Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ၌ ၂၀၂၁ ခုနှစ်အတွင်း ပေါက်ကွဲနိုင်သောစစ်ကျန်ပစ္စည်းများကြောင့် အရပ်သား ၂၄၁ ဦး သေဆုံး

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့အရှေ့ဘက် Ghouta ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးသည့်နေရာတစ်ခု၌ ပုန်ကန်သူများ ကျန်ခဲ့သည့် ဗုံးများအား စစ်တပ်က ဖောက်ခွဲမှု ပြုလုပ်နေသည်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကပ်စ် ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံအနှံ့ ယခင်စစ်ပွဲဖြစ်ပွားသည့် နယ်မြေများ၌ ကျန်ရှိသော မြေမြှုပ်မိုင်းများ နှင့် အခြားပေါက်ကွဲနိုင်သောပစ္စည်းများကြောင့် ၂၀၂၁ ခုနှစ်အတွင်း အရပ်သား ၂၄၁ ဦး သေဆုံးခဲ့ကြောင်း စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ပေါက်ကွဲမှုများကြောင့် သေဆုံးသူများတွင် ကလေးငယ် ၁၁၄ ဦး နှင့် အမျိုးသမီး ၁၉ ဦး ပါဝင်ကြောင်း ၊ အများစုမှာ ပထမသုံးလပတ်တွင် ဖြစ်ပွားခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။

ဗြိတိန်အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့က သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများအား ဆီးရီးယားနိုင်ငံမှ စစ်ပွဲအကြွင်းအကျန်များ ဖယ်ရှားရေးကူညီရန် နှင့် ထိုကဲ့သို့သောပစ္စည်းများ၏ အန္တရာယ်နှင့်ပတ်သက်၍ ဆီးရီးယားပြည်သူများ၏ နားလည်သဘောပေါက်မှုကို မြှင့်တင်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ SANA က မြေမြှုပ်မိုင်းများကြောင့် အရပ်သားသေဆုံးရသည့် ဖြစ်စဉ်များစွာအား ဖော်ပြခဲ့ပြီး ၁၀ နှစ်ကြာ ဆီးရီးယားစစ်ပွဲအတွင်း အကြမ်းဖက်အုပ်စုများက ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများတွင် မိုင်းများ မြှုပ်နှံထားခဲ့သည်ဟု ဆိုသည်။ (Xinhua)

——————————–
(English Version)
Explosive war leftovers kill 241 civilians in Syria in 2021: monitor
DAMASCUS, Dec. 26 (Xinhua) — As many as 241 civilians have been killed in 2021 by landmines and other explosive materials left in previous war zones across Syria, a war monitor said Sunday.
The number includes 114 children and 19 women as a result of the explosions, most of which occurred in the first quarter, said the Syrian Observatory for Human Rights.
The Britain-based watchdog called on the concerned international organizations to help remove the war leftovers from Syria and to raise the awareness of the Syrians about the danger of such materials.
State news agency SANA has reported many incidents in which civilians were killed by landmines, saying terror groups had planted them in areas they used to control during the 10-year-long Syrian war. ■
Photo – Fire is seen after the army detonated bombs left by the rebels in agricultural areas in the Eastern Ghouta countryside of Damascus, Syria, on Sept. 3, 2019. (Xinhua File photo)