Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အာဆတ် အနိုင်ရရှိ

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့တွင် သမ္မတ ဘာရှာ အယ်လ်-အာဆတ်ကို ထောက်ခံသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ မေ ၂၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ သမ္မတ ဘာရှာ အယ်လ်-အာဆတ် (Bashar al-Assad) သည် ၂၀၂၁ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ၎င်း၏ စတုတ္ထမြောက် ၇ နှစ်သက်တမ်းအတွက် အနိုင်ရရှိခဲ့ကြောင်း ဆီးရီးယားလွှတ်တော်က မေ ၂၇ ရက်၌ ကြေညာခဲ့သည်။

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့တွင် သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒမဲများ ရေတွက်နေသည့် ဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့ရှိ မဲရုံတစ်ရုံတွင် မဲဆန္ဒရှင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့တွင် ဆီးရီးယား သမ္မတရွေးကောက်ပွဲအတွင်း ဆန္ဒမဲလာထည့်သော အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

အာဆတ်သည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ရရှိခဲ့သော ဆန္ဒမဲ ၈၈.၇ ရာခိုင်နှုန်းနှင့် ကွဲပြားစွာ ၉၅.၁ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ Hamoudeh Sabbagh က ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံတွင်းနှင့် နိုင်ငံပြင်ပရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈ သန်းခန့်ရှိသည့်အနက် ၁၄ သန်းခန့်က ဆန္ဒမဲပေးခဲ့ကြောင်း၊ ဆန္ဒမဲပေးမှုနှုန်းမှာ ၇၈.၆၄ ရာခိုင်နှုန်းရှိကြောင်း ၎င်းက ပြောခဲ့သည်။

အာဆတ်ကိုထောက်ခံသူ လူအုပ်ကြီးသည် နိုင်ငံတော်သီချင်းအား လော်စပီကာများဖြင့် ဖွင့်လှစ်ထားစဉ် ဆီးရီးယားနိုင်ငံ အလံများနှင့် အာဆတ်၏ ပိုစတာများအား ဝှေ့ယမ်းလျက် အာဆတ်၏အနိုင်ရရှိမှုကို အောင်ပွဲခံရန် ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်ရှိ အဓိကရင်ပြင်ဖြစ်သော Umayyad Square တွင် ပြည့်နှက်သွားခဲ့သည်။

အာဆတ်ကို ထောက်ခံသော စာတန်းများဖြင့် ရင်ပြင်နှင့် မြို့တော်ရှိ လမ်းများတွင် ဆင်ယင်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် အာဆတ်၏ ပြိုင်ဘက်များသည် မထင်ရှားသော အတိုက်အခံတစ်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတစ်ဦးတို့ဖြစ်သဖြင့် ၎င်း၏ ရွေးကောက်ပွဲအောင်နိုင်မှုက ကြိုတင်မျှော်လင့်ထားပြီးသားလည်း ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲအား မေ ၂၆ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မဲရုံများကို ညသန်းခေါင်ယံအထိ ဖွင့်လှစ်ထားခဲ့ကြောင်း သိရသည်။

ဆီးရီးယား အစိုးရသည် မဲဆန္ဒရှင်များအား “ဆီးရီးယားအနာဂတ်” အတွက် မဲပေးကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

အာဆတ်သည် ၂၀၀၀ ပြည့်နှစ် ဇူလိုင် ၁၇ ရက်က ဆီးရီးယား သမ္မတအဖြစ် ၎င်း၏ဖခင် ဟာဖစ်အယ်လ်-အာဆတ် အား ဆက်ခံခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် အတည်ပြုခဲ့သည့် လက်ရှိ ဆီးရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆီးရီးယားနိုင်ငံ၏ သမ္မတသည် သက်တမ်းနှစ်ကြိမ်အတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့်ရှိရာ ဆိုလိုသည်မှာ ယခုသက်တမ်းသည် အာဆတ်အတွက် နောက်ဆုံးတာဝန်ထမ်းဆောင်မှု သက်တမ်းလည်းဖြစ်နိုင်ဖွယ်ရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Assad wins Syria’s presidential election
Source: Xinhua| 2021-05-28 05:31:55|Editor: huaxia
DAMASCUS, May 27 (Xinhua) — Syrian President Bashar al-Assad has won his fourth seven-year term in the 2021 presidential race, the Syrian parliament announced on Thursday.
Hamoudeh Sabbagh, the parliament speaker, said that Assad won 95.1 percent of the vote as opposed to 88.7 percent in the 2014 election.
He said that about 14 million of the estimated 18 million eligible voters inside and outside Syria cast their votes, with a turnout rate of 78.64 percent.
Huge crowds of Assad supporters filled the Umayyad Square, the main square in the Syrian capital of Damascus, to celebrate Assad’s win, waving Syrian flags and posters of Assad, while national music was blaring from loudspeakers.
Banners supporting Assad adorned the square and main streets in the capital.
Assad’s win was largely anticipated as his competitors in the race are a low-profile opposition figure and a former cabinet minister.
The election was held on Wednesday with the polling stations open until midnight.
The Syrian government has been encouraging voters to cast their votes for the “future of Syria.”
On July 17, 2000, Assad succeeded his father Hafez al-Assad as the Syrian president. Under the current Syrian constitution adopted in 2012, the president of Syria has the right to run for office twice, which means that this would be Assad’s last term in office. ■
1- Supporters of President Bashar al-Assad are seen in Damascus, Syria, on May 26, 2021. (Photo by Ammar Safarjalani/Xinhua)
2- Staff members count votes for Syria’s presidential election, in Damascus, Syria, on May 27, 2021. (Photo by Ammar Safarjalani/Xinhua)
3- Voters are seen at a polling station in Damascus, Syria, on May 26, 2021. (Photo by Ammar Safarjalani/Xinhua)
4- A woman casts her ballot during the Syrian presidential election in Damascus, Syria, on May 26, 2021. (Photo by Ammar Safarjalani/Xinhua)