Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ်က သံအမတ် ၆ ဦးအား တာဝန်မှရပ်စဲ

ခါတွန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan က နိုင်ငံ ၆ နိုင်ငံမှ ဆူဒန်သံအမတ်များအား တာဝန်မှ ရပ်စဲကြောင်း ဆုံးဖြတ်ချက်တစ်ရပ်ကို အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံပိုင် ဆူဒန် TV က ထုတ်လွှင့်ဖော်ပြခဲ့သည်။အဆိုပါ ထုတ်လွှင့်ဖော်ပြမှုအရ ဘရပ်ဆဲလ် ၊ ဂျီနီဗာ ၊ ဝါရှင်တန် ၊ ပဲရစ် ၊ ပေကျင်း နှင့် ဒိုဟာတို့မှ သံအမတ်များအား တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရသည်။
အောက်တိုဘာ ၂၅ ရက်တွင် ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan က နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေ ကြေညာပြီး အသွင်ကူးပြောင်းရေးအချုပ်အခြာအာဏာပိုင်ကောင်စီ နှင့် အစိုးရအဖွဲ့အား ဖျက်သိမ်းခြင်း နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများအား တာဝန်မှ ရပ်စဲခြင်းများ ပြုလုပ်ခဲ့သည်။

ဆန္ဒပြသူများသည် ခါတွန်မြို့ရှိ လမ်းပေါ်ထွက်ကာ စစ်ဦးစီးချုပ် Al-Burhan ကြေညာခဲ့သည့် အစီအမံများအား လက်မခံကြောင်း နှင့် အရပ်သားအစိုးရဖွဲ့စည်းပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဆူဒန်နိုင်ငံ၌ စက်တင်ဘာ ၂၁ ရက်က မအောင်မြင်သော အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခုကို ထုတ်ဖော်ကြေညာခဲ့ချိန်မှစ၍ စစ်တပ် နှင့် အသွင်ကူးပြောင်းရေးအစိုးရ အကြား သဘောထားကွဲပြားမှုများသည် ဆက်လက် အရှိန်မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————
(English Version)

Sudanese army chief relieves 6 ambassadors

KHARTOUM, Oct. 28 (Xinhua) — General Commander of the Sudanese Armed Forces Abdel Fattah Al-Burhan on Thursday issued a decision relieving Sudanese ambassadors to six countries, the official Sudan TV reported.

According to the report, ambassadors to Brussels, Geneva, Washington, Paris, Beijing and Doha were relieved.
On Monday, Al-Burhan declared a state of emergency across the country, dissolved the transitional Sovereign Council and the government, and relieved the state governors.
Demonstrators have taken to the street in Khartoum, rejecting the measures announced by Al-Burhan and demanding a civilian government.

Since the announcement of foiling a coup attempt on Sept. 21, the differences between the military and the transitional government have continued to escalate. Enditem
Photo – Smoke rises from a site in Khartoum, Sudan, Oct. 25, 2021. Sudanese Prime Minister Abdalla Hamdok, members of the Transitional Sovereignty Council’s civilian component and several ministers have been arrested by joint military forces, Sudan’s Ministry of Information and Communications said on Monday. (Xinhua)