Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား စစ်တပ်က ဖမ်းဆီးထားကြောင်း ဝန်ကြီးဌာန ထုတ်ပြန်

ဆူဒန်နိုင်ငံ ဝန်ကြီးချုပ် Abdalla Hamdok အား ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ်(ဆင်ဟွာ)

ခါတွန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံ ဝန်ကြီးချုပ် Abdalla Hamdok နှင့် အသွင်ကူးပြောင်းရေးအချုပ်အခြာအာဏာကောင်စီ၏ အရပ်သားကိုယ်စားပြုအဖွဲ့ဝင်များ နှင့် ဝန်ကြီးများစွာကို စစ်တပ်ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထားပြီဖြစ်ကြောင်း ဆူဒန်နိုင်ငံ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံ Shakhout ဒေသ၌ စစ်ရေးလေ့ကျင့်နေသည့် ဆူဒန်စစ်သားများအား ၂၀၁၈ ခုနှစ် အောက်တိုဘာ ၄ ရက်တွင်တွေ့ရစဉ် (ဆင်ဟွာ)

ဆူဒန်နိုင်ငံဝန်ကြီးချုပ် Abdalla Hamdok က နေအိမ်အကျယ်ချုပ်မှ ပေးပို့သည့်သတင်းစကားတွင် ဆူဒန်နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ တော်လှန်ရေးကို ခုခံကာကွယ်ရန်အတွက် လမ်းများပေါ်ထွက်ကြရန် နှင့် ငြိမ်းချမ်းရေးကို လက်ကိုင်ထားကြရန် တောင်းဆိုခဲ့ကြောင်း ဝန်ကြီးဌာန၏ ဖေ့ဘွတ်ခ်အကောင့်တွင် ရေးသားဖော်ပြထားသည်။

အင်တာနက်ဝန်ဆောင်မှုက မိုဘိုင်းလ်ဖုန်းကွန်ရက်များအား ဖြတ်တောက်ထားကြောင်း နှင့် စစ်တပ်က တံတားများကို ပိတ်ထားကြောင်းသိရသည်။ စစ်တပ်ပူးပေါင်းတပ်ဖွဲ့က Omdurman မြို့ရှိ ရေဒီယို နှင့် ရုပ်မြင်သံကြား အသံလွှင့်ဌာနများအား ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ထမ်းအများအပြားကို ထိန်းသိမ်းထားကြောင်း ဝန်ကြီးဌာနက ဆိုသည်။

စက်တင်ဘာ ၂၁ ရက်က မအောင်မြင်သော အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခုအား ထုတ်ဖော်ကြေညာခဲ့ချိန်မှစ၍ အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့အတွင်း စစ်တပ် နှင့် အရပ်သား ဝန်ထမ်းများအကြား တင်းမာမှုသည် ဆက်လက် အရှိန်မြှင့်တက်ခဲ့ကြောင်း သိရသည်။

ဆူဒန်နိုင်ငံသည် ၂၀၁၉ ခုနှစ် ဧပြီလတွင် သမ္မတဟောင်း Omar al-Bashir ကို ဖြုတ်ချပြီးနောက် စစ်တပ် နှင့် အရပ်သားများပါဝင်သည့် အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်ဖွဲ့စည်းကာ ၃၉ လကြာ အုပ်ချုပ်လာခဲ့ခြင်းဖြစ်သည်။ အသွင်ကူးပြောင်းရေးကာလသည် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ရေး ရွေးကောက်ပွဲများကျင်းပ ဖော်ဆောင်သွားရန် သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Sudanese PM, officials arrested by military forces: ministry
KHARTOUM, Oct. 25 (Xinhua) — Sudanese Prime Minister Abdalla Hamdok, members of the Transitional Sovereignty Council’s civilian component and several ministers have been arrested by joint military forces, Sudan’s Ministry of Information and Communications said on Monday.
“Sudanese Prime Minister Abdalla Hamdok, in a message from his house arrest, asks Sudanese to hold on to peace and occupy streets to defend their revolution,” the ministry said on its Facebook account.
“Internet service cut off mobile phone networks, and bridges closed by military forces,” it said. “The joint military forces storm the radio and television headquarters in Omdurman, and detain a number of employees.”
Since the announcement of foiling a coup attempt on Sept. 21, the tensions between the military and their civilian partners in the transitional government have continued to escalate.
Sudan is ruled amid a 39-month transitional period under a transitional government of military and civilian elements, which was established after the ouster of former President Omar al-Bashir in April 2019. The transitional period is set to be followed by elections to form a new government. Enditem
Photo 1 – Sudanese Prime Minister Abdalla Hamdok addresses a press conference at the Khartoum airport upon return from Washington on Dec. 8, 2019. (Xinhua/Mohamed Khidir)
Photo 2 – The Sudanese Armed Forces conduct evening ground drills in Shakhout area, north of the Sudanese capital Khartoum, Oct. 30, 2019. Units from the Sudanese army’s ground and air forces took part in the military exercises. (photo by Mohamed Khidir/Xinhua)