Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီက လူထုဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုများအား ရှုတ်ချ

ဆူဒန်နိုင်ငံ၊ ခါတွမ်းမြို့၌ ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်တွင် လူထုဆန္ဒပြပွဲတစ်ခုတွင် ဆန္ဒပြနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ခါတွမ်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီက ဆန္ဒပြသူလေးဦးသေဆုံးပြီး အခြားသူရာနှင့်ချီ၍ ဒဏ်ရာရရှိစေခဲ့သော ဒီဇင်ဘာ ၃၀ ရက် လူထုဆန္ဒပြမှုများအတွင်း အကြမ်းဖက်မှုအား ဒီဇင်ဘာ ၃၁ ရက်က ရှုတ်ချခဲ့ကြောင်း သိရသည်။
အာဏာပိုင်များအနေဖြင့် ထိုကဲ့သို့မကြာခဏဖြစ်ပေါ်နေသော ဖြစ်ရပ်များအား ကာကွယ်ရန် ဥပဒေကြောင်းအရနှင့် စစ်ဘက်ဆိုင်ရာ ဆောင်ရွက်ချက်များအားလုံးကို လုပ်ဆောင်ရန် ကောင်စီက ညွှန်ကြားထားကြောင်းနှင့် မည်သည့်အကြမ်းဖက်သူမျှ အပြစ်ဒဏ်မှကင်းလွတ်မည်မဟုတ်ကြောင်း ကောင်စီက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
“အွန်ဒါမန်မြို့၌ ဆန္ဒပြသူ လေးဦး သေဆုံးခဲ့ပြီး အခြား ၂၉၇ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၄၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း’’ ဆူဒန်ရဲတပ်ဖွဲ့က အစောပိုင်းတွင် ပြောကြားခဲ့သည်။
အွန်ဒါမန်မြို့သည် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး နိုင်းမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိကာ မြို့တော် ခါတွမ်းနှင့် မျက်နှာချင်းဆိုင်အရပ်တွင် တည်ရှိကြောင်း သိရသည်။

ဖျက်ဆီးမှုများ ကျူးလွန်ပြီး ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သော ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ဝင်များက တရားစွဲဆိုထားကြောင်း သိရသည်။

ထောင်နှင့်ချီသောဆန္ဒပြသူများသည် ဒီဇင်ဘာ ၃၀ ရက် လူထုဆန္ဒပြမှုများတွင် ခါတွမ်းမြို့နှင့် အခြားသောမြို့များရှိ လမ်းမများတွင် ပါဝင်ခဲ့ကြသည်။

ဆူဒန်စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် Abdel Fattah Al-Burhan က ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက် တွင် အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အချုပ်အခြာအာဏာပိုင်ကောင်စီနှင့် အစိုးရကို တရားဝင်ဖျက်သိမ်းခဲ့ပြီးနောက် ဆူဒန်နိုင်ငံသည် နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Al-Burhan သည် အသွင်ပြောင်းအချုပ်အခြာကောင်စီတစ်ရပ် ဖွဲ့စည်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေအမိန့်တစ်ခုကို နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၂၁ ရက်တွင်မူ ၎င်းနှင့် နောက်ပိုင်းတွင် ဖယ်ရှားခြင်းခံရသော ဝန်ကြီးချုပ် Abdalla Hamdok တို့သည် Hamdok အား ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ရေးပါဝင်သော နိုင်ငံရေးကြေညာချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ယင်းသဘောတူညီချက်သည်လည်း လမ်းပေါ်ရှိ ဆန္ဒပြမှုများအား ငြိမ်သက်ရန် မစွမ်းဆောင်ကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
Sudan’s transitional Sovereign Council denounces violence in mass protests
KHARTOUM, Dec. 31 (Xinhua) — Sudan’s transitional Sovereign Council on Friday denounced violence in Thursday’s mass protests, which led to the deaths of four protesters and injuries of hundreds of others.
The council ordered authorities concerned to take all legal and military measures to prevent recurrence of such incidents, and ensure that no aggressor escapes punishment, the council said in a statement.
“Four protesters were killed, while 297 others, along with 49 policemen, were injured in Omdurman,” the Sudanese police said earlier.
Omdurman is the most populated city in Sudan, situated on the western bank of the Nile river, opposite the capital Khartoum.
Police accused some of the protesters of committing sabotage and attacking police forces.
Thousands of protesters took to the streets in Khartoum and other cities on Thursday in mass protests.
Sudan has been suffering a political crisis after General Commander of the Sudanese Armed Forces Abdel Fattah Al-Burhan declared a state of emergency on Oct. 25, 2021 and dissolved the sovereign council and government.
On Nov. 11, Al-Burhan issued a constitutional decree forming a transitional Sovereign Council. On Nov. 21, he and then removed Prime Minister Abdalla Hamdok signed a political declaration, which included reinstating Hamdok as prime minister, but the deal has so far failed to calm the street. Enditem