့် အစ္စရေးတိုက်ခိုက်မှုအား တုံ့ပြန်ခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Tartus ပြည်နယ်အနီးရှိ ကမ်းရိုးတန်းဧရိယာ နှင့် Homs ပြည်နယ်အား ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း အေဂျင်စီက ဖော်ပြပြီး ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု နှင့် စစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

လေကြောင်းရန်ကာကွယ်ရေးစနစ်က အစ္စရေးဒုံးကျည်များအား ခြေရာခံနေချိန်တွင် ဒေသခံများက ပေါက်ကွဲသံများအား ကြားခဲ့ရကြောင်း သိရသည်။
လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် လက်ဘနွန်လေပိုင်နက်အတွင်းမှ ပစ်ခတ်လာသည့် ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။
ဆီရီးယားနိုင်ငံရှိ စစ်ဘက်ဆိုင်ရာနေရာများအား ပစ်မှတ်ထားသည့် အစ္စရေးတိုက်ခိုက်မှုများတစ်လျှောက် ယခုတိုက်ခိုက်မှုသည် နောက်ဆုံးတစ်ခုဖြစ်သည်။ အများအားဖြင့် တိုက်ခိုက်မှုများသည် ဆီးရီးယားနိုင်ငံရှိ အီရန်တပ်စွဲထားသော နေရာများ သို့မဟုတ် လက်နက်များအား ပစ်မှတ်ထားကြောင်း အစ္စရေးတို့က ပြောကြားခဲ့သည်။

အစ္စရေးတို့သည် အောက်တိုဘာလ ၃၀ ရက်တွင် ဆီးရီးယားမြို့တော် ဒမတ်စကက်စ်မြို့ရှိ စစ်ဘက်ဆိုင်ရာနေရာများအား နောက်ဆုံးပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————–
(English Version)
2nd LD-Writethru: Syrian air defenses respond to Israeli attack in several areas
DAMASCUS, Nov. 8 (Xinhua) — Syria’s air defenses on Monday evening responded to an Israeli attack targeting areas on the Syrian coast and the central province of Homs, state news agency SANA reported.
The attack targeted Homs and the coastal area near the Tartus governorate in northwestern Syria, the report said, adding that it caused damage and two soldiers were wounded.
People have heard the explosions as the air defenses were tracing the Israeli missiles.
The report said the air defenses intercepted most of the missiles which were firing from inside the Lebanese airspace.
It is the latest one in a string of Israeli attacks targeting military sites in Syria. Usually, Israel claims that it targets Iranian positions or weapons in Syria.
The last Israeli attack targeted military sites in the capital Damascus on Oct. 30. Enditem
Photo – Syria’s air defense missile, responding to a missile strike, is seen in the sky over Damascus, capital of Syria, on Jan.21, 2019. The Syrian air defenses responded to heavy Israeli strikes early Monday, destroying most of the missiles before they reached their targets, the Syrian state TV reported. (Xinhua/Ammar Safarjalani)